SarPhat Author

???
ဒေါနစီးလာတဲ့မှန်လုံကားသည်မွန်းကျပ်လွန်းတဲ့မြို့ပြကြီးကိုတဖြည်းဖြည်းနဲ့ကျောခိုင်းခဲ့သည်။
ဒေါန ရဲ့စိတ်တွေခါတိုင်းနဲ့မတူဘဲပေါ့ပါးနေသလိုခံစားရသည်ဒေါနနားကျပ်တပ်ပြီးသီချင်းနားထောင်နေမိသည်။မှန်လုံကားသည်တစ်ဖြည်းဖြည်းနဲ့မြို့ပြကြီးနဲ့ဝေးလာခဲ့ပြီးတောင်တန်းပြာရေးရေးလေးတွေကဒေါနကိုဆီးကြိုနေသဖွယ်။
ဒေါနကားခန်းစီးကိုဖွင့်လိုက်ပြီး
တဲအိမ်လေးကိုတရိပ်ရိပ်နဲကျော်ဖြတ်လာခဲ့
လာသည်ကိုကြည့်ရှု့နေမိသည်။အညာဒေသသို့ရောက်လာလို့လားဒါမှမဟုတ်အဲကွန်းကြောင့်လားမသိပေမဲ့အအေးဓါတ်ဟာဒေါနကိုအေးစေလာ၏။
ဒေါန လွယ်အိပ်ထဲကလည်စည်းကိုထုတ်ယူလိုက်ပြီးနွေးစေရန်ဒေါနလည်ပင်တစ်ဝိုက်တွင်စည်း လိုက်သည်။လည်းစည်းမှရလာတဲ့အနံ့လေးကိုဒေါန
နူးနူးညံ့ညံ့လေးရှုရှိုက်လိုက်သည်။
ထိုအနံ့လေးဟာအရမ်းကြီးမွှေးမနေသော်လည်းဒေါနထိုရနံ့ကိုသဘောကြမိသည်။ပြီးတော့လက်မှာဖွဖွလေးကိုင်ထားမိတဲ့ဘာဂျာလေးကိုဒေါန ကြည့်ပြီး။ဝမ်းနည်းနေမိသည်တရိပ်ရိပ်နဲ့ဖြတ်ကျော်လာတဲ့လမ်းကွင်းတွေကနေကတစ်ဆင့်ဒေါနရဲ့အတိတ်ဆီကိုလွှမ်းဆွတ်မိသည်။
လွန့်ခဲ့သော၁၄နှစ်အချိန်က
???
အေးချမ်းပြီးတောတောင်ရေမြေလေးတွေနဲ့သာယာနေတဲ့ကရင်ရွာလေးရွာနာမည်လေးကမယ်လှရွာလေးပေါ့။
ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံကြားမှာငြိမ့်ငြိမ့်လေးနဲ့စီးဆင်းနေတဲ့မယ်လချောင်းလေးဟာရင့်ကျက်စွာနဲ့စီးဆင်းလေသည်။
ဒေါန သိတက်စအရွယ်ကတည်းကနေဒီမယ်လဆိုတဲ့ရွာလေးကိုချစ်မြတ်နိူးခဲ့တာပေါ့။
ဒေါန ရဲ့အရပ်ထက်ပေထောင်သောင်းပေါင်းများစွာမြင့်မားတဲ့ဒီတောင်တန်းတွေကိုဒေါနငေးမောလို့မဆုံးပါ။
အဆုံးမရှိသောစပါးခင်းတွေကြားမှာအမိုးနဲ့ဖထီးတို့နဲ့ပြေးလွှားကစားရတာကိုဒေါနအရမ်းသဘောကြတယ်။
အေးချမ်းပြီးတေးတီငှက်လေးတွေရဲ့အသံလေးတွေလေတိုးဝှေ့သံတွေဟာသဘာ၀ရဲ့တေးသီချင်သဖွယ်နားထောင်လို့ကောင်းသည်။
ဒေါန သိပ်ချစ်တဲ့တောင်တန်းကြီးရယ်ဒေါနကြီးလာရင်လည်းဒီရွာလေးကိုမခွဲခွာဘူးသေရင်တောင်ဒီရွားလေးမှာဘဲခေါင်းချချင်တယ်။
ဒေါန တစ်ယောက်တောင်ခြေနားလေးမှာထိုင်ပြီးတောင်းတန်းလေးတွေကိုကြည့်ပြီးပြုံးနေမိသည်။လက်မှာလဲတောပန်းအရောင်အစုံကိုကိုင်ထားသည်။
ဒေါန ဟိုဟိုဒီဒီကြည့်နေတဲ့အချိန်မှာဘဲအမိုးရဲ့ခေါ်သံကိုကြားလိုက်ရသည်။
"ဒေါန.....သားငယ်လေးရေအမိုးဆီလာပါအုံးကွယ်..."
အသံရဲ့ကြားရာဘက်သို့ဒေါန လှမ်းကြည့်လိုက်ရာအမိုးပလိုင်းကိုကျောမှာလွယ်ထားရင်းဒေါန ရှိရာဆီသို့လာခဲ့သည်။
ဒေါန ထိုင်ရာမှထလိုက်ပြီးဘောင်းဘီမှာကပ်နေတဲ့အမိုက်တို့ကိုလက်ဖြင့်ခါလိုက်သည်။ဒေါနဆီဦးတည်ပြီးလာနေတဲ့အမိုးရဲ့ရင်ခွင်ဆီသို့ပြေးသွားပြီးအမိုးကိုဖတ်လိုက်သည်။
ကရင် အကျီ အနီလေးနဲ့ပြေးလာတဲ့သားငယ်လေးသည်အများနဲ့မတူဘဲအလွန်ချစ်ဖို့ကောင်းနေသည်။
အသားရည်ကမိမိနဲ့တူသည်မို့ဖြူဖွေးနေပြီးချစ်ဖို့ကောင်းလွန်းသည်။ပါးရဲ့ညာဘတ်တွင်လည်းပါးချိုင့်ကနေရာယူထားသည်မှာ။သားငယ်လေးရဲ့ချစ်ဖို့ကောင်းလွန်းတဲ့အမှုရာလေးသည်လူချစ်ခင်ပေါသော်လည်း။အခုလိုတစ်ယောက်ထဲနေတက်တဲ့သားအတွက်တော့....
လူတွေ ကအပိုလုပ်နေသည်ဟုမိမိကိုမကြာခဏပြောတက်သည်။
လူအများနဲ့မနေချင်ဘူးတစ်ယောက်တည်းဘဲနေချင်တယ်ဟုသားငယ်လေးကမိဘနှစ်ပါးရှေ့မှာတောင်ဖွင့်ပြောခဲ့သည်။
သားငယ်လေးကိုစိတ်ပူပေမဲ့လဲဒီလိုတစ်ယောက်တည်းနေတာပြသနာကင်းတယ်ဆိုပြီးလွှတ်ထားခဲ့သည်။
အခုလည်းကြည့်အမိုးကိုဖတ်နေလိုက်တာများဖယ်လို့တောင်မရဘူး။ဒေါ်နောနော ကသားငယ်လေးရဲ့လက်ကိုကိုင်ပြီး။
"အခုမှအမိုးကိုဖတ်နေတာတစ်နေကုန်
ပျောက်နေပြီးမှအခုမှလာမချွဲနဲ.."
"အမိုးကလည်းသားကငှက်လေးတွေလာကြည့်ရင်တောပန်းတွေလာခူးတာပါ..."
ဒေါန ကလက်မှာကိုင်ထားတဲ့ပန်းတွေကိုကိုအမိုးဆီပြရင်းပြောလိုက်သည်။
"ပန်းတွေခူးလာပြန်ပြီးလားသားငယ်ရယ်ပန်းတွေဒီလောက်များတဲ့ဟာကို..."
"အရင်ကပန်းတွေနဲ့မတူဘူးအမိုးရဲ့အခုပန်းတွေကပိုလှတာကျောက်ကြားမှာပွင့်နေတာ
အဲ့တာကြောင့်ဒေါန ခူးလာတာပေါ့"
"အေးပါကွယ်မောင်သိတက်သူကြီးရဲ့...
လာအခုတော့အိမ်ပြန်ရအောင်.."
ဒေါ်နောနောကသားငယ်လေးရဲ့ခေါင်းကိုပုတ်ပြီးပြောလိုက်သည်။
ငယ်ငယ်လေးရဲ့လက်သေးသေးလေးတွေကိုဆုပ်ကိုင်ရင်းတောလမ်းတွေကတစ်ဆင့်နွေးထွေးတဲ့အိမ်လေးဆီသို့ပြန်လာခဲ့သည်။
ဒေါန တို့အိမ်ပြန်ရောက်တော့ဖထီး
ကတောင်းယှက်နေသည်။ဒေါန ကဖထီးအနားသို့သွားပြီး...
"အဖဒေါန ပြန်ရောက်ပြီးလေထမင်းစားစို့"
"စားရတာပေါ့ဒီကအဖကသားငယ်လေးကိုစောင့်နေတာ"
ဦးစောတင်သည်လုပ်လက်စကအလုပ်နားလိုက်ပြီးသားငယ်လေးနဲ့အတူထမင်းစားဖို့နောက်ဖေးဘက်တို့အတူ၀င်သွားသည်.။
ဒေါန ကိုင်ထားတဲ့ပန်းတွေကိုမိမိရဲ့အခန်းထဲမှာရှိတဲ့စားပွဲသေးသေးလေးပေါ်တင်ထားပြီးထမင်းစားဖို့နောက်ဖေးဆီကိုပြန်လာခဲ့သည်...
ဒေါန ကလက်ဆေးရေကိုအမိုးနဲ့ဖထီးတို့အတွက်ခပ်ပေးပြီးဘေးမှာချထားလိုက်သည်။
သားငယ်လေးရဲ့အပြုမှုကိုမြင်တော့သဘောကြစွာပြုံးမိသွာသည်။
"ကဲကဲထမင်းစားဖို့အဖဘုရားရဲ့နာမတော်၌ဆုတောင်းရအောင်....."
ဖထီးကဆုတောင်းဖို့ပြောတော့ဒေါန
အလိုက်သိစွာနဲ့ငြိမ်လိုက်သည်....
"ကိုယ်တော်ရဲ့ဘုန်းတန်ခိုးကြောင့်အခုလိုစားသောက်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖဘုရားသခင်........
..........................................................
.................(အာမင်)"
အဖဆုတောင်းပြီးတော့
ဒေါန အမိုးနဲ့ဖထီးကိုပဲသီးနဲ့ကြက်ဥရောကြော်ထားတဲ့ဟင်းထည့်ပေးလိုက်ပြီးဒေါန
ကတော့မုန့်ညင်းဟင်းရည်ကိုသာထည့်သောက်လိုက်သည်.။
ဒေါနရဲ့အပြုအမှုကိုမြင်တော့ဖထီးက
"သားငယ်ထည့်စားလေဟင်းတွေအိုးထဲမှာအများကြီးကျန်ပါသေးတယ်သားငယ်..."
"ဟုတ်လားအဲ့ဆိုခဏနေမှထည့်မယ်သားကမုန့်ညင်းဖြူဟင်းရည်ကိုကြိုက်လို့ပါ..."
"အော်အော်"
သားဖြစ်သူရဲ့အပြုအမှုဟာမိဘနှစ်ပါးကိုမျက်ရည်ကျစေသည်.....
"ဒေါန တို့ကတော့ကြီးလာရင်မိဘအားကိုးရတဲ့သားဖြစ်မှာအသေချာဘဲဟေ့"..
ဘယ်အချိန်ကတည်ကရပ်ကြည့်နေတဲ့
ဆရာကျော်လင်းကထိုသို့ပြောလိုက်တော့တော့အမိုးက
"ဆရာဘယ်အချိန်ကကြည့်နေတာတုန်းလာလေအိမ်ထဲဝင်အုံးထမင်းစာရအောင်"
"ရပါပြီးဗျာဒီတိုင်လမ်းလျောက်ရင်းဒေါန
လေးရဲ့အပြုအမှုကိုလမ်းလျှောက်ရင်းတွေ့လို့ရပ်ကြည့်နေမိတာပါဗျာ"
ဆရာကျော်လင်းကအပြင်ကနေအိမ်ထဲကိုလှမ်းပြောနေသည်။
"ဒါနဲ့ဦးလေးစောတင်ဒီညရွာသူကြီးရဲ့အိမ်ကိုလာခဲ့အုံးဗျာလူကြီးပြောစရာရှိလို့တဲ့ဗျ"
"ဟုတ်လားလာခဲ့မယ်လေ"
"ဒါဆိုသွားပြီးဗျို့"
"ဟ..ထမင်းစားသွားအုံးဟ"
"တော်ပြီဗျို့ကျွန်တော်အခုမှစားလာခဲ့တာ"
ဆရာကျော်လင်းသူပြောချင်တာပြောပြီးသွားလိုက်တော့ဒေါနတို့သားအမိတွေကြည့်ပြီးပြုံးနေမိသည်။
ညရောက်တော့ဖထီးကရွာသူကြီးတို့အိမ်သွားလိုက်သည်။ဘာတွေပြောလဲမသိပေမဲ့အမိုးနဲ့ဒေါန ကအိမ်မှာနေခဲ့သည်။
ဒေါန ကအမိုးကိုနှိပ်ပေးပြီးမိမိရဲ့အခန်းငယ်လေးဆီကိုပြန်လာခဲ့သည်။
အိမ်လေးကသေးငယ်သော်လည်းဖထီးက
အခန်းနှစ်ခန်းပါအောင်ဖွဲ့ထားပေးတော့ဒေါန
တစ်ယောက်အိပ်အခန်းရခဲ့သည်။
၁၀နှစ်သာရှိသေးပေမဲ့တစ်ယောက်တည်းနေရတာကိုပိုအားကြသည်။
ဒေါန စားပွဲရှေ့မှာဖယောင်းတိုင်ထွန်းလိုက်ပြီးဒီနေ့ခူးခဲ့တဲ့တောပန်းလေးတွေကိုစာအုပ်ကြားညှပ်ထားသည်။
အရင်နေ့တွေတုန်းကညှပ်ထားတဲ့ပန်းတွေကိုဖယောင်းနဲ့ဖွဖွလေးပွတ်ပြီးစာရွက်အဖြူရောင်မဟုတ်တဲ့ မြေဝါရောင်စာရွက်တွေနဲ့လုပ်ထားတဲ့သီးသန့်ပန်းတွေစုထားတဲ့စာအုပ်လေးကြားမှာကပ်လိုက်ပြီးနေ့စွဲကိုရေးထားလိုက်တယ်စာအုပ်ထဲမှာရှိတဲ့ပန်းတွေကတော့။
ချယ်ရီပန်း၊တောင်ဇလပ်ပန်း၊ ခရေပန်း၊စံပယ်ပန်း၊ဒေါနပန်း စတဲ့ပန်းတွေတောပန်းတွေကိုဖယောင်းနဲ့ပွတ်ပြီးစာအုပ်ကြားမှာညှပ်ထားတယ်
ချယ်ရီပန်းနဲ့တောင်ဇလပ်ပန်းကိုဖထီးရှမ်းပြည်နယ်နဲ့ချင်းတောင်းသွားတုန်းကတကူးတကခူးလာပေးခဲ့တဲ့ပန်းလေးပေါ့။
ဒီစာအုပ်လေးဟာဖထီးကိုယ်တိုင်လုပ်ထားပေးတဲ့စာအုပ်ပါ။
သူများတွေလိုစာရွက်အဖြူမ၀ယ်နိုင်လို့ဖထီးကိုယ်တိုင်စာရွက်အဟောင်းတွေကိုရေတွေနဲ့ရောနယ်ပြီးသီးသန့်ပြန်လုပ်ထားတဲ့စာရွပ်ပါ။
စာရွပ်ဖြစ်သွားတော့မှိုင်းခံထားပြီးအရောင်အနည်းငယ်ထွက်လာတော့မှဘဲစာရွပ်လေးတွေကိုညှပ်ပြီးလုပ်ထားတဲမို့ဒေါန ဒီစာအုပ်ကိုအရမ်းကြိုက်တယ်။
ဈေးကြီးပေး၀ယ်စရာမလိုတဲ့စာအုပ်လေးပေါ့
ထိုစာအုပ်မှာပန်းလေးတွေကပ်ပြီးတော့စာအုပ်ကိုခေါင်းအုံးအောက်မှာထည့်ပြီးအေးချမ်းလွန်းတဲ့ညချမ်းလေးမှာဒေါနနှစ်နှစ်ချိုက်ချိုက်အိပ်ယာ၀င်ခဲ့သည်။
.............
.............
ဒေါန သေဆုံးရမယ်ဆိုလျှင်တောင်ဒီတောင်းတန်းတွေရှိတဲ့ဒီနေရာလေးမှာဘဲသေဆုံးချင်မိတယ်.....
???
ဦးစောတင်သည်လျှင်မြန်စွာနဲ့ဒေါ်နောနောဆီပြန်လာခဲ့သည်။
ကြားခဲ့ရသည့်အကြောင်းမှာထိတ်လန့်ဖွယ်စိုးရိမ်ပှုပန်မှုကြောင့်လာမသိအိမ်ထဲသို့၀င်လာခဲ့သည့်ခြေသံမှာဆူညံနေသည်။
ဒါကြောင့်ဒေါ်နောနောကယောကျာ်းဆီလက်ဘ်ခါးရည်ယူလာခဲ့ပြီး။
"ကိုစောတင်ဘာဖြစ်လာတာတုန်းအလန့်တကြားနဲ့"
ဦးစောတင်ကသက်ပျင်းချလိုက်ပြီး
"မိန်းမရေရွာမှာတော့ ဒုက္ခရောက်တော့မယ်ဟ"
"ဟင်းဘယ်လိုကိုစောတင်"
ဒေါ်နောနောကစိတ်ပူလွန်း၍အသက်တောင်မရှုူနိုင်
"နိုင်ငံရေးကမကောင်းပြန်ဘူးအခုစစ်ဖြစ်တော့မှာဘယ်အချိန်လဲမသိဘူးအခုကိုတိုကြိုပြင်ထားရအောင်လို့ရွာသူကြီးကအားလုံးကိုအသိပေးခိုင်းခဲ့တာ"
ထိုစကားကိုကြားတော့ဒေါ်နောနောစိတ်ညစ်မိသည်း
"သွားပါပြီ စစ်သာဖြစ်လို့ကတော့ကျွန်မတို့ဘယ်လိုလုပ်ရမလဲ..."
အခန်းရဲ့အနောက်ကနေနားထောင်နေတဲ့ဒေါနသည်။
"ဘယ်လိုလုပ်မလဲငါတို့ရဲ့ရွာကိုမထားခဲ့နိုင်ဘူးငါ့ရွာကိုငါအရမ်ချစ်တယ်ဘယ်လိုလုပ်မလဲ". ..
ထိုအချိန်မှစပြီးရွာမှာအရင်ကလိုပျော်ရွှင်မှုမရှိတော့အားလုံးသတိနဲ့နေနေရသည်။
လူတိုင်းရဲ့မျက်နှာတိုင်းတွင်းစိုးရိမ်ပူပန်မှုတာတွေ့မြင်ရသည်။
ဒေါန လဲအရင်လိုတောင်တန်းတွေသွားကြည့်လို့မရတော့ဘူးဘယ်အချိန်စစ်ဖြစ်မလဲမသိတဲ့အခြေအခြေအနေကြီးမှာမိသားစုတွေတစ်စုတည်းနေနေရသည်။
ဖထီးတို့လဲညဆိုကင်းစောင့်ရသည်...
တကယ်လဲထိုအချိန်ကိုရောက်လာခဲ့၏
လူတိုင်းအိပ်မောကြနေတဲ့အချိန်မှာ.....
"ဒိုင်း..ဒိုင်း..ဒိုင်း.."
ဆိုတဲ့သေနတ်သံကြီးဟာတိတ်ဆိတ်မှုအမှောင်ကိုဖြိုခွင်းလိုက်သည်။
ထိုအချိန်မှာတစ်ရွာလုံးဟာလှုပ်လှုပ်ရွရွဖြစ်ကုန်ပြီးအထုပ်ကိုယ်စီနဲ့ရွာသူကြီးအိမ်ရှေ့မှာသွားရောက်ပြီးစုစည်းကြတယ်အဲ့ထဲမှာဒေါနတို့မိသားစုအပါပေါ့
အဲ့ချိန်မှာရွာသူကြီးကအားလုံးရှေ့မှာ
"ကဲရွားသူရွာသားတို့အားလုံးဘဲဗျာကျွန်တော်တို့ရွာကိုဘယ်အချိန်စစ်ဝင်ခဲ့မလဲမသိတဲ့အတွက်ကျွန်တော်တို့တွေအားလုံးချောင်းဟိုဘက်ကမ်းကျော်မယ်အဲ့တာမှကျွန်တော်တို့လွှတ်မှာဗျဒါကြောင့်အဖိုးအဖွားတွေကိုကူနိုင်တဲ့သူကကူညီကြပါကဲ့အခုဒီရွာကထွက်ခွာကြမယ်"
ကျောင်းဆရာကရှေ့ကနေ့ဦးဆောင်ပြီးထွက်ထွက်ခွာတယ်ရွာသူရွာသားတွေရဲ့ငိုသံတွေဟာမခံစားရက်နိုင်အောင်ဘဲနာကျင်ခံစားလွန်သည်
အားလုံးရွာကနေတရွှေ့ရွှေ့နဲ့ဆုတ်ခွာလာခဲ့သည်ဖထီးကတော့ရွာမှာကျန်ခဲ့တဲ့သူတွေကိုသွားပြီးကူညီနေသည်...
အမိုးကတော့စိတ်ပူနေသည်
ဒေါနတို့တစ်ဖြည်းဖြည်းနဲ့ချောင်းနားရောက်ခါနီးမှာဘဲရွာဘက်မှာမိုင်းကွဲသံအကြီးကြီးကိုကြားတော့တစ်ရွာလုံထိန့်လန့်သွားတယ်အခုချိန်ထိလူတွေသွားခေါ်တဲ့သူပြန်မလာသေးတော့
အားလုံးဟာငိုကြွေးကုန်တယ်...
အမိုးလဲမြေပြင်ပေါ်၌လဲကျသွားသည်...
"ကိုစောတင်....ရှင်ဘာဖြစ်လိုပြန်မလာသေးတာလဲဟင်ကိုစောတင်ဘာလို့လဲကျွန်မတို့သားအမိတွေတော့ရင်ကွဲပါပြီတော်..အဟင့်..ဟင့်...ဟီး..ဟီး"
အမိုးကဒေါန ကိုရင်ခွင်ထဲတွင်ဖတ်ထားပြီးငိုလေတော့..
ဒေါန မခံစားနိုင်ဘူးထိုငိုသံတွေကိုဒေါနမကြားချင်ဘူး......
လက်မှာလည်းဖထီးပေးထားတဲ့စာအုပ်ကိုရင်၀ယ်ပိုက်ထားသည်။
???
နေထွက်တဲ့အချိန်မှာတော့ဒေါနတို့ချောင်းဆီသို့ရောက်လာခဲ့သည်။
ပုံမှန်ဆိုရင်ခဏလေးရောက်တယ်အခုအများနဲ့တစ်စုတစ်စည်းသွားရတဲ့အတွက်အချိန်နောက်နှေးနေသည်။
အမိုးရဲ့လက်လေးတွေဟာဒေါနကိုကိုင်ထားတဲ့လက်ဟာပြေလျော့သွားပြီးမြေကြီးပေါ်သို့လဲကျသွားသည်။
ဒေါန လန့်ပြီး...
"အမိုး..ဘာဖြစ်တာလဲအမိုးရေထပါအုံးအမိုးအမိုးရေ"
ဒေါန ကလက်ကစာအုပ်ကိုလွှတ်ချလိုက်ပြီးအမိုးရဲ့ပါးကိုကိုင်ပြီးလှုပ်နိူသော်လည်းအမိုးထမလာတော့ဒေါန ငိုနေမိသည်။
ဘယ်လိုလဲဒေါန ကိုအခုလိုမျိုးတွေ့ကြုံစေရတာလဲ
ထိုအချိန်မှာထိုင်းတစ်ဖက်ကမ်းမှာစောင့်နေတဲ့ထိုင်းပရဟိတအဖွဲ့တွေကချောင်းကိုလှေနဲ့ကူးခက်လာပြီအမိုးကိုယာယီဆေးကုတဲဆီကိုအလျှင်အမြန်ခေါ်ဆောင်သွားတယ်
☄☄☄☄☄☄☄☄☄☄☄
!!!!ဘယ်လိုအမေ့ဆီကရင်သွေးရှိနေတယ်..
ပြီးတော့သွေးအရမ်းလိုနေတယ်အချိန်မှိသွေးမသွင်းနိုင်ဘူးဆိုရင်အမိုးဆုံးသွားနိုင်တယ်အခုသွေးမပြောနဲ့ဒီတောမှာဘယ်လိုရှာရမှာလဲ
ဒေါန ကအလျှင်အမြန်နဲ့အမိုးရှိရာတဲ့သို့သွားလိုက်တော့အမိုးဟာအောက်ဆီဂျင်သွင်းထားရတယ်....
ဒေါန ကအမိုးရဲလက်လေးကိုကိုင်ပြီး
"အမိုးကျန်းမာရမယ်နော်အမိုးကျန်းမာရင်ဗိုက်ထဲက ကလေးလေးကိုမြူနှင်းစောင့်ရှောက်လို့ရမှာနော်"
အမိုးကမျက်ရည်ကျလျက်ကြည့်ပြီး...
"သားငယ်လေးရဲ့အဖရှိရအမိုး အတူပြောမယ်လို့စဉ်း..စဉ်း...."
အမိုးဟာအသက်ကိုတောင်လုပြီးစကားပြောနေတာကိုမြင်တော့ဒေါန မျက်ရည်မကျအောင်ထိန်းမိသည်။အမိုးအသက်ရှင်အောင်ဆုတောင်းနေမိသည်။
သို့သော်လည်းအမိုးရဲ့တင်းကျပ်နေသောလက်လေးတွေဟာဒေါန ရဲ့လက်လေးတွေမှတစ်ဆင့်ပြေလျော့သွားခဲ့သည်........??
???
အမိုးဆုံးပြီးတဲ့လောကကြီးထဲမှာဒေါန တစ်ယောက်တည်း ဘဲကျန်တော့သည်ဒေါန
ရဲ့မျက်ရည်ဟာမြေမို့မို့လေးရှိတဲ့မြေဇာပုံလေးပေါ်သို့ တစ်ဖြည်းဖြည်းနဲ့ကျလာသည်။
အမို့ရဲ့ ကိုယ်ခန္ဓာကိုယ်ထားရှိတဲ့ထိုမြေဇာဘေးမှာထိုင်နေမိတာအတော်ကြာနေသည်ဒေါန ဖထီးရဲ့ဆွယ်တာ အကျီကိုအမိုးရဲ့မြေဇာပေါ်မှာတင်ပေးလိုက်သည်။
အခုတော့ကောင်းကင်မှာဖထီးနဲ့အမိုးဟာဒေါန ကိုကြည့်နေလောက်ရောပေါ့ဒေါနပိုပြီး၀မ်းနည်းသွားသည်။
ဒေါနဟာအရမ်းငိုလွန်းလို့ခေါင်းဟာမိုက်ကနဲဖြစ်ပြီးမြေကြီးပေါ်၌လဲကျခါနီးမှာနူးညံ့သောထွေးပွေ့မှူကိုဒေါန ခံစားလိုက်ရတယ်။
............
...........
လောကကြီးမှာဒေါန ကိုဘဲထားခဲ့တော့မယ်လို့ထင်နေမိတာတကယ်တော့ဒေါနအတွက်လက်ဆောင်ပြန်ပို့ပေးခဲ့တာဘဲ။
❕❕❕❕
အခုချိန်ထိsemeမပါသေးလို့ခွင့်လွှတ်ပါနော်....
အခုကဒေါန ရဲ့နောက်ကြောင်းဘဲရှိသေးတာမို့နောက်အပိုင်းဆက်မျော်ပေးပါနော်...
Keep Reading