အက္ခရာ - Haruki
အပိုင်း ၇ ဖြစ်ပါတယ်ခင်ဗျာ။ ဒီဆောင်းပါးလေးတွေဟာ စာဖတ်သူလေးကို ပြုပြင်ပြောင်းလဲဖို့ အင်မတန်အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ အပိုင်း ၇ ဆောင်းပါးလေးကို စလိုက်ကြပါစို့....။
၁။ မမြဲတတ်တာကို အမြဲလို့ မထင်မိပါစေနဲ့
* ဘဝဆိုတာ အမြဲတမ်း တစ်နေရာတည်းမှာ တည်မြဲနေတဲ့ အရာမျိုး မဟုတ်ပါဘူး။
* အမြဲတမ်း အကောင်းချည်းပဲ ဖြစ်မနေသလို အမြဲတမ်း အဆိုးချည်းပဲလည်း မဖြစ်ပါဘူး။
* အမြဲတမ်း အဆင့်မြင့်နေမှာ မဟုတ်သလို အမြဲတမ်း အဆင့်နိမ့်နေမှာလည်း မဟုတ်ပါဘူး။
* အမြဲတမ်း အောင်မြင်နေမှာ မဟုတ်သလို အမြဲတမ်း ကျရှုံးနေမှာလည်း မဟုတ်ပါဘူး။
* အမြဲတမ်းအဆင်ပြေမှာ မဟုတ်သလို အမြဲတမ်း အခက်တွေ့မှာလည်း မဟုတ်ပါဘူး။
* အမြဲတမ်း ချမ်းသာနေမှာ မဟုတ်သလို အမြဲတမ်း ဆင်းရဲနေမှာလည်း မဟုတ်ပါဘူး။
* အမြဲတမ်း အားသာချက်ရှိနေမှာ မဟုတ်သလို အမြဲတမ်း အားနည်းချက်ရှိနေမှာလည်း မဟုတ်ပါဘူး။
* ဘဝဆိုတာ အတက် အကျ၊ အနိမ့် အမြင့် ရှိတတ်တဲ့သဘောမို့ မမြဲတတ်တဲ့ သဘောကို အမြဲလို့ မထင်မိပါစေနဲ့။
၂။ ဘယ်လိုတွေးမလဲ
* အတွေးဆိုတာ ကောင်းတဲ့အတွေးရှိသလို မကောင်းတဲ့အတွေးလည်းရှိပါတယ်။
* ကိုယ်တွေးမိတဲ့အတွေးက ကောင်းတဲ့အတွေးဆိုရင် ကိုယ်ပဲအစဆုံး စိတ်အေးချမ်းကာ ပျော်ရွှင်ရပါတယ်။ ကိုယ်တွေးမိတဲ့အတွေးက မကောင်းတဲ့အတွေးဆိုရင် ကိုယ်ပဲအစဆုံး စိတ်ဆင်းရဲကာ ပူလောင်ရပါတယ်။
* အကောင်းဘက်ကိုမတွေးသမျှ ပျော်ရွှင်မှုက ကိုယ်နဲ့ဝေးပါမယ်။ အကောင်းဘက်ကိုတွေးမှ ပျော်ရွှင်မှုက ကိုယ်နဲ့အတူရှိပါမယ်။
* အကောင်းတွေးတော့ ပျော်ရပါတယ်။ မကောင်းတွေးတော့ ပူရပါတယ်။ သင် ဘယ်လိုတွေးမလဲ။
၃။ ဆွေးနွေးတိုင်ပင်ကာ အဖြေရှာပါ
* တစ်ဦးနဲ့တစ်ဦး ဆွေးနွေးတိုင်ပင်တယ်ဆိုတာ သူ့အမြင် ကိုယ့်အမြင်တွေကို ရှင်းရှင်းလင်းလင်း ပြောခွင့်ရ သိခွင့်ရတဲ့အတွက် တကယ်ကောင်းတဲ့အလုပ်ပါ။
* များများဆွေးနွေးတိုင်ပင်လေ များများအကျိုးရှိလေပါပဲ။ ဒါပေမယ့် တစ်ခါတလေ ဆွေးနွေးတိုင်ပင်လို့မရတဲ့ အခြေနေတွေလည်း ရှိတတ်ပါတယ်။
* အတွေးအခေါ်ချင်း မတူညီတဲ့အခါ ဆွေးနွေးတိုင်ပင်လို့မရပါဘူး။
* အမြင်ချင်း မတူညီတဲ့အခါ ဆွေးနွေးတိုင်ပင်လို့မရပါဘူး။
* ဦးနှောက်ချင်း မတူညီတဲ့အခါ ဆွေးနွေးတိုင်ပင်လို့မရပါဘူး။
* အဆင့်အတန်းချင်း မတူညီတဲ့အခါ ဆွေးနွေးတိုင်ပင်လို့ မရပါဘူး။
* စိတ်သဘောထားချင်း မတူညီတဲ့အခါ ဆွေးနွေးတိုင်ပင်လို့ မရပါဘူး။
* ခံစားချက် မတူညီတဲ့အခါ ဆွေးနွေးတိုင်ပင်လို့ မရပါဘူး။
* ခံယူချက် မတူညီတဲ့အခါ ဆွေးနွေးတိုင်ပင်လို့ မရပါဘူး။
* ဘဝဖြတ်သန်းပုံချင်း မတူညီတဲ့အခါ ဆွေးနွေးတိုင်ပင်လို့ မရပါဘူး။
* ဆွေးနွေးတိုင်ပင်လို့မရသမျှ ကောင်းကျိုးမဖြစ်ထွန်းနိုင်ပါဘူး၊ ဆွေးနွေးတိုင်ပင်ကာ အဖြေရှာမှ ကောင်းကျိုးတွေဖြစ်ထွန်းတတ်ပါတယ်။
၄။ ခွဲခွဲခြားခြား မဆက်ဆံပါနဲ့
* ဆက်ဆံရေးမှာ အချင်းချင်း မေတ္တာတရားနဲ့ ကူညီအားပေးကာ နေထိုင်ဆက်ဆံတာ အကောင်းဆုံးပါ။
* အချင်းချင်း ခွဲခွဲခြားခြား ဆက်ဆံမှုတွေက ဘယ်နေရာ ဘယ်ပတ်ဝန်းကျင် ဘယ်အသိုင်းအဝိုင်းမှာမှ ရှိမနေသင့်တဲ့အရာပါပဲ။
* အချင်းချင်း ခွဲခွဲခြားခြား ဆက်ဆံမှုတွေရှိမနေရင် လောကကြီးဟာ ပျော်ရွှင်စရာ ငြိမ်းချမ်းစရာနဲ့ နေချင်စရာဖြစ်ပါမယ်။
* အချင်းချင်း ခွဲခွဲခြားခြား ဆက်ဆံမှုတွေရှိနေရင်တော့ လောကကြီးဟာ စက်ဆုပ်စရာ ပူလောင်စရာ မနေချင်စရာဖြစ်ပါမယ်။
* ချမ်းသာသူ ဆင်းရဲသူ၊ ပညာတတ်သူ ပညာမတတ်သူ၊ မြင့်သောသူ နိမ့်သောသူ၊ အားကြီးသူ အားနည်းသူအားလုံးဟာ အချင်းချင်း အမှီပြုပြီး လောကကြီးကို အလှဆင်ပြီးနေထိုင်ကြသူတွေမို့ ခွဲခွဲခြားခြား မဆက်ဆံကြပါနဲ့၊ ကူညီကြပါ၊ အားပေးကြပါ၊ မေတ္တာတရားထားကြပါ။
၅။ ကိုယ့်စိတ်ကို သိပြီလား
* ဘဝမှာ စိတ်အေးချမ်းသာစွာနေချင်ရင် ကိုယ့်စိတ်အကြောင်းကို ကိုယ်သိထားဖို့လိုအပ်ပါတယ်။
* ကိုယ့်စိတ်အကြောင်းကို ကိုယ်မသိရင် ကိုယ့်စိတ်က ကိုယ့်ဘဝကို ဆင်းရဲဒုက္ခ ဖြစ်စေတတ်ပါတယ်။
* ကိုယ့်စိတ်က လောဘကြီးတတ်ရင် လောဘနည်းအောင် လောဘမဖြစ်မိအောင် ပြုပြင်ရပါမယ်။
* ကိုယ့်စိတ်က ဒေါသကြီးတတ်ရင် ဒေါသနည်းအောင် ဒေါသမထွက်မိအောင် ပြုပြင်ရပါမယ်။
* ကိုယ့်စိတ်က မောဟကြီးတတ်ရင် မောဟနည်းအောင် မောဟမဖြစ်မိအောင် ပြုပြင်ရပါမယ်။
* ကိုယ့်စိတ်ကို ကိုယ်ကသိလို့ ပြုပြင်လေ ကိုယ့်ဘဝက အေးချမ်း ကောင်းမွန်တတ်လေမို့ ကိုယ့်စိတ်ကို ကိုယ်က သိအောင်လည်းလုပ်ပါ။ ပြုပြင်မှုလည်း လုပ်ပါ။
* ဒါဆိုရင် ကိုယ့်ဘဝကို ရှင်းရှင်းလင်းလင်းနဲ့ စိတ်အေးချမ်းစွာ နေထိုင်နိုင်ပါတယ်။
၆။ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့
* ကိုယ့်ကိုယ်ကိုယ် လိမ်ညာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရာရောက်ပါတယ်။
* ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရာမရောက်အောင် ပညာသင်ယူဆည်းပူးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့။
* စီးပွါးရေးလုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့။
* ကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့။
* အများအကျိုးတွေဆောင်ရွက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့။
* ကိုယ့်ဘဝမှာ ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့။
* ကိုယ့်ကိုယ်ကိုယ် လိမ်ညာရင် ကိုယ်ပဲ နစ်နာ ဆုံးရှုံး ပျက်စီးရပါတယ်။
* ကိုယ့်ကိုယ်ကိုယ် လိမ်ညာရင် ကိုယ်ပဲစိတ်ပင်ပန်း ဆင်းရဲရပါတယ်။
* ကိုယ့်ကိုယ်ကိုယ် လိမ်ညာရင် ကိုယ်ပဲ အကျိုးယုတ်ရပါတယ်။
၇။ သိတတ် ထုတ်ဖော်ကျေးဇူးတော်
* လူတိုင်းကိုယ်စီဘဝမှာ ကျေးဇူးရှိတဲ့ ကျေးဇူးရှင်တွေဆိုတာ ရှိတတ်ကြပါတယ်။
* အဲဒီ ကိုယ့်အပေါ်ကျေးဇူးရှိသူကို ကျေးဇူးသိတတ်ဖို့လိုပါတယ်။ ကျေးဇူးသိတတ်သူက ဘဝမှာ တိုးတက်အောင်မြင်ပါတယ်။ ကျေးဇူးမသိတတ်သူက ဘဝမှာ တိုးတက်အောင်မြင်ဖို့ ခက်ပါတယ်။
* ကိုယ့်အပေါ် ကျေးဇူးရှိသူကို ကျေးဇူးစကားထုတ်ဖော်ပြောဖို့လိုပါတယ်။ ကျေးဇူးစကားထုတ်ဖော်ပြောသူက ဘဝမှာ တိုးတက်အောင်မြင်ပါတယ်။ ကျေးဇူးစကားထုတ်ဖော်မပြောသူက ဘဝမှာ တိုးတက်အောင်မြင်ဖို့ခက်ပါတယ်။
* ကိုယ့်အပေါ်ကျေးဇူးရှိသူကို ကျေးဇူးဆပ်ဖို့လိုပါတယ်။ ကျေးဇူးဆပ်တဲ့သူက ဘဝမှာ တိုးတက်အောင်မြင် တတ်ပါတယ်။ ကျေးဇူးမဆပ်သူက ဘဝမှာ တိုးတက်အောင်မြင်ဖို့ ခက်ပါတယ်။
* ကျေးဇူးရှိသူကို ကျေးဇူးသိဖို့ မမေ့ပါနဲ့။ ကျေးဇူးရှိသူကို ကျေးဇူးစကား ထုတ်ဖော်ပြောဖို့ မမေ့ပါနဲ့။ ကျေးဇူးရှိသူကို ကျေးဇူးပေးဆပ်ဖို့မမေ့ပါနဲ့။
၈။ စတင်မလုပ်ရင် ဘာမှ ဖြစ်မလာပါဘူး
* ကိုယ်လုပ်ချင်တဲ့အရာတစ်ခု၊ လုပ်ဖို့လည်း အမှန်တကယ်လိုအပ်နေတဲ့အရာ တစ်ခုဆိုရင် အချိန်ဆွဲမထားဘဲ စတင်လုပ်ဆောင်ဖြစ်အောင်လုပ်ပါ။
* ဥပမာ - သင်တန်းတစ်ခုခု တက်ချင်နေတာလား။ခရီးတစ်ခုခု သွားချင်နေတာလား။ အစီစဉ်တစ်ခုခု ရေးဆွဲချင်တာလား။ စီးပွါးရေးတစ်ခုခု လုပ်ချင်တာလား။ ကုသိုလ်ကောင်းမှုတစ်ခုခု ပြုလုပ်ချင်တာလား။
* ဘယ်အရာမဆို စတင်မလုပ်ဆောင်ရင် ဘယ်တော့မှ မပြီးစီးနိုင် မဖြစ်နိုင်ပါဘူး။ စတင်လုပ်ဆောင်လိုက်မှ တစ်နေ့နေ့မှာ ပြီးစီးနိုင် ဖြစ်နိုင်ပါတယ်။ ခုပဲ စတင်ပြုလုပ်လိုက်ပါ။
၉။ ဘယ်သူတွေရှိဖို့ လိုအပ်သလဲ
* ကိုယ့်ဘဝ တိုးတက်အောင်မြင်ဖို့ မိတ်ဆွေကောင်း ရှိဖို့လိုအပ်ပါတယ်။ မိတ်ဆွေကောင်းမရှိရင် တိုးတက်အောင်မြင်ဖို့ ခက်ခဲပါတယ်။ မိတ်ဆွေကောင်းကို ချစ်ခင်ပါ၊ တန်ဖိုးထားပါ။
* ကိုယ့်ဘဝ တိုးတက်အောင်မြင်ဖို့ ဆရာသမားကောင်း ရှိဖို့လိုအပ်ပါတယ်။ ဆရာသမားကောင်းမရှိရင် တိုးတက်အောင်မြင်ဖို့ ခက်ခဲပါတယ်။ ဆရာသမားကောင်းကို ရိုသေလေးစားပါ။ တန်ဖိုးထားပါ။
* ကိုယ့်ဘဝ တိုးတက်အောင်မြင်ဖို့ ပတ်ဝန်းကျင်ကောင်း ရှိဖို့လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ကောင်းမရှိရင် တိုးတက်အောင်မြင်ဖို့ခက်ခဲပါတယ်။ ပတ်ဝန်းကျင်ကောင်းကို မေတ္တာထားပါ။ တန်ဖိုးထားပါ။
၁၀။ များများလိုချင်ရင် ဘာလုပ်ရမလဲ
* များများအရင်းအနှီး မထားရင် များများ အကျိုးအမြတ် မရရှိနိုင်ပါဘူး။ များများအရင်းအနှီးထားမှ များများအကျိုးအမြတ်ရနိုင်ပါမယ်။
* များများ စိုက်ပျိုးမထားရင် များများ မရိတ်သိမ်းရနိုင်ပါဘူး။ များများစိုက်ပျိုးထားမှ များများ ရိတ်သိမ်းရနိုင်ပါမယ်။
* များများကြိုးစားမထားရင် များများအောင်မြင်မှု မရနိုင်ပါဘူး။ များများကြိုးစားထားမှ များများ အောင်မြင်မှုရနိုင်ပါမယ်။
* များများ သင်ယူလေ့လာမထားရင် များများပို့ချသင်ကြား မျှဝေမပေးနိုင်ပါဘူး။ များများသင်ယူ လေ့လာထားမှ များများပို့ချသင်ကြား မျှဝေနိုင်ပါမယ်။
* များများရှာဖွေ စုဆောင်းမထားရင် များများပြည့်ပြည့်စုံစုံ မရရှိနိုင်ပါဘူး။ များများ ရှာဖွေစုဆောင်းထားမှ ပြည့်ပြည့်စုံစုံ ရရှိနိုင်ပါမယ်။
* များများပေးဆပ်မှုမရှိရင် များများရချင်လို့မရပါဘူး။ များများပေးဆပ်ထားမှ များများရရှိနိုင်ပါတယ်။
* များများအနစ်နာမခံရင် များများအသာမစံရပါဘူး။ များများနစ်နာခံမှ များများအသာစံရပါမယ်။
မိမိကိုယ်ကိုတန်ဖိုးရှိစွာ ပြုပြင်ပြောင်းလဲနိုင်ပါစေခင်ဗျာ။
https://sarphat.com/posts?id=2684
https://sarphat.com/posts?id=2753
https://sarphat.com/posts?id=2840
https://sarphat.com/posts?id=2902
https://sarphat.com/posts?id=2939
https://www.sarphat.com/articles/2985
ᏂᏗᏒᏬᏦᎥ ( April 13, 9:00 PM )
Keep Reading