Author's Profile Photo

အက္ခရာ - Haruki

17/04/2024

မိမိကိုယ်ကို ပြုပြင်ခြင်း (၁၁)

4 mins read
Life Style
Personal Development
18 Again
မိမိကိုယ်ကို ပြုပြင်ခြင်း (၁၁)'s photo

အပိုင်း ၁၁ ဖြစ်ပါတယ်ခင်ဗျာ။ ဒီဆောင်းပါးလေးတွေဟာ စာဖတ်သူလေးကို ပြုပြင်ပြောင်းလဲဖို့ အင်မတန်အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ အပိုင်း ၁၁ ဆောင်းပါးလေးကို စလိုက်ကြပါစို့....။

၁။ စိတ်ချမ်းသာမယ်ဆိုရင် ရပါတယ်

* ကိုယ်တွေးမယ့်အတွေးတစ်ခုဟာတစ်ဖက်သားကို စိတ်ဆင်းရဲစေတယ်ဆိုရင် မတွေးပါနဲ့။

* ကိုယ်ပြောမယ့်အပြောတစ်ခုဟာ တစ်ဖက်သားကို စိတ်ဆင်းရဲစေတယ်ဆိုရင် မပြောပါနဲ့။

* ကိုယ်လုပ်မယ့်အလုပ်တစ်ခုဟာ တစ်ဖက်သားကို စိတ်ဆင်းရဲစေတယ်ဆိုရင် မလုပ်ပါနဲ့။

* ကိုယ်တွေးမယ့်အတွေးတစ်ခုဟာ တစ်ဖက်သားကို စိတ်ချမ်းသာစေတယ်ဆိုရင် တွေးလို့ရပါတယ်။

* ကိုယ်ပြောမယ့်အပြောတစ်ခုဟာ တစ်ဖက်သားကို စိတ်ချမ်းသာစေတယ်ဆိုရင် ပြောလို့ရပါတယ်။

* ကိုယ်လုပ်မယ့်အလုပ်တစ်ခုဟာ တစ်ဖက်သားကို စိတ်ချမ်းသာစေတယ်ဆိုရင် လုပ်လို့ရပါတယ်။

၂။ ကိုယ့်ဘဝကောင်းစားဖို့ ဘာတွေလိုမလဲ

* ကိုယ့်ဘဝ အဆင်ပြေ ကောင်းစားဖို့ ကိုယ်တိုင် ကြိုးစားဖို့လိုပါတယ်။

* ကိုယ့်ဘဝ အဆင်ပြေ ကောင်းစားဖို့ ကိုယ်တိုင် လိမ္မာဖို့လိုပါတယ်။

* ကိုယ့်ဘဝ အဆင်ပြေ ကောင်းစားဖို့ ကိုယ်တိုင် ပါးပါးနပ်နပ်ရှိဖို့လိုပါတယ်။

* ကိုယ့်ဘဝ အဆင်ပြေ ကောင်းစားဖို့ ကိုယ်တိုင် အကျင့်စာရိတ္တကောင်းနေဖို့လိုပါတယ်။

* ကိုယ့်ဘဝ အဆင်ပြေ ကောင်းစားဖို့ ကိုယ်တိုင် အပေါင်းအသင်းမမှားဖို့လိုပါတယ်။

* ကိုယ့်ဘဝ အဆင်ပြေကောင်းစားဖို့ ကိုယ်တိုင် စိတ်အလိုကို မလိုက်ဖို့လိုပါတယ်။

* ကိုယ့်ဘဝ အဆင်ပြေ ကောင်းစားဖို့ ကိုယ်တိုင် အသိဉာဏ် အမြော်အမြင်ရှိဖို့လိုပါတယ်။

* ကိုယ့်ဘဝ အဆင်ပြေ ကောင်းစားဖို့ ကိုယ်တိုင် လမ်းမှန်လျှောက်ဖို့လိုပါတယ်။

* ကိုယ့်ဘဝ အဆင်ပြေကောင်းစားဖို့ ကိုယ်တိုင် စိတ်နေစိတ်ထား ကောင်းမွန်ဖို့လိုအပ်ပါတယ်။

၃။ ကိုယ့်ရဲ့အဆင့်အတန်းကို မြှင့်တင်ပါ

* လူ့ဘဝဆိုတာ ကိုယ့်ရဲ့အဆင့်အတန်းကို မိမိကိုယ်တိုင်မြှင့်တင်ရတာပါ။

* တခြားဘယ်သူကမှ မြှင့်တင်ပေးလို့မရပါဘူး။ တခြားတစ်ယောက်က မြှင့်တင်ပေးလို့ရရင်တောင် တခဏတာပဲဖြစ်ပါလိမ့်မယ်။

* အဓိက မိမိကိုယ်တိုင်မြှင့်တင်မှ ကိုယ့်ဘဝဟာ တာရှည်ခိုင်ခန့် မြင့်မားပါမယ်။

* ဘာတွေကို မြှင့်တင်ရမလဲဆိုတော့ ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကို ရိုးသားစွာ မြှင့်တင်ရပါမယ်။

* ကိုယ့်ရဲ့ စိတ်နေစိတ်ထားတွေကို သဘောတရားကြီးစွာ မြှင့်တင်ရပါမယ်။

* ကိုယ့်ရဲ့ ပြောဆိုဆက်ဆံမှုတွေကို အဆင့်အတန်းရှိစွာ မြှင့်တင်ရပါမယ်။

* ကိုယ့်ရဲ့ လုပ်ရပ်တွေကို စနစ်တကျသေသပ်စွာ မြှင့်တင်ရပါမယ်။

* ကိုယ့်ရဲ့ အဆင့်အတန်းတွေကို မမြှင့်တင်ဖြစ်သေးသမျှ ကိုယ့်ဘဝရဲ့ အဆင့်အတန်းဟာ နဂိုမူလအတိုင်းပဲ ရှိနေတတ်ပါတယ်။

* ကိုယ့်ရဲ့ အဆင့်အတန်းတွေကို မြှင့်တင်လိုက်ရင် ကိုယ့်ဘဝဟာ စိတ်ဓာတ် လုပ်ရပ် ပြောဆိုဆက်ဆံရေးနှင့် နေထိုင်မှုပုံစံတွေပါ အဆင့်အတန်းရှိစွာ မြင့်တက်လာမှာ သေချာပါတယ်။

၄။ ပြောပြသူကိုကျေးဇူးတင်ပါ

* အလုပ်လုပ်တဲ့အခါ လိုအပ်ချက်တွေဆိုတာ ရှိလာတတ်ပါတယ်။

* လိုအပ်ချက်ရှိလို့ ပြောပြတဲ့သူဆိုတာကတော့ အင်မတန်ရှားပါတယ်။

* တချို့က လိုအပ်ချက်ကို သိပေမဲ့ မသိဟန်ဆောင်ထားတတ်ပါတယ်။

* တချို့က လိုအပ်ချက်ကို သိပေမဲ့ ပြောပြဖို့ ခက်ခဲနေတတ်ပါတယ်။

* တချို့က လိုအပ်ချက်ကို သိပေမဲ့ ပြောပြဖို့ အချိန်မတန်သေးလို့ စောင့်ကြည့်နေ တတ်ပါတယ်။

* တချို့က လိုအပ်ချက်ကို သိပေမဲ့ ပုဂ္ဂိုလ်အခြေအနေကို ကြည့်တတ်ကြပါတယ်။

* တချို့က လိုအပ်ချက်ကို သိတဲ့အခါ စိတ်ရင်းစေတနာမှန်မှန်နဲ့ နားဝင်စွာ ပြောပြတတ်ကြပါတယ်။

* လိုအပ်ချက်ရှိလို့ ပြောပြသူကို စိတ်မဆိုးရပါဘူး။ စိတ်မဆိုးပါနဲ့။

* ကိုယ့်လိုအပ်ချက်တွေ ပြုပြင်ခွင့်ရတဲ့အတွက် လိုအပ်ချက်ရှိလို့ ပြောပြသူကို ရင်ထဲမှာ လေးနက်စွာ ကျေးဇူးတင်ပါ။

၅။ ကတိစကားလေး တည်ပေးပါ

* လူကြီးလုပ်တဲ့သူတွေဟာ လူငယ်တွေကို ပေးထားတဲ့ ကတိစကား တည်ပေးဖို့ လိုအပ်ပါတယ်။

* လူငယ်တွေဟာ လူကြီးတွေဆီက ပေးထားတဲ့ ကတိစကားကို အမြဲတမ်း စောင့်မျှော်နေတတ်ကြပါတယ်။

* လူကြီးတွေဆီက ကတိစကားရရှိရင် လူငယ်တွေဟာ စိတ်ထဲမှာ ပျော်ရွှင်လေ့ရှိကြပြီး မရရှိရင်စိတ်ပျက်လေ့ ရှိတတ်ကြပါတယ်။

* လူငယ်တွေဟာ ကတိစကားတည်ပေးတဲ့ လူကြီးတွေကိုပဲ ယုံကြည်လေ့ရှိတတ်ကြပါတယ်။ ကတိစကားမတည်ရင် ယုံကြည်မှုမရှိတတ်ကြပါဘူး။

* လူငယ်တွေဟာ ကတိစကားတည်ပေးတဲ့ လူကြီးတွေကိုပဲ ချစ်ခင်လေးစားလေ့ ရှိတတ်ကြပါတယ်။ ကတိစကားမတည်ရင် ချစ်ခင်လေးစားမှုမရှိတတ်ကြပါဘူး။

* လူငယ်တွေဟာ ကတိစကားတည်ပေးတဲ့ လူကြီးတွေကိုပဲ တန်ဖိုးထား မြတ်နိုးလေ့ ရှိကြတတ်ပါတယ်။ ကတိစကားမတည်ရင် တန်ဖိုးထား မြတ်နိုးလေ့မရှိတတ်ကြပါဘူး။

* လူငယ်တွေစိတ်ထဲမှာ ဝမ်းသာပျော်ရွှင်ကာ ယုံကြည် ချစ်ခင်လေးစား တန်ဖိုးထားမြတ်နိုးအောင် လူကြီးတွေက ကတိစကားတွေပေးထားမိရင် ပေးထားတဲ့ ကတိစကားလေး တည်ပေးကြပါ။

၆။ အောင်မြင်မှုကို လိုချင်ရင် ဘာလုပ်ရမလဲ

* လူတိုင်း ပညာရေး၊ စီးပွားရေး၊ လူမှုရေးအစရှိတဲ့ မိမိတို့ စိတ်အားထက်သန်တဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုကို လိုချင်ကြပါတယ်။ မလိုချင်တဲ့သူကတော့ မရှိနိုင်ပါဘူး။

* အောင်မြင်မှုကို လိုချင်တဲ့သူတွေဟာ မပြုပြင် မပြောင်းလဲလို့မရပါဘူး။ အောင်မြင်မှုကို လိုချင်တဲ့သူတွေဟာ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။

* အောင်မြင်မှုကို လိုချင်တဲ့သူတွေဟာ ပြုပြင် ပြောင်းလဲရမှာကို ကြောက်နေလို့ မရပါဘူး။ အောင်မြင်မှုကို လိုချင်တဲ့သူတွေဟာ သတ္တိရှိရှိလိုလိုလားလား ပြုပြင်ပြောင်းလဲရမှာဖြစ်ပါတယ်။

* အောင်မြင်မှုကို လိုချင်တဲ့သူတွေဟာ ဟန်ဆောင်ပြုပြင် ပြောင်းလဲလို့မရပါဘူး။ အောင်မြင်မှုကို လိုချင်တဲ့သူတွေဟာ တကယ်လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲ ရမှာဖြစ်ပါတယ်။

* အောင်မြင်မှုကို လိုချင်တဲ့သူတွေဟာ အဝေးမှာရှိတဲ့အရာ တစ်ခုခုကို ပြုပြင်ပြောင်းလဲရမှာ မဟုတ်ပါဘူး။

* အောင်မြင်မှုကို လိုချင်တဲ့သူတွေဟာ မိမိကိုယ်အတွင်းမှာရှိတဲ့ ကိုယ် နှုတ် စိတ်တွေကိုပဲ ပြုပြင်ပြောင်းလဲရမှာဖြစ်ပါတယ်။

၇။ ထိပ်တန်းရောက်ဖို့ ဘယ်လိုလုပ်ရမလဲ

* အလုပ်လုပ်တဲ့အခါ စိတ်ဝင်တစားနဲ့ လုပ်ပေးပါ။ တစ်နေ့ ထိပ်တန်းရောက်ပါလိမ့်မယ်။

* အလုပ်လုပ်တဲ့အခါ စေတနာသန့်သန့်နဲ့ လုပ်ပေးပါ။ တစ်နေ့ ထိပ်တန်းရောက်ပါလိမ့်မယ်။

* အလုပ်လုပ်တဲ့အခါ ရိုးရိုးသားသားနဲ့ လုပ်ပေးပါ။ တစ်နေ့ ထိပ်တန်းရောက်ပါလိမ့်မယ်။

* အလုပ်လုပ်တဲ့အခါ နည်းစနစ်ကောင်းကောင်းနဲ့ လုပ်ပေးပါ။ တစ်နေ့ ထိပ်တန်းရောက်ပါလိမ့်မယ်။

* အလုပ်လုပ်တဲ့အခါ ပေးဆပ်မှုနဲ့ လုပ်ပေးပါ။ တစ်နေ့ ထိပ်တန်းရောက်ပါလိမ့်မယ်။

* အလုပ်လုပ်တဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ပေးပါ။ တစ်နေ့ ထိပ်တန်းရောက်ပါလိမ့်မယ်။

* အလုပ်လုပ်တဲ့အခါ နှလုံးသားကောင်းကောင်းနဲ့ လုပ်ပေးပါ။ တစ်နေ့ ထိပ်တန်းရောက်ပါလိမ့်မယ်။

၈။ နောက်ကျနေမယ်ဆိုရင်

* လူတိုင်းက ကိုယ့်ဘဝကို ရှေ့ကိုရောက်ဖို့ မနေမနား အများကြီးကြိုးစားနေကြပါတယ်။

* ဒီအချိန်မှာ ကိုယ့်ရဲ့အတွေးအမြင်တွေက ခေတ်နောက်ကျနေမယ်ဆိုရင် ကိုယ့်ရဲ့ အပြောအဆိုဆက်ဆံရေးတွေ နောက်ကျနေမယ်ဆိုရင်;ကိုယ့်ရဲ့အလုပ်အကိုင်တွေက နေ့ရွေ့ညရွေ့နောက်ကျနေမယ်ဆိုရင် ကိုယ့်ဘဝက ရှေ့ကိုရောက်ဖို့ ခက်ခဲပါလိမ့်မယ်။

* ကိုယ့်ရဲ့ အတွေးအမြင်တွေက ခေတ်နဲ့အညီ ရှေ့ကိုရောက်နေမှ၊ ကိုယ့်ရဲ့ အပြောအဆို ဆက်ဆံရေးတွေက သွက်လက်ကာရှေ့ကိုရောက်နေမှ၊ ကိုယ့်ရဲ့ အလုပ်အကိုင်တွေက နေ့ရက်တိုင်းရှေ့ကိုရောက်နေမှ ကိုယ့်ဘဝက ရှေ့ကိုရောက်နိုင်ပါတယ်။

* နောက်ကျနေရင် အရာရာမှာ စိတ်ညစ်ရမှာ သေချာပါတယ်။ နောက်ကျနေရင် အရာရာမှာ အောက်ကျရမှာသေချာပါတယ်။

၉။ ဘဝတစ်သက်တာ မှတ်ထားပါ

* သူများအထင်ကြီးခံရဖို့ မလုပ်သင့်တာကို မလုပ်မိပါစေနဲ့။

* မလုပ်သင့်တာကိုလုပ်မိရင်ကိုယ်ပဲ အထင်သေးခံရတတ်ပါတယ်။

* မလုပ်သင့်တာကိုလုပ်မိရင် ကိုယ့်ဘဝ ပျက်စီးရတတ်ပါတယ်။

* သူများလေးစားခံရဖို့ မရှိတာကို အရှိလုပ်မပြောပါနဲ့။ မရှိတာကို အရှိလုပ်ပြောရင် ကိုယ်ပဲ အရှက်တကွဲဖြစ်ရတတ်ပါတယ်။

* မရှိတာကို အရှိလုပ်ပြောရင် ကိုယ့်ဘဝ လိပ်ပြာမလုံဖြစ်ရတတ်ပါတယ်။

* သူများယုံကြည်ခံရဖို့ ဟန်မဆောင်သင့်တာကို ဟန်မဆောင်ပါနဲ့။ ဟန်မဆောင်သင့်တာကို ဟန်ဆောင်မိရင်ကိုယ်ပဲ စိတ်ဆင်းရဲရပါတယ်။

* ဟန်မဆောင်သင့်တာကို ဟန်ဆောင်မိရင် ကိုယ့်ဘဝ အကျိုးယုတ်ရတတ်ပါတယ်။

၁၀။ စရိုက်ဝါသနာမတူရင် ဘယ်လိုနေထိုင်ရမလဲ

* လူဆိုတာ အချင်းချင်းအမှီသဟဲပြုကာ နေထိုင်ကြရတာပါ။ စရိုက်ဝါသနာ တူတဲ့သူတွေရှိသလို မတူတဲ့သူတွေလည်းရှိပါတယ်။

* စရိုက်ဝါ သနာတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အချင်းချင်း နားလည်မှု ညီညွတ်မှု ချစ်ခင်မှုရှိနေဖို့သာ လိုပါတယ်။

* စရိုက်ဝါသနာ တူသည်ဖြစ်စေ မတူသည်ဖြစ်စေ အချင်းချင်း အငြင်းအခုံမရှိဘဲ နားလည်မှုရှိရင်လလောကကောင်းကျိုး ဆောင်ရွက်နိုင်ပါတယ်။

* စရိုက်ဝါသနာ တူသည်ဖြစ်စေ မတူသည်ဖြစ်စေအချင်းချင်း စည်းလုံး ညီညွတ်မှုရှိရင် လောကကောင်းကျိုး ဆောင်ရွက်နိုင်ပါတယ်။

* စရိုက်ဝါသနာ တူသည်ဖြစ်စေ မတူသည်ဖြစ်စေအချင်းချင်း ပြေပြေပြစ်ပြစ် ချစ်ချင်ခင်ခင်ရှိရင်လောကကောင်းကျိုး ဆောင်ရွက်နိုင်ပါတယ်။

မိမိကိုယ်ကိုတန်ဖိုးရှိစွာ ပြုပြင်ပြောင်းလဲနိုင်ပါစေခင်ဗျာ။

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၁)

https://sarphat.com/posts?id=2684

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၂)

https://sarphat.com/posts?id=2753

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၃)

https://sarphat.com/posts?id=2840

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၄)

https://sarphat.com/posts?id=2902

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၅)

https://sarphat.com/posts?id=2939

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၆)

https://www.sarphat.com/articles/2985

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၇)

https://www.sarphat.com/articles/3011

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၈)

https://sarphat.com/posts?id=3064

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၉)

https://sarphat.com/posts?id=3128

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၁၀)

https://sarphat.com/posts?id=3176

ᏂᏗᏒᏬᏦᎥ ( April 17, 2024 . 9:30 PM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)