Author's Profile Photo

Thar Htoo-Be Unique

26/04/2024

အယုံလွယ်ခြင်းနဲ့ပတ်သက်သမျှ

2 mins read
Personal Development
Education
General Knowledge
အယုံလွယ်ခြင်းနဲ့ပတ်သက်သမျှ's photo

ယုံကြည်မှုကို အလွှဲသုံးစားထပ်ခါတလဲလဲ လုပ်ခံကြရသူတွေကတော့အယုံလွယ် သူတွေလို့ ဆိုနိုင်ပါတယ်။ဒီလိုပြောလို့ အယုံလွယ်သူတွေက ညံ့တာလားအ,တာလား၊ နှုံတာလား ဆိုပြီးမေးစရာဖြစ်နိုင်ပါတယ်။

တကယ်တော့ လူတွေမမြင်နိုင်တဲ့ နောက်ကွယ်မှာသူတို့ (အယုံလွယ်သူ) အနေနဲ့ လူတွေကို ကိုယ်ချင်းစာမိတာ၊အခက်အခဲရောက်နေလို့ စာနာမိတာ၊ကူညီပေးလိုက်တာ၊ သနားကြင်နာမှုကြောင့်ဖြစ်တာ၊

အတွင်းအပြင် ဒီစိတ်ထားနဲ့ပဲ ကျင့်ကြံတာ၊အရပ်အမြင်နဲ့ကတော့ မိမိတို့ဟာ ဦးနှောက်မရှိသူတွေလို့ထင်ကြမယ်၊ အကြောင်းက သေချာမစဥ်းစားလိုက်ဘူးလား၊လူတိုင်းကို တွေ့တရ ယုံလိုက်မိတာလား၊ ဥာဏ်မရှိဘူးလားဆိုပြီးသမုတ်ကြပါလိမ့်မယ်။ ဒါကလည်း ရှု့ထောင့်အရဆိုနိုင်တယ်။ဖြစ်နေတဲ့ ဖြစ်ရပ်အတွက်သာ မှန်သလိုတော့ရှိမယ်။

ဒီထက်နက်တဲ့နောက်ကွယ်မှာ လူတွေရဲ့ တန်ဖိုး၊ ယုံကြည်မှု၊ကိုယ်ရေကိုယ်သွေး၊ ဗီဇ၊ ပျိုးထောင်ခံရမှု၊ လောကကိုရှုမြင်မှု၊စတဲ့မတူတဲ့အရာတွေနဲ့ ချည်နှောင်ထားတယ်။ အထူးသဖြင့်အယုံလွယ်သူတွေက များသောအားဖြင့် ရိုးသားတယ်၊ ဖြူစင်တယ်၊ ကောက်ကျစ်စဥ်းလဲ မှုမရှိဘူး။ အနံ့ခံလိုက်တာနဲ့ တစ်ခါတစ်လေသိတာမျိုး။ဒီလိုသိတဲ့အခါ တစ်ချို့က အခွင့်ကောင်းယူလိုက်တယ်။

တဖက် အရပ်အမြင် ဥာဏ်ကြီးရှင်တွေ၊ ဖျံကျသူတွေ၊ အုပ်မဲ့သူတွေ၊ ချမဲ့သူတွေကတော့ သူတို့ရဲ့ မလှုံမလှဲ ဖြစ်နေတာတွေကို ဖုံးဖိပြီး လူတွေကို အချိုသတ်၊ မျက်နှာဖုံးတွေတပ်ဆင်ပြီး အချိန်ကာလတစ်ခုရောက်သွားတဲ့အခါမှာ အနံ့အသက်တွေထွက်လာကြတယ်။ ဒါက ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသလိုမျိုးဖြစ်နေတတ်ပါတယ်။ အစစ်အမှန်က အချိန်ကာလတစ်ခုရောက်ရင်ပေါ်ပါတယ်။ ခံစားရတယ်။

ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခံရတဲ့အခြေအနေတွေက ငွေကြေး၊ ချစ်ခြင်းမေတ္တာ၊ အကူအညီ၊ ခင်မင်ရင်းနှီးမှု၊ အပြင်အခြားအခြေအနေတွေအများကြီးရှိတယ်။ ဒါတွေကြောင့်လည်း အယုံလွယ်သူတွေကနေ လူတွေကို ယုံဖို့ခက်သွားကြတဲ့အခြေအနေတွေရှိတယ်။ trust issue -လူတိုင်းကိုလွယ်လွယ်နဲ့ မယုံရဲတော့ဘူး။ အချိန်တစ်ခုကြာလာမှ ယုံသွားတာမျိုးရှိတယ်။ တဖက်မှာလည်း ခင်မင်ရင်းနှီးသူ (သို့) မိသားစု၀င်တွေကနေလည်း ယုံကြည်မှု ချိုးဖောက်တာတွေ ရှိတယ်။ ဒီလိုနဲ့ တဘ၀တာ မခေါ်နိုင်မပြောနိုင်ဖြစ်သွားကြတယ်။ အခြေအနေအရပ်ရပ်မှာရှိကြတယ်။

ယုံကြည်မှုအလွဲသုံးစားဖြစ်သွားတဲ့အခါ တရားရှုထောင့်ကကြည့်ရင် ဘယ်သူ နိုင်လဲ ရှုံးလဲ က အလိုအလျှောက်အဖြေရှိနေတယ်။ဒါကလည်း လောကရဲ့သင်ခန်းစာပဲ၊ တရားမစောင့်နိုင်တဲ့သူတွေကတော့လောကပါလ တရား တွေနဲ့သွေဖြည်လိုက်ကြတယ်။သူတို့အကျင့်သူတို့ကျင့်နေတာတော့ မဆန်းဘူး။ အချိန်တန်ရင် တန်ပြန် အကျိုးပေးကြတာပါပဲ။ မိမိအနေနဲ့က စောင့်ကြည့်နေလိုက်ရုံပဲ။

သဘောတရားတစ်ခုရှိတယ်။ အဲ့ဒါက မိမိမှာရှိနေတဲ့ အရာတွေကိုပဲ ဘေးကလူတွေကိုပေးနိုင်တယ်တဲ့။

သာဓကလေးနဲ့ကြည့်ရရင် စံပယ်ပန်းက အနံ့အသက်ဆိုးတွေမထုတ်လွတ်နိုင်သလို အမှိုက်ပုံကလည်း အနံ့မွေးတာကို မထုတ်လွတ်ပေးနိုင်ဘူး။ စံပယ်ပန်းရဲ့ဂုဏ်သတ္တိက စံပယ်ရနံ့ကိုပဲ ထုတ်ပေးနိုင်မှာဖြစ်တယ်။ဒါကိုလည်း ချိတ်ဆက်လိုက်ရင် မိမိဘေးကလူတွေကို မိမိမှာရှိတာနဲ့သာ လွှမ်းခြုံနိုင်ကြတယ်။

လူတိုင်းစင်းလုံးချော ကောင်းနေကြဖို့မလွယ်တာက နားလည်လို့ရတယ်။ကောက်ကျစ်စဥ်းလဲ ပြီး တဖက်သားကို ဒုက္ခရောက်အောင်လုပ်ဖို့အထိမိမိတို့မှာ လူသားဆန်မှုစိတ်ဓာတ်တွေ မခေါင်းပါးနေသင့်ဘူးပေါ့။
(လုပ်မဲ့သူကတော့လုပ်နိုင်တယ်)။

ဒါကြောင့် အချုပ်မှာတော့ အယုံလွယ်သူတွေအနေနဲ့ ပိုပြီးဆင်ခြင်ဖို့တိုက်တွန်းချင်ပါတယ်။

ကောင်းတာတွေအတွက် ပိတ်ဆို့ခိုင်းနေတာမဟုတ်။သတိနဲ့ယှဥ်ပြီးမြင်အောင်သာ ဆိုတာပါ။ လူတိုင်းမိမိတို့ ဖြူစင်သလိုမဖြူစင်နိုင်ဘူး၊ လူတွေမှာ သူတို့ရဲ့ ဗီဇ၊ စရိုက်ပါလာပြီးသားဖြစ်တယ်။ မိမိရဲ့ ကူညီမှု၊ ဖေးမမှု၊ စေတနာရှိမှု တွေက အပြင်ကို လွယ်လင့်တကူ လွတ်ထုတ်ပေးလိုက်တာထက်အမှန်တကယ် လိုအပ်သူ၊ လေးစားသူ၊ တန်ဖိုးထားတဲ့ သူရဲ့လက်ထဲကိုရောက်ဖို့ အရေးကြီးပါတယ်။ နှစ်ဖက်စလုံး win-win အကျိုးရှိတာမျိုးဖြစ်ဖို့လိုတယ်။ မိမိကရေသန့်တွေကို မသန့်တဲ့အိုးထဲမှာလောင်း ထည့်နေသရွေ့ ထိုအိုးထဲကရေတွေကမသန့်သွားဘူး။ ဒီတော့ ထည့်မဲ့ထည့်စရာကလည်း သန့်နေမှ ရေသန့်ကိုရမယ်။

ဒါကြောင့်လူတိုင်းကို လူစဥ်ကြည့်ပြီး ပေါင်းသင်းပါ။မိမိရဲ့စေတနာ၊ အကူအညီတွေကို ထိုက်တန်သူတွေကိုပဲပေးပါ။ စေတနာကို နားမလည်သူတွေလက်ထဲပေးနေတာတွေကနေ ရုန်းထွက်ပါ။ မိမိကိုယ်တိုင်လည်း ရိုးသားဖြောင့်မတ်စွာနေပါ။

Thar Htoo-Be Unique
https://t.me/tharhtoobeuniquecommunity

Keep Reading

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အချိန်ဆွဲတာကိုကုစားမယ်