Author's Profile Photo

SarPhat Author

12/04/2024

ဆောင်းပါး အဖိုးတန်သောအချိန်များ လုံးပါးပါးနေပြီလား

1 min read
Book Review
Art
18 Again
ဆောင်းပါး
အဖိုးတန်သောအချိန်များ လုံးပါးပါးနေပြီလား's photo



မိသားစုတိုင်းတွင် တစ်နေ့တာ၏လုပ်ငန်းဆောင်တာများ လုပ်၍ပြီးစီးကြသည်နှင့် မိသားစုဆုံချိန်ဟူသည် ရှိကြမြဲဖြစ်၏။ထိုအားလပ်ချိန်တွင် မိသားစုအရေး၊လူမူရေး၊စီးပွားရေး ကြီးပွားရေးအကြောင်းများ ပြောဖြစ်ကြပေလိမ့်မည်။ထို့အပြင် ရပ်ကွက်ထဲမှ ဖြစ်ပျက်သမျှသတင်းစုံကို ဟာသကလေးနှောကာ အချင်းချင်း အရွှန်းဖောက်ပြောတတ်ကြသေးသဖြင့် မိသားစုဆုံသည့် အချိန်လေးသည် ပျော်စရာအကောင်းဆုံးအချိန် ဖြစ်ပေလိမ့်မည်ထင်၏။စည်စည်ကားကားလည်း ရှိလှပါလိမ့်မည်။အဘယ်ကြောင့်ဆိုသော် ထိုဆုံသည့်အချိန်တွင် အဖေလည်းပါမည်။ အမေလည်းပါမည်။ အိမ်၌ရှိသော ညီအစ်ကို မောင်ဖွားများ အားလုံးလည်း ပါမည်မဟုတ်လော။''အဖေ...သားမနက်ဖြန် ဘာလုပ်ရမည်လဲ...ဘယ်ဟာကိုတော့သားဘယ်လိုစီစဉ်ထားတယ်ဗျ၊သမီးဘယ်လိုစီစဉ်ထားပါတယ်ရှင့် ဟူ၍ တိုင်ပင်ကြသည်လည်း ရှိပေလိမ့်မည်။

ထို့ကြောင့် မိသားစုစည်းလုံးမူရကြသည့်အပြင် ညှိနှိုင်းတိုင်ပင်တတ်သော၊ တစ်ဦးနှင့်တစ်ဦး အလေးအနက်ထားတတ်သော၊ သိုက်သိုက်ဝန်းဝန်း နှင့်နွေးထွေးမူအပြည့်ရှိသော မိသားစုဘဝကို ပိုင်ဆိုင်ကြရပေလိမ့်မည်။သို့သော် ယခုအချိန်တွင် မိသားစုဆုံသည့်အချိန်များ ရှိကြသော်လည်း ထိုသို့မဟုတ်ကြတော့ဟု ထင်၏။မိသားစုစုံနေလျှင်ပင် ကိုယ့်အလုပ်နှင့်ကိုယ် မပြတ်နိုင်ကြပေ။အလုပ်ဟုဆိုသော်လည်း အရေးကြီးသော အလုပ်မဟုတ်ပေ။ ဖုန်းကိုင်သည့်အလုပ်ဟု ဆိုနိုင်ပေလိမ့်မည်။ဖုန်းကို မကိုင်ရဟု မဆိုပါ။သို့သော် စားရာ၊သွားရာ၊ နေရာ၊ထိုင်ရာ၊ အိပ်ရာ၌ ဖုန်းကိုသာ နှိုက်နေကြသည်ကား ကောင်းသည်မထင်မိပါ။ နှစ်များစွာကြာကြာ ဖုန်းမရှိဘဲ နေခဲ့ကြသည်မဟုတ်လော။ယခုတော့ မိသားစု စကားဝိုင်းဖြစ်ရန်လည်း ဝေးလှပါသေး၏။ မိသားစုစကားပြောနေလျှင်ပင် တစ်ယောက်နှင့်တစ်ယောက် မကြည့်ဘဲ ဖုန်းကိုသာ ကြည့်၍ ပြောနေကြသည်ကို တွေ့နေရပါ၏။ ထို့ကြောင့် မိသားစုစကားလက်ဆုံကျဖို့ပင်''ဆယ်ခါရာမှတစ်ခါ'' ဆိုသကဲ့သို့ဖြစ်နေတော့သည်။ မိသားစုဝင်အားလုံးသည်လည်း ဖုန်းကိုယ်စီဖြင့် အလုပ်ရှုပ်နေကြတော့သည်။ အကြီးမားဆုံးကွန်ရက်ကြီးများကြောင့် အင်တာနက်လိုင်းများလည်း လွန်စွာကောင်းပါ၏။ယခုဆိုလျှင် ဖေ့စ်ဘွတ်လူမူကွန်ရက်ကို လူအမ်ား သုံးစွဲနေကြပေသည်။ တစ်ယောက်နှင့်တစ်ယောက် စကားပြောကြ၊ အဝေးကမဆက်သွယ်ဖြစ်သည့် သူငယ်ချင်းများနှင့် ဆက်သွယ်ကြ၊ပုံတွေပို့ကြနှင့် အဆင်ပြေနေတော့သည်။လွန်စွာအကျိုးရှိလှသည်။ ထို့ကြောင့် ဖေ့စ်ဘွတ်တီထွင်သူ မက်ဇူကာဗက်ကို ကျေးဇူးတင်မိသည်။သို့သော် ဖုန်းသည် နီးသူတွေ ဝေးစေပြီး ဝေးသူတွေကို နီးစေသည်ဟူသောစကားက ရှိသေးသည်။ယခုဆိုလျှင် ဖေ့စ်ဘွတ်ကို ကေလးမွအစ သိနေကြပေပြီ။ လူကြီး၊ လူငယ်၊ လူလတ်များဆိုလျှင် ပြောပြရန်ပင် လိုမည်မထင်ပေ။ သူတို့ အားလုံး သည် ဖေ့စ်ဘွတ်ကို သုံးလည်းသုံးနေကြပါသည်။အချိန်ရှိတိုင်း လိုင်းပေါ်တက်ဖြစ်နေမိကြပေလိမ့်မည်။ ထိုကြောင့် တွေးကြည့်မိသေးသည်ကား တိုးတက်လာသည်ကို မှန်မှန်ကန်ကန် သုံးတတ်ရန်လိုသည်။side effectသည် နေရာတိုင်းမှာ အနည်းနှင့်အများတော့ရှိသည်ချည်းပင်။ သို့သော် သတိထားရန် လိုလာနေပေပြီ။ကျွန်တော်လည်း ဖေ့စ်ဘွတ်သုံးပါသည်။သို့သော် အစွဲမထားပေ။သတင်းအချက်အလက်များ ရယူရန်အများဆုံး သုံးဖြစ်သည်။ထို့ကြောင့် လိုင်းသုံးသည့်လူတိုင်းကို ဖေ့စ်ဘွတ်၊မက်ဆေ့ဂျာဖြင့်အချိန်ကုန်နေခြင်းမျိုး မဖြစ်စေလိုပါ။(လိုင်းသုံးသူတိုင်း အချိန်ဖြုန်းနေခြင်းဟုမဆိုပါ။အကျိုးရှိစွာ သုံးစွဲကြရန် လိုကြောင်းသာပြောခြင်းဖြစ်ပါ၏။)ဖေ့စ်ဘွတ်ကြောင့် ကောင်းကျိုးများရသကဲ့သို့ ဆိုးကျိုးများလည်း ရှိပါ၏။အချို့ဆိုလျှင်ဖေ့စ်ဘွတ်ကြောင့် ဘဝပျက်ကာ၊အသက်ကိုပင် ပေးကြရသည်လည်း ရှိနေပေပြီ။ ထို့ကြောင့် သုံးပါ။မစွဲပါနှင့်ဟူသော စကားကို ကြားဖူးပါသေး၏။သို့သော် ယနေ့ခေတ်တွင် သုံးပြီး စွဲနေကြပေပြီ ထင်၏။ထို့ကြောင့် ကျွန်တော်တို့၏တန်ဖိုးရှိသောအချိန်များသည် ဖုန်းကိုသုံးရင်းစွဲရင်းပင် လုံးပါးပါးနေပြီလားဟု တွေးနေမိတော့၏။

နန္ဒမန်းကြယ်(တွင်းငယ်)

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ