သင်္ကေတ
ဒီဆောင်းပါးလေးကတော့ ခရစ်ယာန်ဘာသာဝင် အများစုနှင့် သက်ဆိုင်မယ်လို့ ထင်ပါသည်၊ ဒါပေမဲ့ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင် အများစုလည်း ပြုလုပ်သည်ကို တွေ့ရတတ်သည်။
ဆုတောင်းခြင်း အပေါ် ကျွန်မ၏အမြင်
ကျွန်မသည် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်သောကြောင့် ဆုတောင်းခြင်းအမှုကို ပြုလုပ်ခဲပေသည်။ အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရား၏ တရားဓမ္မဒေဿနာတော်များ အတိုင်း "ကံကံ၏အကျိုး" ကို ယုံကြည်သောကြောင့်ဖြစ်သည်၊ တစ်နည်းအားဖြင့် ကံသည်အလုပ်ဖြစ်သည်၊ မိမိပြုလုပ်သောလုပ်ရပ်များအတိုင်း အကျိုးဆက်ကို ရရှိပေသည်၊ (မိမိ ကောင်းသောအမှုကိစ္စကို ပြုလုပ်လျှင် ကောင်းသောရလဒ်ကို ရရှိ၍ မကောင်းသောအမှုကိစ္စကို ပြုလုပ်လျှင် မကောင်းသောရလဒ်ကို ရရှိမည်) အလုပ်လုပ်ကြရာတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။
* ကံ = အလုပ် *
ဒါကလည်း ကျွန်မ၏ ယုံကြည်မှု တစ်ခုဖြစ်သည်။ ကျွန်မသည် တစ်ခါတစ်ရံတော့ တခြားသူများအတွက် ဆုတောင်းပေးတတ်သည်- (သူငယ်ချင်းများအတွက် မွေးနေ့ဆုတောင်းပေးခြင်း၊ စာမေးပွဲ၊ တစ်ခုခု အဆင်ပြေစေရန် စသဖြင့်) ဖြစ်သည်။
2. အဘယ်ကြောင့် ဆုတောင်းကြသနည်း။
ဒါကတော့ Internet မှ ကျွန်မရှာဖွေထားခြင်းဖြစ်သည်။
ကျွန်မတို့ ဘုန်းကြီးကျောင်းသွားပြီး ဘုန်းကြီးများကို ကန်တော့တဲ့အခါပဲ ဖြစ်ဖြစ်၊ လူကြီးသူမတွေကို ကန်တော့တဲ့အခါပဲဖြစ်ဖြစ် ပြန်ပြီးဆုပေးတတ်ကြပြန်သည်၊ ဒါကိုတော့ ယဉ်ကျေးမှုတစ်ခုလို့ မြင်မိပါတယ်။
ကျွန်မတို့ လူတွေအချင်းချင်းပြောကြတာရှိပါတယ်၊ ဘာလဲဆိုတော့ ဘုရားရှိခိုးပြီး ဆုတောင်းရင် ဘုရားကို နားပူအောင်လုပ်တယ်၊ နားညီးစေတယ်၊ ဆိုပြီး ပြောတတ်ကြပါတယ်၊
စာဖတ်သူလေးတွေရော ဘယ်လိုထင်ကြလဲ?
April 14 Sunday 2024
@Ag
14:40 PM
Keep Reading