Author's Profile Photo

Thar Htoo-Be Unique

22/04/2024

ပေးဆပ်ရတာနဲ့ တန်ရဲ့လား?

1 min read
Personal Development
Education
General Knowledge

တစ်ချို့အခြေအနေတွေမှာ
လွဲခဲ့တာတွေက,
မရခဲ့တာတွေက,
ချန်ထားခံရတာတွေက,
ပိတ်ဆို့ခံရလိုက်တာတွေက,
မတန်ဘူးလို့ ထင်ရပေမဲ့ တန်ခဲ့တယ်။
အကြောင်းက အဆိုးကနေ
အကောင်းတွေဖြစ်လာနိုင်တဲ့
လမ်းရှိလို့ပဲ။

ထို့အတူပဲ၊
မိမိတို့ဘ၀မှာ ရှုံးခဲ့တာတွေ၊
အလိမ်ခံရတာတွေ၊
အနိုင်ကျင့်ခံရတာတွေ၊
လူပေါင်းမှားခံရတာတွေက
တကယ်တော့ နဖူးတွေ့ဒူးတွေ့
သင်ခန်းစာတွေသာဖြစ်တယ်။

ဆိုတော့ ဘာမှ
ပြန်တုံ့ပြန်စရာမလိုတော့ဘူးလား?
ဒီလိုလည်းမဟုတ်ပြန်ဘူး။
ခံစားချက်တွေ ရင်းရတယ်၊
နာကျင်မှုတွေကို ၀တ်ဆင်ရတယ်၊
စိတ်ညစ်မှုတွေ ကိုချယ်သရတယ်၊
မပျော်ပိုက်မှုတွေကို ဆင်မြန်းရတယ်၊

ဒီတော့မှာဘဲ ဘ၀ဆိုတဲ့အရာကို
အရသာစုံခံစားသက်၀င်သွားလိုက်ရတယ်။
အပေးအယူ သဘာ၀က
မှန်သင့်သလောက်မှန်နေတုန်းပါပဲ။

@followers
B'UNIQ-Coaching

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်