Author's Profile Photo

Hnin

16/04/2024

အသက်ကြီးလာကြတဲ့အခါ

1 min read
Personal Development
အသက်ကြီးလာကြတဲ့အခါ's photo
  • လူတိုင်းကတော့ ဇရာ ဆိုတဲ့ အိုခြင်းကို ဘယ်သူ့မှရှောင်လွှဲလို့မရပါဘူး။ ကိုယ်အခု အသက်အရွယ်ငယ်နေသေးတယ်ဆိုရင်တောင် တစ်ချိန်ကျ အသက်ကြီးလာမှာဘဲ။(ကံကတော့ မြင်လို့မရတဲ့အတွက် ဘယ်အရွယ်မှာသေမလဲဆိုတာတော့ ပြောလို့မရဘူးပေါ့)။
  • လူငယ်၊လူရွယ်တော်တော့များများက လူကြီးတွေနှင့်အတူမနေချင်ကြဘူး။လူကြီးတွေက စကားများလို့၊သူတို့လုပ်တာစိတ်မရှည်လို့ အစရှိသည် ပြောကြတယ်။ဒါပေမဲ့လေ စိတ်ရှည်ရှည်လေးထားပြီး အသက်ကြီးတဲ့သူတွေနှင့်နေကြည့် အရမ်းသနားဖို့ကောင်းပါတယ်။ အထီးကျန်လာတယ်၊သားသမီးတွေက သူတို့သားသမီးတွေနှင့်ဘဲ အချိန်ဖြုန်းကြတယ်။ ငါပြောလိုက်ရင် ငါ့သား၊သမီးများ ဘာတွေခံစားရမလဲဆိုတဲ့ စိတ်တွေအပြည့်ရှိတယ်။မိဘတွေကို အသက်ကြီးပြီဘဲ ဆိုပြီးပစ်မထားကြပါနှင့်၊အချိန်ပေးပေးပါ ၊ ပြီးတော့ သူတို့လိုချင်တာလေးတွေဖြည့်စည်းပေးပါ။ကိုယ့်အလုပ်၊ကိုယ့်မိသားစုအလုပ်တွေနှင့် ရှုတ်နေခဲ့မယ်ဆိုရင်တောင် ကိုယ့်အိမ်မှာ အသက်ကြီးတဲ့ လူတစ်ယောက်ယောက်ရှိနေခဲ့မယ်ဆို သူတို့ကို အချိန်ပေးပေးပါ။
ကျွန်မတို့လူငယ်၊လူရွယ်တစ်ချို့ကလေ ကလေးဆိုရင် ချစ်ကြ၊နမ်းကြ ချစ်စရာလေးဆိုပြီးအမြဲပြောကြတယ်မှတ်လား။အသက်ကြီးတဲ့သူတွေကိုကျတော့ လူအိုအနံ နံတယ်ဆိုပြီး အနားတောင်မကပ်ကြဘူးလေ။...
  • ကိုယ့်ပတ်ဝန်းကျင်၊ကိုယ့်မိသားစုထဲမှာ အသက်ကြီးတဲ့သူ ရှိခဲ့ရင် သေချာလေးအချိန်ပေးပြီး စိတ်ရှည်ရှည် ဂရုစိုက်ပေးကြပါ။
Hnin (16.4.2024)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း