Author's Profile Photo

SarPhat Author

17/04/2024

Procrastination ( အချိန်ဆွဲခြင်း )

1 min read
Personal Development
18 Again
Procrastination ( အချိန်ဆွဲခြင်း )'s photo

အချိန်ဆွဲခြင်း ဆိုတာ ဘာလဲ။

အချိန်ဆွဲခြင်းဆိုတာ မလိုအပ်ဘဲနဲ့ လုပ်ဆောင်စရာတွေ၊ ဆုံးဖြတ်စရာတွေကို ရွှေ့ဆိုင်းတဲ့ လုပ်ရပ် တစ်ရပ် ြဖစ်တယ်။
ဉပမာ- ကျွန်မတို့မှာ လုံလုံလောက်လောက် အ‌ချိန်ရှိနေပေမဲ့ အလုပ်တစ်ခုစတင်ဖို့ နောက်ဆုံး မိနစ်ထိရောက်အောင် စောင့်ဆိုင်းပြီး နှောင်းနှေးခြင်းကို ဆိုလိုတယ်။


ဘာကြောင့်လူတွေ အချိန်ဆွဲြကြတာလဲ။

လူတွေဟာ အလုပ်က အရမ်းလွှမ်းမိုးနေတယ်ဆိုတဲ့ စိတ်ခံစားချက်‌ေကြာင့် ၊ motivation ကင်းမဲ့တာကြောင့် ၊ အရှုံးကို ကြောက်ရွံ့မှုကြောင့် စတဲ့ အမျိုးမျိုးသော အကြောင်းပြချက်တွေကြောင့် အချိန်ဆွဲလေ့ရှိကြတယ်။


အချိန်ဆွဲခြင်းရဲ့ ဆိုးကျိုး

အချိန်ဆွဲတာရဲ့ ဆိုးကျိုးတွေကတော့

1. စိတ်ဖိစီးမှုတွေ တိုးလာမယ်။

2. ကိုယ့်ရဲ့ ထုတ်လုပ်နိုင်စွမ်းတွေ ကျဆင်းလာမယ်။

3. Deadline တွေနဲ့ လွဲချော်လာမယ်။

4. ကိုယ့်အရည်အသွေး နိမ့်ကျလာမယ်။

5. ကိုယ့်ရဲ့ တိုးတက်မှုအတွက် အခွင့်အလမ်းတွေနဲ့ လွဲချော်လာမယ်။

ဒါတွေအပြင် အချိန်ဆွဲလိုက်တဲ့ အတွက်ကြောင့်မို့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားရခြင်း၊ ပူပင်သောကများခြင်း နဲ့ မကျေနပ်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။


အချိန်ဆွဲတာကို ဘယ်လို ရပ်တန့်ရမလဲ။

အချိန်ဆွဲတာကို ရပ်တန့်ဖို့အတွက်

1. အလုပ်တွေကို အသေးငယ်ဆုံး အဆင့်တွေထိ ဖြတ်တောက်ရမယ်။

2. တိကျတဲ့ သတ်မှတ်ရက်တွေ ထားရှိသတ်မှတ်ရမယ်။

3. စနစ်ကျတဲ့ အချိန်ဇယားတစ်ခု ရေးဆွဲရမယ်။

4. ကိုယ်လေ့လာဖို့ ကိုယ်အလုပ်လုပ်ဖို့ နေရာကောင်းတစ်ခုကို ရွေးချယ်ရမယ်။

5. အနှောင့်အယှက်တွေကို ဖယ်ရှားရမယ်။

ဒါ့အပြင် ကျွန်မတို့ လုပ်ဆောင်လိုက်တဲ့ အလုပ်တစ်ခု ပြီးမြောက်အောင်မြင်သွားလို့ ရလာတဲ့ အကျိူးကျေးဇူးအပေါ် focus ထားခြင်းကလည်း အချိန်ဆွဲခြင်းကို ရပ်တန့်စေနိုင်ပါတယ်။

အချိန်ဆွဲတာဟာ လူတစ်ယောက်အဖို့ တကယ် မကောင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်။ ဒီလုပ်ရပ်ကို ကိုယ်က လုပ်မိနေပြီဆိုရင် အခု ပြောပြပေးသွားတဲ့ နည်းလမ်းလေးတွေနဲ့ ရပ်တန့်ပစ်ဖို့ အကောင်းဆုံး ကြိုးစားကြည့်လိုက်ပါ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်