Author's Profile Photo

အက္ခရာ - Haruki

12/04/2024

မိမိကိုယ်ကို ပြုပြင်ခြင်း (၆)

4 mins read
Life Style
Personal Development
18 Again
မိမိကိုယ်ကို ပြုပြင်ခြင်း (၆)'s photo

အပိုင်း ၆ ဖြစ်ပါတယ်ခင်ဗျာ။ ဒီဆောင်းပါးလေးတွေဟာ စာဖတ်သူလေးကို ပြုပြင်ပြောင်းလဲဖို့ အင်မတန်အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ အပိုင်း ၆ ဆောင်းပါးလေးကို စလိုက်ကြပါစို့....။

၁။ သာမန် မတွေး မပြော မလုပ်ပါနဲ့

* ကိုယ့်အတွေးတွေကို သာမန် တစ်ခါမှမတွေးပါနဲ့။ သာမန်တွေးရင် သာမန်ဖြစ်သွားပါမယ်။ အဆင့် အတန်း မြင့်မြင့်တွေးမှ အဆင့်အတန်း မြင့်မြင့်ဖြစ်ပါမယ်။

* ကိုယ့်အပြောတွေကို သာမန် တစ်ခါမှမပြောပါနဲ့။
သာမန်ပြောရင် သာမန်ဖြစ်သွားပါမယ်။ အဆင့် အတန်း မြင့်မြင့်ပြောမှ အဆင့်အတန်း မြင့်မြင့်ဖြစ်ပါမယ်။

* ကိုယ့်အလုပ်တွေကို သာမန် တစ်ခါမှမလုပ်ပါနဲ့။ သာမန်လုပ်ရင် သာမန်ဖြစ်သွားပါမယ်။ အဆင့် အတန်း မြင့်မြင့်လုပ်မှ အဆင့်အတန်း မြင့်မြင့်ဖြစ်ပါမယ်။

၂။ အသိပညာနဲ့တွေး၊ ပြော၊ လုပ်ပါ

* လောကမှာရှိတဲ့ လူတချို့ဟာ ကိုယ်ထင်ရာကို တွေးတတ် ပြောတတ်၊ လုပ်ကိုင်တတ်ကြပါတယ်။

* ကိုယ်ထင်ရာကို ကိုယ်က တွေးခွင့်၊ ပြောခွင့်၊ လုပ်ခွင့်ရှိပေမယ့် တွေးသင့် မတွေးသင့်၊ ပြောသင့် မပြောသင့်၊ လုပ်သင့် မလုပ်သင့်ကိုတော့ သေချာစဉ်းစားဖို့လိုအပ်ပါတယ်။

* ကိုယ်ထင်ရာကို ကိုယ်ကတွေးမယ်၊ ပြောမယ်၊ လုပ်မယ်ဆိုရင် ဘဝမှာ အမှားကြီးမှားကာ ဆုတ်ယုတ် ပျက်စီးတတ်ပါတယ်။

* မမှားရအောင် ကိုယ်က ထင်တဲ့အတိုင်း မတွေးလိုက်ပါနဲ့။ ဆင်ခြင်တတ်တဲ့ အသိပညာလေးနဲ့ တွေးပါ။

* ကိုယ်က ထင်တဲ့အတိုင်း မပြောလိုက်ပါနဲ့။ ဆင်ခြင်တတ်တဲ့ အသိပညာလေးနဲ့ ပြောပါ ။

* ကိုယ်က ထင်တဲ့အတိုင်း မလုပ်လိုက်ပါနဲ့။
ဆင်ခြင်တတ်တဲ့ အသိပညာလေးနဲ့ လုပ်ပါ။

* အသိပညာနဲ့ တွေးတတ်၊ ပြောတတ်၊ လုပ်တတ်မှ ဘဝဆိုတာ အမှားနည်းကာ တိုးတက်အောင်မြင်တတ်ပါတယ်။

၃။ မိမိကိုယ်ကို အားပေးရင်း ဖြေရှင်းပါ

* ဘဝမှာ တစ်ခါတလေ ကြုံတွေ့ရတဲ့အခက်အခဲတွေကို မကြောက်ပါနဲ့။ မိမိကိုယ်ကို အားပေးရင်း ဖြေရှင်းပါ။

* ဘဝမှာ တစ်ခါတလေ ကြုံတွေ့ရတဲ့ ပြဿနာတွေကို မကြောက်ပါနဲ့။ မိမိကိုယ်ကို အားပေးရင်း ဖြေရှင်းပါ။

* ဘဝမှာ တစ်ခါတလေ ကြုံတွေ့ရတဲ့ ကဲ့ရဲ့ပြောဆို ဝေဖန်တာတွေကို မကြောက်ပါနဲ့ မိမိကိုယ်ကို အားပေးရင်း ဖြေရှင်းပါ။

* ဘဝမှာ တစ်ခါတလေ ကြုံတွေ့ရတဲ့ အတား အဆီးတွေကို မကြောက်ပါနဲ့။ မိမိကိုယ်ကို အားပေးရင်း ဖြေရှင်းပါ။

* ဘဝမှာ တစ်ခါတလေ ကြုံတွေ့ရတဲ့ အနှောင့် အယှက်တွေကို မကြောက်ပါနဲ့။ မိမိကိုယ်ကို အားပေးရင်း ဖြေရှင်းပါ ။

* ဘဝမှာ တစ်ခါတလေ ကြုံတွေ့ရတဲ့ အတိုက် အခိုက်တွေကို မကြောက်ပါနဲ့။ မိမိကိုယ်ကို အား ပေးရင်း ဖြေရှင်းပါ။

* ဘဝမှာ တစ်ခါတလေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို မကြောက်ပါနဲ့။ မိမိကိုယ်ကို အားပေးရင်း ဖြေရှင်းပါ။

* ဘဝမှာ တစ်ခါတလေ ကြုံတွေ့ရတဲ့ စိုးရိမ်မှုတွေကို မကြောက်ပါနဲ့။ မိမိကိုယ်ကို အားပေးရင်း ဖြေရှင်းပါ။

* ဘဝမှာ တစ်ခါတလေ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေကို မကြောက်ပါနဲ့။ မိမိကိုယ်ကို အားပေးရင်း ဖြေရှင်းပါ။

၄။ သူတို့တွေနဲ့နေရင် စိတ်ချမ်းသာရပါမယ်

* ကျေးဇူးတရား သိတတ်သူနဲ့နေရတာ စိတ်ချမ်းသာရပါတယ်။

* ရိုးသားမှုရှိသူနဲ့နေရတာ စိတ်ချမ်းသာရပါတယ်။

* အများအတွက် သိသူနဲ့နေရတာ စိတ်ချမ်းသာရပါတယ်။

* လောဘ ဒေါသ မောဟ အတ္တ မာန မကြီးတဲ့သူနဲ့နေရတာ စိတ်ချမ်းသာရပါတယ်။

* ကိုယ်ကျင့်တရားကောင်းသူနဲ့နေရတာ စိတ်ချမ်းသာရပါတယ်။

* တာဝန်ကျေပွန်သူနဲ့နေရတာ စိတ်ချမ်းသာရပါတယ်။

* အကောင်းမြင်တတ်တဲ့ စိတ်ရှိသူနဲ့နေရတာ စိတ်ချမ်းသာရပါတယ်။

* အကျင့်စာရိတ္တကောင်းမွန်တဲ့သူနဲ့နေရတာ စိတ်ချမ်းသာရပါတယ်။

* ကိုယ်ချင်းစာစိတ်ရှိတဲ့သူနဲ့နေရတာ စိတ်ချမ်းသာရပါတယ်။

* ကတိသစ္စာတရားတွေ တည်ငြိမ်မှုရှိတဲ့သူနဲ့နေရတာ စိတ်ချမ်းသာရပါတယ်။

* သဘောတရား ပြည့်ဝသူနဲ့နေရတာ စိတ်ချမ်းသာရပါတယ်။

၅။ ပြောသင့်သူလား မပြောသင့်သူလား

* စကားတွေဆိုတာ အစွမ်းထက်တာမို့ ကိုယ်နဲ့သိတယ် ရင်းနှီးခင်မင်တယ်ဆိုပြီး ပြောပြလို့ မဖြစ်ပါဘူး။

* သေသေချာချာစဉ်းစားပြီး ပြောသင့်သူလား မပြောသင့်သူလား ခွဲခြားဖို့လိုအပ်ပါတယ်။

* တချို့စကားတွေကို ပြောသင့်သူကို ပြောဖို့လိုအပ်သလို မပြောသင့်သူကို မပြောပြတာလည်း ကောင်းပါတယ်။

* မပြောသင့်သူကို ပြောမိရင် ဒုက္ခရောက်ရတတ်ပါတယ်။

* မပြောသင့်သူကို ပြောမိရင် စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။

* မပြောသင့်သူကို ပြောမိရင် စိတ်ဆင်းရဲမှုတွေရတတ်ပါတယ်။

* မပြောသင့်သူကို ပြောမိရင် အဖျက်သဘောတွေ တွေ့ရတတ်ပါတယ်။

* တချို့စကားတွေကို ပြောသင့်သူကိုတော့ ပြောဖို့လိုအပ်ပါတယ်။

* ပြောသင့်သူကို ပြောလိုက်တော့ ကောင်းကျိုးချမ်းသာရရှိတတ်ပါ တယ်။

* ပြောသင့်သူကို ပြောဖို့မေ့နေရင်တော့ အလေးမထားရာရောက်တတ်ပါတယ်။

* ပြောသင့်သူကို ပြောထားမှ စိတ်ခွန်အားဖြစ်စေတတ်ပါတယ်။

* ပြောသင့်သူကို ပြောထားမှ စိတ်ချမ်းသာမှုတွေရတတ်ပါတယ်။

* ပြောသင့်သူကို ပြောထားမှ ရှောင်ရမယ့်အရာ ဆောင်ရမယ့်အရာကို သိရှိရတတ်ပါတယ်။

၆။ အများက လေးစားအောင် အလုပ်လုပ်ပါ

* လူတွေဟာ အနည်းဆုံး အလုပ်တစ်ခုခုကို လုပ်တတ်လေ့ရှိကြပါတယ်။ အဲဒီအခါ အများက လေးစားမှုရှိအောင် အလုပ်ကို လုပ်တတ်ဖို့လိုအပ်ပါတယ်။

* အလုပ်ကို အလုပ်နဲ့တူအောင်လုပ်မှ အများက လေးစားမှုရှိပါမယ်။

* အလုပ်ကို တိတိကျကျ မှန်မှန်ကန်ကန်လုပ်မှ အများက လေးစားမှုရှိပါမယ်။

* အလုပ်ကို စနစ်တကျ သေသေသပ်သပ်လုပ်မှ
အများက လေးစားမှုရှိပါမယ်။

* အလုပ်ကို ဉာဏ်နဲ့ ကြိုးကြိုးစားစားလုပ်မှ အများက လေးစားမှုရှိပါမယ်။

* အလုပ်ကို စေတနာထားကာ အကောင်းဆုံးဖြစ် အောင်လုပ်မှ အများက လေးစားမှုရှိပါမယ်။

* အလုပ်ကို စိတ်ဝင်တစားလုပ်မှ အများက လေးစားမှုရှိပါမယ်။

* အလုပ်ကို တာဝန်ရှိ တာဝန်သိစိတ်နဲ့လုပ်မှ အများက လေးစားမှုရှိပါမယ်။

၇။ အလုပ်လုပ်တဲ့အခါ သတိထားပါ

* အလုပ်လုပ်တဲ့အခါ သတိထားစရာလေးတွေရှိပါတယ်။ ကိုယ်ကသတိမထားမိရင် မလိုလားအပ်တဲ့အမှားတွေ ဖြစ်တတ်ပါတယ်။

* အထူးသဖြင့် ဘာတွေသတိထားရမှာလဲဆိုတော့ အလုပ်လုပ်တဲ့အခါ သူများနေရာ ဝင်မရှုပ်မိပါစေနဲ့။ ဝင်ရှုပ်မိရင် ဒုက္ခရောက်တတ်ပါတယ်။

* အလုပ်လုပ်တဲ့အခါ သူများနေရာ ဘောင်မကျော်မိပါစေနဲ့။ ဘောင်ကျော်မိရင် အခက်ကြုံတတ်ပါတယ်။

* အလုပ်လုပ်တဲ့အခါ သူများနေရာ မထိခိုက်ပါစေနဲ့။ ထိခိုက်မိရင် တိုက်ခိုက်ခံရတတ်ပါတယ်။

* အလုပ်လုပ်တဲ့အခါ သူများနေရာ မလုပ်မိပါစေနဲ့။ လုပ်မိရင် ပြဿနာဖြစ်တတ်ပါတယ်။

* အလုပ်လုပ်တဲ့အခါ သူများနေရာ လုမယူမိပါစေနဲ့။ လုယူမိရင် ဝဋ်လည်တတ်ပါတယ်။

၈။ အားနည်းချက်ရှိနေရင် ဘယ်လိုလုပ်မလဲ

* လူတိုင်းမှာ အားသာချက်တွေရှိသလို အားနည်း ချက်တွေလည်းရှိတတ်ပါတယ်။

* ကိုယ့်ရဲ့ အားသာချက်တစ်ခုတည်းကိုပဲ ကိုယ်က သိနေလို့မရသေးပါဘူး။ ကိုယ့်ရဲ့အားနည်းချက်ကိုလည်း ကိုယ်က သိမြင်ဖို့လိုအပ်ပါတယ်။

* ကိုယ်ရဲ့အားနည်းချက်ကို သိမြင်ပြီးရင် ကိုယ်က ကြိုးစားပြုပြင်ဖို့လိုအပ်ပါတယ်။

* ကိုယ့်ရဲ့အားနည်းချက်ကို ပြုပြင်ပြီးရင် ကိုယ်က စနစ်တကျပြင်ဆင်တတ်ဖို့ လိုအပ်ပါတယ်။

* ကိုယ့်ရဲ့အားနည်းချက်ကို စနစ်တကျပြင်ဆင်ပြီးရင် ကိုယ်က လက်တွေ့ လေ့ကျင့်ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။

* ကိုယ့်ရဲ့အားနည်းချက်ကို လက်တွေ့လေ့ကျင့်ဖြည့်ဆည်းပြီးရင် ကိုယ်က အားသာချက် ဖြစ်လာအောင် ထပ်တလဲလဲ ကြိုးစားဖို့သာလိုပါတော့တယ်။

၉။ အများရှေ့ကို ရောက်ဖို့ ဘာတွေလိုအပ်မလဲ

* လူတိုင်းအများရှေ့ကိုရောက်ဖို့ ယုံကြည်ချက်နဲ့ ကြိုးစားနေကြပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ အများရှေ့ကိုရောက်မလာနိုင်ကြပါဘူး။

* ကိုယ့်ဘဝ အများရှေ့ကိုရောက်ဖို့ ပြင်ဆင်မှုရှိဖို့လိုပါတယ်။

* ကိုယ့်ဘဝ အများရှေ့ကိုရောက်ဖို့ အလုပ်လုပ်တတ်ဖို့လိုပါတယ်။

* ကိုယ့်ဘဝ အများရှေ့ကိုရောက်ဖို့ ပြောဆိုဆက်ဆံတတ်ဖို့လိုပါတယ်။

* ကိုယ့်ဘဝ အများရှေ့ကိုရောက်ဖို့ နေထိုင်တတ်ဖို့လိုပါတယ်။

* ကိုယ့်ဘဝ အများရှေ့ကိုရောက်ဖို့ သဘောတရားပြည့်ဝဖို့လိုပါတယ်။

* ကိုယ့်ဘဝ အများရှေ့ကိုရောက်ဖို့ စိတ်ရှည် သည်းခံတတ်ဖို့လိုပါတယ်။

* ကိုယ့်ဘဝ အများရှေ့ကိုရောက်ဖို့ ပညာတတ်ဖို့လိုပါတယ်။

* ကိုယ့်ဘဝ အများရှေ့ကိုရောက်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိဖို့လိုပါတယ်။

* ကိုယ့်ဘဝ အများရှေ့ကိုရောက်ဖို့ အကျင့်သီလကောင်းဖို့လိုပါတယ်။

* ကိုယ့်ဘဝ အများရှေ့ကိုရောက်ဖို့ အများအကျိုးဆောင်ရွက်ဖို့လိုပါတယ်။

* ကိုယ့်ဘဝ အများရှေ့ကိုရောက်ဖို့ သတ္တိရှိဖို့လိုပါတယ်။

* ကိုယ့်ဘဝအများရှေ့ကိုရောက်ဖို့ ပတ်ဝန်းကျင်ကောင်းရှိဖို့လိုပါတယ်။

* ကိုယ့်ဘဝ အများရှေ့ကိုရောက်ဖို့ စိတ်ကူးကောင်းဖို့လိုပါတယ်။

၁၀။ အဓိက လျှောက်လှမ်းနေဖို့ပါပဲ

* ကိုယ်ရောက်ချင်တဲ့နေရာကို မြန်မြန်လျှောက်လှမ်းရင် မြန်မြန်ရောက်ပါမယ်။

* နှေးနှေးလျှောက်လှမ်းရင် နှေးနှေးရောက်ပါမယ်။

* ပုံမှန်လျှောက်လှမ်းရင် ပုံမှန်အနေအထားရောက်ပါမယ်။

* မလျှောက်လှမ်းဘဲတော့မနေပါနဲ့။ လိုချင် ရောက်ချင်တဲ့နေရာကို မလျှောက်လှမ်းရင် ဘယ်တော့မှ မရောက်တော့ပါဘူး။

* တဖြည်းဖြည်း တရွေ့ရွေ့လျှောက်လှမ်းနေရင်တောင် လိုချင်တဲ့နေရာကို တစ်နေ့ရောက်မှာ သေချာပါတယ်။ အဓိက လျှောက်လှမ်းနေဖို့ပါပဲ။

မိမိကိုယ်ကိုတန်ဖိုးရှိစွာ ပြုပြင်ပြောင်းလဲနိုင်ပါစေခင်ဗျာ။

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၁)

https://sarphat.com/posts?id=2684

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၂)

https://sarphat.com/posts?id=2753

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၃)

https://sarphat.com/posts?id=2840

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၄)

https://sarphat.com/posts?id=2902

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၅)

https://sarphat.com/posts?id=2939

ᏂᏗᏒᏬᏦᎥ ( April 12, 2024 . 8:50 PM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)