Author's Profile Photo

သင်္ကေတ

15/04/2024

What is "ERROR"? Error ဆိုတာ ဘာလဲ။

1 min read
Personal Development
General Knowledge
18 Again
What is "ERROR"?
Error ဆိုတာ ဘာလဲ။'s photo

ဒီဆောင်းပါးလေးမှာတော့ လူတိုင်းကြားဖူးတဲ့ စကားလုံးလေး တစ်လုံးအကြောင်း ပြောပြပေးသွားမှာပါ။

ပထမဦးဆုံး စာဖတ်သူ‌လေးတို့ရော Error ဆိုတာ ဘာလို့ထင်ပါသလဲ။


ကျွန်မ Facebook စသုံးတုန်းက Post တစ်ခုတွေ့ဖူးပါတယ်၊ အဲ့ Post မှာ ရေးထားတာက

  • ငယ်ငယ်က ဆရာတစ်‌ယောက်က စာသင်ခန်းထဲမှာ ကျောင်းသားတွေကို Error ဆိုတာဘာလဲဆိုပြီး မေးဖူးပါတယ်တဲ့၊ စာသင်ခန်းထဲက ကျောင်းသားတွေအားလုံးက ဖြေတယ် "အမှား" တဲ့။ ဆရာက ပြန်ပြောတယ် " မဟုတ်ဘူး #ERROR ဆိုတာ သွေ‌ဖယ်မှု "တဲ့။ ‌ဘယ်လိုသွေဖယ်တာလဲ ဆိုတော့ အမှန်တရားကနေ သွေဖယ်သွားတာတဲ့။


✓ ဟုတ်ပါသလား စဉ်းတော့ စဉ်းစားကြည့်စရာပဲ။
အဲ့တော့ ကျွန်မ အဲ့စကားလုံးလေးကို Dictionary တွေမှာ လိုက်ရှာကြည့်တော့လဲ အမှား၊ မှားယွင်းချက်၊
နောက်တစ်မျိုး ထပ်တွေ့တဲ့ အဓိပ္ပာယ်ကတော့ a departure from what is true, right, or proper ဆိုပြီး တွေ့ရပါတယ်၊ ဒါတော့ English to English ပြန်ပြီး ပြောပြထားတာပါ၊ အပေါ်မှာပြောထားတဲ့ဟာလေးနဲ့ သွားတူနေတာတွေ့ရပါတယ်၊ ဒါဆို ဆရာပြောတာ ဟုတ်နေတာဆိုပြီး ကျွန်မ လက်ခံလိုက်ပါမယ်၊၊
အဲ့စကားလုံးလေးကို ကျွန်မ မြင်ခဲ့ရတဲ့နောက်တစ်နေရာရှိပါသေးတယ်၊

  • အဲ့တာကတော့ ဟိုတစ်နေ့က ကျွန်မတို့ ဒီ Sar Phat App ထဲမှာပဲ စာရေးသူ Author တစ်ယောက်ရေးထားတဲ့ Article တစ်ခုကို တခြား Author တစ်‌‌ယောက် နာမည်နဲ့ပြောင်းပြီး တွေ့ရတာပါ၊ အဲ့တာကို မူရင်း Author က သူ့ရဲ့ Telegram Channel မှာ ပြန်တင်ထားတာတွေခဲ့ရပါတယ်၊ အောက်က Comment Box ထဲမှာ ခုနက တခြား Author ကရှိနေ‌တော့ ဝင်ပြီး ပြန်ဖြေရှင်းပေးထားတာ တွေ့ရပါတယ်၊ အဲ့လိုမျိုး တွေ့ရတော့ စိတ်ထဲ ကျေနပ်မိပါတယ် ဘယ်လိုကျေနပ်မှုမျိုးလဲဆိုတော့ တာဝန်ယူစိတ်ရှိတာလေးကိုပါ၊ အဲ့တာနဲ့ ကျွန်မလဲ အဲ့တခြား Author ကို မေးစရာရှိတာသွားမေးရင်း သူနဲ့ခင်သွားပါတယ်၊အဲ့တာနဲ့ သူ့ကို အဲ့လိုဖြစ်တာကို မေးကြည့်ဖြစ်ပါတယ်၊ သူက App error ကြောင့်လို ‌ဖြေပါတယ်၊ သူပြောပြတော့ Article တင်ကြရင်း အချိန်တူပြီး အစားထိုးဝင်သွားတာမျိုးဖြစ်သွားတာမျိုးလို့ ကျွန်မလဲ ထင်မိပါတယ်။
အဲ့ချိန်မှာ ကျွန်မခေါင်းထဲ အတွေးလေးတစ်ခုဝင်ခဲ့ပါတယ်၊ ဘာလဲဆိုတော့ ERROR ဆိုတာ နေရာတိုင်းရှိတာပဲ ဆိုပြီး ဝင်လာခဲ့ပါတာဖြစ်ပါတယ်။


  • ဒါကြောင့် အဓိကပြောချင်တာက ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ်တိုင်မလုပ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ERROR ဆိုတဲ့ အရာပေါ်လာတတ်နိုင်တယ်ဆိုတာပါပဲ၊ ပေါ်လာပေမဲ့ စိတ်အေးအေးထားပြီး ဖြေရှင်းနိုင်ဖို့က ပိုအရေးကြီးကြောင်း ပြောပြရင်း ရေးသားလိုက်ရပါတော့သည်။


April 15 Monday 2024
15:20 PM
@Ag



Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်