Default Profile Photo

SarPhat User

24/04/2024

အသုံးအနှုန်းအလွဲ

1 min read
Book Review
Education
General Knowledge
အသုံးအနှုန်းအလွဲ's photo

“ ပဲ “ ရဲ့ အဓိပ္ပာယ်က ရည်ညွှန်းတဲ့ ပုဒ်ကို လေးနက်စေတဲ့ စကားလုံးဖြစ်ပြီး “ ပင် “ နဲ့ အတူတူပါပဲ။

“ ပင် “ ကို အရေးစကားပြေမှာသုံးပြီး
“ ပဲ “ ကို အပြောစကားပြေမှာ သုံးပါတယ်။

သေချာရှင်းလင်းစေဖို့ မယ်ရေးက ဥပမာလေးနဲ့ ပြောပြပေးပါ့မယ်နော်။

✍? အရေးစကားပြေ (ပင်) - ထိုသူသည် လူတစ်ယောက်ပင်။
? အပြောစကားပြေ (ပဲ) - အဲဒါကတော့ လူတစ်ယောက်ပါပဲ။

“ ပဲ “ နဲ့ “ ပင် “ က အမှန် စင်စစ် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ လေးနက်အောင် သုံးတဲ့ စကားလုံး ဖြစ်ပါတယ်။

“ ဘဲ “ ကတော့ ရှောင်ကြဉ်၊ တားမြစ်၊ ငြင်းပယ် ဆိုတဲ့ သဘောပါ။

ဥပမာ- မသိဘဲ၊ မစားဘဲ၊ မလာဘဲ။

အဲဒီနေရာမှာ တစ်ခုရှိတာက မ ပါတိုင်း “ ဘဲ “ မသုံးရဘူး ဆိုတာကို သတိထားရပါမယ်။

ဥပမာ
-အဲဒီနေ့က မီးမှမလာပဲ။
-မင်းပြောသလို ဟုတ်မှမဟုတ်ပဲ။
-မိုးရွာမှမရွာပဲ။

အခု မယ်ရေး ပြောသွားတဲ့ ဥပမာအားလုံးမှာ “ မ “ ပါပါတယ်။ ဒါပေမဲ့ “ မီးလာမှမလာပဲ “ ဆိုတဲ့နေရာမှာ စင်စစ် ဖြစ်တယ် လို့ ပြောချင်တာ ဖြစ်တဲ့အတွက် “ ပဲ “ သုံးရပါမယ်။

ဖယ်ကြဉ်တဲ့အဓိပ္ပာယ် မဟုတ်တဲ့အတွက် “ ဘဲ “ လို့ သုံးရင် မှားပါတယ်နော်။

အခု မယ်ရေး ပြောပြခဲ့တဲ့ အချက်လေးတွေနဲ့ ဥပမာလေးတွေကိုကြည့်ပြီး #ပဲနဲ့ဘဲ အသုံးကို သေချာ သိရှိသွားလောက်ပြီလို့ ထင်ပါတယ်။

“ ပဲနဲ့ဘဲ “ စကားလုံးလေး အပြင် စာပေမိတ်ဆွေတို့ နောက်ထပ် သိချင်တဲ့ အသုံးအနှုန်းလေးတွေ၊ မကွဲပြားတဲ့ သတ်ပုံလေးတွေ ရှိရင် မန့်ခဲ့ပေးပါအုံးရှင်။

စာပေမိတ်ဆွေတို့ ဗဟုသုတရစေဖို့ မယ်ရေးတို့ ကြိုးစားတင်ဆက်ပေးသွားပါ့မယ်။ ?

(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)

မယ်ရေးတို့ ဝေမျှ​နေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။
?Telegram channel
https://t.me/yaymaltraining
?Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5
?Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q

#ပဲနဲ့ဘဲ
#ရေးမယ်ထရိန်နင်
#အသုံးအနှုန်းအလွဲ

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။Haruki Murakami ဘာကြောင့်ဆုမရသေးတာလဲတောရိုင်းမြေErnest Hemingway ဘဝဟာသများမိတ်ဆွေမှရန်သူဖြစ်သွားခြင်းအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်သုံးနှစ်သုံးမိုး