Author's Profile Photo

SarPhat Author

14/04/2024

“Challenge လုပ်ကြမယ်”

1 min read
Personal Development
General Knowledge
18 Again
“Challenge လုပ်ကြမယ်”'s photo


Challenge Challenge ဆိုပြီး ကျွန်မတို့ ခဏခဏ ကြားဖူးကြတယ်။ ကျွန်မတို့ ကြားဖူးတဲ့ Challenge ဆိုတာ ဘယ်လိုအရာမျိုးကိုပြောပြီး လူတစ်ယောက်ကို ဘယ်လို ပြောင်းလဲစေသလဲ ဆိုတာကိုရော ကျွန်မတို့ သိကြရဲ့လား။

Challenge ဆိုတာ ဘယ်လိုအရာမျိုးကို ပြောတာလဲ။

များသောအားဖြင့် လူတစ်ယောက်နဲ့တစ်ယောက်ဟာ အမြင်တွေ၊ စရိုက်တွေ၊ အမူအကျင့်တွေ၊ အ‌ေလ့အထတွေ၊ အခြေအနေတွေ မတူကြဘူး။ဒါကြောင့်မို့ Challenge လုပ်ကြတဲ့အခါမှာလည်း ဒီလို မတူညီတဲ့ အချက်တွေပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်ဟာ ကွဲပြားနိုင်တယ်။ တကယ်တော့ Challenge ဆိုတာက ကျွန်မတို့ရဲ့ လုပ်ဆောင်နိုင်စွမ်း ဒါမှမဟုတ် ကျွန်မတို့မှာရှိတဲ့ စွမ်းရည်တွေကို စစ်ဆေးတဲ့ လုပ်ဆောင်ချက် တစ်ခုလို့ ဆိုနိုင်ပါတယ်။ ကျွန်မတို့ Challenge လုပ်တဲ့အခါမှာဆို ဇွဲရှိဖို့ Effort များများစိုက်ထုတ်ဖို့ လိုအပ်တယ်။ Challenge လုပ်တယ်ဆိုတာ ကျွန်မတို့ကို Comfort Zone ထဲကနေ ရုန်းထွက်စေဖို့ နည်းလမ်းကောင်းတစ်ခုပဲ ြဖစ်ပါတယ်။

Challenge လုပ်တာက လူတစ်ယောက်ကို ဘယ်လိုပြောင်းလဲစေတာလဲ။

ကျွန်မတို့တွေ Challenge လုပ်ကြပြီဆိုကတည်းက ဒါဟာ တစ်စုံတစ်ခုကို ပြောင်းလဲဖို့ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်တယ်ဆိုတာ ကြီးမားတဲ့ လုပ်ဆောင်ချက် မျိုး ြဖစ်တယ်။ ဒီလို လုပ်ဆောင်ချက် မျိုးက လူတစ်ယောက်ရဲ့ Personal Growth အတွက် အများကြီး ပြောင်းလဲတိုးတက်စေတယ်ဆိုတာကိုရော ကျွန်မတို့ သတိထားမိဖူးလား။
ကျွန်မတို့ ဘာတွေ တိုးတက်ပြောင်းလဲလာလဲဆိုတော့.....

1. Skill Development

(ကျွန်မတို့မှာ လိုအပ်တဲ့ ဒါမှ မဟုတ် မရှိသေးတဲ့ Skill တွေ ဖွံ့ဖြိုးတိုးတက်လာမယ်။)

2. Resilience

(Challenge တွေကို ရင်ဆိုင်‌ေြဖရှင်းတာက ခံနိုင်ရည်အားကို တည်ဆောက်ပေးတဲ့ အတွက်ကြောင့် ကျွန်မတို့တွေ ခံနိုင်ရည် ရှိလာမယ်။)

3. Confident

(ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာမယ်။)

4. Adaptability

(Challenge တွေဆိုတာက အ‌ခြေအနေအသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ အတွက်ကြောင့် ကျွန်မတို့တွေ ဘယ်အရာနဲ့မဆို လိုက်လျောညီထွေ ြဖစ်လာမယ်။)

5. Problem-solving

(Challenge တွေကို ရင်ဆိုင်‌ေြဖရှင်းရတဲ့အတွက်ကြောင့်မို့ ပြဿနာတစ်စုံတစ်ရာ ကြုံလာရင် ‌ေြဖရှင်းနိုင်စွမ်းတွေ ရှိလာမယ်။)

ဒါကြောင့်မို့ ြဖစ်နိုင်ရင် တတ်နိုင်သလောက် ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ကြမယ်။ ဒါဟာ ကျွန်မတို့ဘဝကို အမှန်တကယ်တိုးတက်စေတယ်ဆိုတဲ့ အကြောင်းကို ကိုယ့်ကိုယ်‌ကိုယ်ရော သူများတွေကိုရော သိအောင် သက်သေပြကြမယ်။ ဒီလိုနဲ့ပဲ ကျွန်မတို့တွေဟာ Challenge များစွာကို လုပ်ဆောင်ပြီး ဘဝတက်လမ်းကို တွေ့ရှိသွားကြမှာ ြဖစ်တယ်။ ဒါကြောင့်မို့ Challenge လုပ်ကြဖို့ မမေ့ကြနဲ့နော်။

နောက်ထပ်လည်း ဗဟုသုတရစရာ ဆောင်းပါးများစွာနဲ့လူငယ်တွေ အတွက် အကျိုးရှိစေမယ့် အရာ မှန်သမျှ ရေးသားသွားမှာဖြစ်လို့ like and follow လုပ်ကြဖို့ ‌မမေ့ကြနဲ့နော်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်