Author's Profile Photo

SarPhat Author

13/04/2024

ကိုယ်ကရော ဘယ်လိုကျောင်းသားလဲ? (၂ )

1 min read
Personal Development
Education
General Knowledge
ကိုယ်ကရော ဘယ်လိုကျောင်းသားလဲ?  (၂ )'s photo

?The Logician

စရိုက်လက္ခဏာ

  • တစ်ခုခုဆို အဓိပ္ပာယ်ဆက်စပ်ကြည့်လို့ရမှ ယုတ္တိရှိတယ်လို့ ခံစားရမှ ကြိုက်တယ်
  • အကြောင်းအရာတစ်ခုရဲ့ နောက်ကွယ်က အကျိုးအကြောင်းတွေကို သိချင်တယ်။
  • စာလုပ်တဲ့အခါ သေချာ အစီအစဉ်တကျ လုပ်တယ်။
  • ရှုပ်ထွေးတဲ့ ပြဿနာတွေ ဖြေရှင်းရတာကို ကြိုက်တယ်။
  • လုံးဝပြည့်စုံနေမှ ကြိုက်တယ်။ (လိုအပ်ချက်ရှိနေတာမျိုးကို သည်းမခံနိုင်ဘူး)




အားသာသည့်အရာများ

  • ဆင်ခြင်းသုံးသပ် တွေးခေါ်နိုင်စွမ်း အကျိုးအကြောင်း ခွဲခြားနိုင်စွမ်း ကောင်းတယ်
  • အချိန်ကို သေချာစီမံခန့်ခွဲပြီး လုပ်စရာတွေကို အစီအစဉ်တကျ ဆွဲပြီး လုပ်တတ်တယ်
  • သိပ္ပံ, သင်္ချာ, ဉပဒေ, ပြသနာဖြေရှင်းတဲ့ နေရာတွေမှာ တော်တယ်
  • မေးခွန်းတွေနဲ့ ချိန်ထိုးပြီး အလုပ်လုပ်တတ်တယ်


အားစိုက်ပြုပြင်သင့်သည့်အရာများ

  • တီထွင်ကြံဆတတ်ပြီး ပုံဖော်စိတ်ကူးတတ်တဲ့ အတွေးခေါ်ခြင်း
  • ကိုယ်နဲ့ သူများနဲ့ မတူညီတဲ့အရာတွေအပေါ် နားလည်ခံစားပေးတတ်ခြင်း
  • မိမိကိုယ်ကိုယ် ပြန်လှန်သုံးသပ်ခြင်း
  • သူများနဲ့ အလုပ်လုပ်ခြင်း
  • စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း



?The Searcher

စရိုက်လက္ခဏာ

  • အကုန်လုံးက ကိုယ့်အတွက် စိတ်ဝင်စားဖို့ကောင်းတယ် (စိတ်ဝင်စားတဲ့အရာ တစ်ခု နှစ်ခုထပ် ပိုပြီး ရှိနေတတ်တဲ့သူတွေကို ဆိုလိုပါတယ်)
  • ယျေဘူရ, အကြမ်းဖျင်း ဆိုလိုရင်းကို ပိုပြီးစိတ်ဝင်စားတယ်
  • ဟိုဟာနည်းနည်း ဒီဟာနည်းနည်း သိနေတတ်တယ်
  • အသေးစိတ်အကြောင်းအရာတွေကို စိတ်တော့ဝင်စားတယ် ဒါပေမယ့် မမှတ်မိဘူး
  • ဘယ်တစ်ခုက ဆီလျော်မှုအရှိဆုံးလဲ ဆိုတာကို ရွေးချယ်နိုင်ဖို့ ခက်ခဲတယ်


အားသာသည့်အရာများ

  • စိတ်ပါဝင်စားမှု တက်ကြွမှု မြင့်မားတယ်
  • အထွေထွေ ဗဟုသုတ ကျယ်ပြန့်တယ်
  • အားလုံးဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်ဆိုတာကို မြင်နိုင်တယ်
  • တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်


အားစိုက်ပြုပြင်သင့်သည့်အရာများ

  • ပန်းတိုင်နဲ့ အရေးကြီးတဲ့ အရာတွေချမှတ်ထားဖို့
  • ကျိုးကြောင်ဆင်ခြင်တဲ့ တွေးခေါ်မှုမျိုးရှိဖို့
  • အမျိုးအစားသေချာခွဲခြား ရွေးချယ်နိုင်ဖို့
  • တည်းဖြတ်နိုင်စွမ်းရည် (လိုတာထပ်ထည့်, မလိုတာပယ်)
  • တိကျသေချာတဲ့ အသေးစိတ်အကြောင်းအရာတွေကို မှတ်မိနိုင်ဖို့


ကိုယ့်ရဲ့ စရိုက်လက္ခဏာတွေဟာ တစ်ခုတည်းမှာမဟုတ်ဘဲ ဟိုမှာလည်းပါ ဒီမှာလည်း ပါတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါတွေနဲ့ပက်သက်လို့ ကိုယ့်ကိုယ်ကို သေချာသိထားတဲ့သူ ဒါမှမဟုတ် ကိုယ်သင်ပေးနေတဲ့ ကျောင်းသားရဲ့ ဒီအချက်တွေကို ကောင်းကောင်းသိတဲ့သူတွေဟာ မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်ပြီးတော့ အချိန်ကုန်သက်သက်သာသာနဲ့ ကောင်းမွန်တဲ့ရလဒ်တွေကို ပျော်ပျော်ရွှင်ရွှင်ရယူသွားနိုင်မှာပဲ ဖြစ်ပါတယ်။

ကျွန်မဟာ လူကြီး လူငယ်တွေကို English စာသင်ကြားပေးနေတဲ့ ဆရာမတစ်ယာက်ပါ။ လူတွေဘယ်လို သင်ယူလေ့လာကြသလဲ? ဆိုတာနဲ့ပက်သက်လို့ စိတ်ဝင်စားပါတယ်။ ဒါကြောင့် ကိုယ်တိုင် လေ့လာထားတဲ့ လေ့လာသင်ယူခြင်း သင်ကြားခြင်းနဲ့ ပက်သက်လို့ နည်းလမ်းကောင်းများစွာ သိသင့်တဲ့ အချက်အလက်ပေါင်းများစွာ ကို ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ like and follow လုပ်ထားကြပါဦးနော်။

အားလုံးပဲ လွယ်ကူလျင်မြန်စွာ သင်ယူနိုင်ကြပါစေ။

Reference:
The Study Skills Handbook (Stella Cottrell)

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်မရိုးတရိုး