ဒီနေ့မှာတော့ မတူညီတဲ့ ကျောင်းသားပုံစံ လေးတွေ သင်ယူတဲ့ စတိုင်အကြောင်းကို အကြောင်းကိုပြောပြသွားပါမယ်။
လူတစ်ယောက်ချင်းစီမှာ သူ့ရဲ့ လေ့လာသင်ယူတဲ့ပုံစံ, အလေ့အကျင့်, စိတ်နေသဘောထား, အကြိုက် နဲ့ အတွေ့အကြုံပေါ်ကိုလိုက်လိုက်ပြီးတော့ သူယူတတ်မြောက်တဲ့ပုံစံချင်း မတူညီကြပါဘူး။
ကဲ..ဒီတော့ ဖတ်နေရင်းနဲ့ ဒါတော့ ငါ..ဟုတ်တယ်, ဒါတော့ ငါ…မဟုတ်ဘူး ဆိုတာကို အဖြေတိုက်ကြည့်လိုက်ရအောင်။
?The Diver
စရိုက်လက္ခဏာ
- ချက်ချင်းကောက်ခါငင်ခါ ထလုပ်တတ်တယ်
- လုပ်စရာရှိတာတွေ ပြီးအောင်အရင်လုပ်ချင်တယ်
- ကိုယ်လုပ်လိုက်တာ အဆင်ပြေ မပြေသိချင်တယ်
- တစ်ခုပြီးရင် နောက်တစ်ခုကို မြန်မြန် ဆက်လုပ်တယ်
- အချိန်အကြာကြီးမလိုတဲ့ အလုပ်တွေဆိုပိုပြီး ကောင်းကောင်းလုပ်နိုင်တယ်
အားသာသည့်အရာများ
- စိုးရိမ်ပူပန်နေပြီး အချိန်မဖြုန်းဘူး
- လုပ်စရာရှိတာတွေကို စောစောစီးစီးစလုပ်တယ်
- သူများတွေကိုလည်း စိတ်အားတက်ကြွအောင်အားပေးတတ်တယ်
- Role play လုပ်ရတာမျိုးတွေ, အခက်အခဲတွေကြုံလာတဲ့အခါ ပြဿနာကို ဖြေရှင်းတဲ့နေရာတွေမှာတော်တယ်
အားစိုက်ပြုပြင်သင့်သည့်အရာများ
- မိမိကိုယ်ကိုယ်ကို ပြန်လည်ဆင်ခြင် သုံသပ်ခြင်း, အစီအစဉ်ဆွဲခြင်း
- မတူညီ ဆန်းသစ်တဲ့ တွေးခေါ်မှု
- မတူညီတဲ့ ရှုထောင့်တွေကနေ စဉ်းစားခြင်း
- သူများတွေအမြင်ကို နားထောင်ပြီး အတူလက်တွဲ အလုပ်လုပ်တတ်ခြင်း
- အချိန်ကြာကြာ ဇွဲရှိရှိနဲ့ လုပ်နိုင်ဖို့ အလုပ်တစ်ခုလုပ်တဲ့အခါ စိတ်ဝင်စားဖို့ကောင်းအောင် ဖန်တီးပြီး လုပ်ဆောင်ခြင်း
?The Dreamer
စရိုက်လက္ခဏာ
- အကြောင်းအရာ တစ်ခုနဲ့ပက်သက်လို့ အရမ်းတွေးတယ်
- အသေးစိတ် ရှာဖွေလေ့လာတယ်
- လက်တွေ့ထလုပ်ဖို့ အချိန်ဆွဲတယ်
- လုပ်နေရင်းနဲ့ အချိန်ဘယ်လို ကုန်သွားမှန်းမသိဘူး
- အချိန်ဇယားကို ခနခန ပြန်ပြင်ရတယ် ( သတ်မှတ်ထားတဲ့အချိန်တွေမှာ မပြီးလို့)
အားသာသည့်အရာများ
- ကိုယ့်ကိုယ်ကို ကောင်းကောင်း ပြန်လှန်သုံးသပ်နိုင်တယ် (လုပ်ဆောင်ချက်တွေနဲ့ပက်သက်လို့)
- တီထွင်ဖန်တီးမှုရှိတယ်, စိတ်ကူး အတွေးတွေ အများကြီး ရှိတယ်
- တစ်ခုခုဆိုရင် အရင်းထိ သေချာ ရေရေလည်လည်နားလည်အောင်လုပ်တယ်
- သူများပြောတာတွေကို နားထောင်ပေးပြီး ကြင်ကြင်နာနာနဲ့ နှစ်သိမ့်ပြောဆိုတတ်တယ်
အားစိုက်ပြုပြင်သင့်သည့်အရာများ
- ထိရောက်မှုရှိတဲ့ သင်ယူမှု နည်းလမ်းတွေ လိုအပ်တယ်
- အချိန်သတ်မှတ်ပြီး အလုပ်လုပ်တာနဲ့ အချိန်ကို သေချာ စီမံခံ့ခွဲနိုင်တဲ့အရည်အချင်း
- သူများနဲ့ မိမိကိုယ်ကိုယ်အတွက် တာဝန်ယူနိုင်ခြင်း
- အများနဲ့ ပါဝင်လုပ်ဆောင်ခြင်း
- အဓိက အရေးကြီးတဲ့ အရာတွေ သတ်မှတ်ထားပြီး ဆုံဖြတ်ချက်အတိုင်း လိုက်လုပ်ခြင်း
- ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခြင်းနဲ့ စွန့်စားခြင်း
အပိုင်း ၂ ဆက်လက်ဖတ်ရှုရန် :)
Reference
The Study skills handbook ( Stella Cottrell )