Author's Profile Photo

SarPhat Author

12/04/2024

"ဘ၀ကိုအဆုံးအဖြတ်ပေးတဲ့အသက်၂၀ကျော်အရွယ်"

1 min read
Personal Development
Book Review
General Knowledge
"ဘ၀ကိုအဆုံးအဖြတ်ပေးတဲ့အသက်၂၀ကျော်အရွယ်"'s photo

မူရင်းစာအုပ်နာမည်_ "Everything of woman life can be changed in their twenties"

ထူးထူးခြားခြား book review ရေးပေးဖူးတာမရှိပေမဲ့ ဒီတခါတော့ သဘောကျတဲ့စာအုပ်လေးတအုပ် review ရေးချင်လာတယ်

စာအုပ်လေးနာမည်က "ဘ၀ကို အဆုံးအဖြတ်ပေးတဲ့ အသက် ၂၀ကျော်အရွယ်" တဲ့

စာအုပ်ခေါင်းစဉ်အရ ၂၀ကျော်တွေပဲဖတ်လို့ရတာမဟုတ်ပါဘူး ၂၀မပြည့်သေးတဲ့ ဆယ်ကျော်သက်တွေဖတ်ရင်ပိုကောင်းပါတယ် ဘာလို့ဆို အသက်၂၀ပြည့်တဲ့ခါ ဘာစလုပ်သင့်လဲဆိုတာကို သေချာနားလည်နေမှာမို့ပါ


ဒီစာအုပ်လေးရဲ့မူရင်းရေးသားသူကတော့ ကိုးရီးယား နိုင်ငံက စာရေးဆရာမ "အင်စွခ်နမ်"ပါ။
တရုတ်နိုင်ငံကကိုးရီးယားလူမျိုးဆရာမ လီမင်က တရ်ုဘာသာပြန်ခဲ့ပြီးတရုတ်ဘာသာကနေတဆင့်ဆရာချစ်သန်း ဘာသာပြန်ထားတဲ့စာအုပ်လေးပါ

အသက်၂၀ကျော်အမျိုးသမီးတွေအတွက် အကောင်းဆုံးထဲက တအုပ်ဆိုလဲမမှားပါဘူး သို့ပေမဲ့ ဒီစာအုပ်ထဲက အကြောင်းအရာတွေကိုဖတ်ပြီးတဲ့ခါ အရမ်းကို စဉ်းစားစရာတွေဖြစ်နေပါလိမ့်မယ်

ဒီစာအုပ်မှာ အခန်း ၈ခန်းပါပါတယ်
-၂၀ကျော်တွေရဲ့ ကံကြမ္မာဆိုပြီးသွတ်သွင်းခံရတဲ့ စိတ်တွေအကြောင်း
-ချမ်းသာမှုတွေပေါ်လွဲမှားတဲ့အယူအဆတွေ‌အကြောင်း
-၂၀ကျော်မှာ အိပ်မက်မက်မနေပဲ ရည်းမှန်းချက်တွေထားရမယ့်အကြောင်း
-၂၀ကျော်အမျိုးသမီးတွေနဲ့ မိတ်ဆွေဖွဲ့နည်းအကြောင်း
-၂၀ကျော်နဲ့ငွေကြေးမြှုပ်နံမှု
-အလှအပအကြောင်း
- relationship အကြောင်းတွေနဲ့အတူ တခြားအကြောင်းအရာတွေစုံစုံလင်လင်ပါ၀င်ပါတယ်

ဒီစာအုပ်လေးထဲက အရမ်းသဘောကျတဲ့စာကြောင်းလေးတောင်ရှိပါသေးတယ်
" စိတ်ကူးအိပ်မက်ဟာ အဆုံးမှ အကောင်ထည်ပေါ်မှာပါ။ ဒါပေမဲ့ စိတ်ကူးအိပ်မက်ကို တခါတလေမှ သတိရနေတာမျိုးမဟုတ်ပဲ နေ့တိုင်းသတိရပါတဲ့"

စာအုပ်ဖတ်တဲ့အခါမှာ စာရေးသူကပြောချင်တဲ့အဓိပ္ပာယ်ကို နားလည်လွယ်အောင်လို့ အမျိုးသမီး တဦးစီရဲ့ ပြသနာလေးတေကို ဥပမာလေးတွေနဲ့ ရှင်းပြထားတာမို့ သဘောပေါက်လွယ်တဲ့စာအုပ်လေးပါ


ကိုယ်တိုင်ကလဲ အသက်၂၀ပြည့်ပီးတာမို့ ဒီစာအုပ်လေးက ကိုယ့်တွက်တော့ အားအင်တခုပါပဲ

ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့ ဖတ်ကြည့်ကြပါလို့ပြောချင်ပါတယ်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း