SarPhat Author

(ပိထောက်ခတ်ဖြင့်သာ )
အိပ်ယာက စောစောထရင်း အိမ်ရှေ့ လမ်းမထက်ကို ကျနော်ကြည့်လိုက်သည် အချိန်ကမနက်၇နာရီသာ ရှိသေးသည် နွေ၏ အလယ်စက်ဝန်းကျင်မို့ အိမ်နားရှိရေနည်း ချောင်း ရေစီးသံ စာကလေးငှက်လေးများ၏
ပကျိကျိ ...ပကျိကျီ ။အသံလေးတွေ ကြားထဲတွင် ကျနော်လို ဆယ်ကျော်သက် ကောင်လေးအတွက် မျှော်လင့်စွာ စောင့်စားနေရသော အကြောင်းအရာတစ်ခုရှ်ိသည် ။ မနက်၈ နာရီထိုးတော့မည့် မိနစ်၂၀လောက်အလိုလောက်တွင် အိမ်ရှေ့ လမ်းမများတွင် ယောဂီလုံချည် တို့ဖြင့် ဥပုပ်သည်များ ဘုန်းကြီး ကျောင်းကိုသွားကြသည် ကိုမြင်တွေ့ရသည်။ ထိုကဲ့သို့သာမက ဘယ်ချိန် ဘယ်သူ့လက်ချက်မှန်းမသိသော ရေစိုနေသော ဈေးသွားဝယ်သည့် မိန်းမပျိုလေးတစ်ယောက်ကို ကျနော်တွေ့လိုက်ရသည်နဲ။ ထိုမြင်ကွင်းကြောင့်ကျနော်တို့ မြို့လေးတွင် သင်္ကြန်အကြိုနေ့ စဖွင့် ပြီဖြစ်သည် ။ နာရီပေါ်နဲ့ လမ်းမပေါ်သို့ မျှော်လင့်စောင့်စားနေသော ကလေးငယ်များနဲ့ ဆယ်ကျော်သက် ရွယ်တူ များသည် အိမ်ပြင်သို့ထွက်လာကြသည်။ ရေပုံး၊ သင်္ကြန် ရေဖလား၊ရေပြွတ်၊ ရေသေနတ်၊ ရေဘူပေါင်းများတို့ဖြင့် ကလေးများရေ ကစားကြပြီဖြစ်သည်။ ရေကုန်မှာလဲ အဲ့အတွက်ကမပူရဘူး။ အိမ်အချို့တွင် ပေ200အဝိစိတွင်းများ ရှိကြသည်။ကလေးများ ရေကစားဖို့ ရေကိုသဘောကြည်ဖြူစွာ ပေးကြသည်။ ရေပေးတဲ့ အိမ်နဲ့ဝေးတဲ့ ကလေးတွေကြတော့ နွေရာသီ အလယ် ကြာပင် ရှည်ရှည် များရှ်ိသော ဘုန်ကြီးကျောင်း တို့ရှိရေကန်များနဲ့ ရက်ကွက်ထဲရှိ ရေကန်များမှ ရေများခပ်ကြသည်။ ကလေးတွေ ဂရုတော့စိုက် ရတာပေါ့ ရေခပ်တယ်ဆိုတော့ အန္တရယ်များသည်။
ဘေးလွယ်အိတ် ထဲမှာ ဆီဘူးအခွံကြီး ထဲရေထည့် ရေပြွတ်တစ်လတ် မျက်မှန်အမဲကြီးတက်သူကတက်၊
မျက်နာဖုံးစွပ်သူက စွပ်ပြီးရက်ကွက်ထဲရှိ ကလေးများ ရေစစ်တိုက်ဖို့ ရပ်ကွက်အချို့ကို ထွက်သွားကြသည်။ မိမိလည်း ခြံအပြင်ထွက် လိုက်သည့် အခါ မိုးရွာကာစ မြေသင်းအနံလေးလို ရသည်။ အကြောင်းမှာ အတာရေစိုနေသော လမ်းကွက်ကြားများကြောင့်ဖြစ်သည်။
သင်္ကြန်မိုးပြေးလေး လာမလာလာ မသေချာတာပေ သို့သော်လမ်းထိပ် လမ်းသုံးခွဆုံရှ်ိ ခြံကြီးထဲတွင် ပိထောက်ဖူးများက မိုးကိုမျှော်လင့်လျှက်ရှိသည်။ ပိထောက်ပင်ကြီးအနီးတွင် ကျနော်ညီ ထူးထူးတို့ အုပ်စု ရေကစားနေကြပြီဖြစ်သည်။ ရန်ကုန်က နှစ်တိုင်း
သင်္ကြန်ဆို လာလည်ကျဖြစ်သော စာရေးသူ၏ ဖခင်မိတ်ဆွေမိသားစုလိုက်လာလည်ကျသည်။ အဖေမိတ်ဆွေ၏ သားဖြစ်သူ ကျနော်သူငယ်ချင်း မင်းခန့် နဲ့အတူ စက်ဘီးတစ်စီးဖြင့် လူပျော်လေးများ အုန်းလက်မဏ္ဍပ်သို့ ထွက်ခွာပါပြီ။ အရင်ဆုံး ခြံဝင်ဝတွင်ရှိသော အမေ နဲ့ ကျနော်ခူးထာသော အတာအိုးကို ကျော်လွန်သည်။ ခြံပြင်ရောက်။
ကျနော်က စက်ဘီးနှင်းသည် မင်းခန့်ကနောက်က လိုက်စီးသည်။ ခြံရှေ့မှ စထွက်သည်နဲ့ တစ်အိမ် မကျော်သေးခင်မှာ ဘုတ်ဘုတ်တို့ ညီအမက ခွက်ဖြင့် ပတ်လိုက်သော ကြောင့် အတာရေ စိုပြီဖြစ်သည်။
"ပြုံးတော်မူပါရွှေမျက်နာ မုန်းတော်မူရင်ဖြေလှည့်ပါ
ပိတောက်တွေဝေစာ ရွေလူးကာ လက်ဆောင်ယူပါ ဒီနှစ်ကူးမှာ အပြုံးချင်းပြိုင်လို့ လန်းဆန်းကြပါ ထူးမြတ်တဲ့ ဒီချိန် အခါ မင်္ဂလာယူဆန်းပါ ခင်ဗျာ......"
အတာသီချင်းလေးညည်းလိုက်လေးသည်။ ဒါတောင်ရေတစ်ပုံးစာပဲရှိသေးတယ် ပြီးတော့ တစ်အိမ်ကျော် ရှိသေး။ တစ်လမ်းလုံးတွင် ကလေးတွေ အပြင် ကျနော် တို့ ထက် ငယ်တဲ့ ဆယ်ကျော်သက် ကောင်လေး၊ ကောင်မလေးများ ကလေးများက ရေပတ်ကြသည်။
ကျနော်က စ နောက်သည့် သဘောဖြင့် ရေပတ်မခံပဲ စက်ဘီးအမြန်နင်း သောကြောင့် ခွပ်စောင်း ခုတ်သည်။ ကျောမှန်ကာ စပ်ဖျင်းဖျင်းဖြစ်သွားသည်။ စိတ်တော့ဆိုးတာပေါ့ ဒါပေမဲ့ ကိုလဲ သူများကို ခွပ်စောင်းခုတ်ခဲ့ဖူးတာပဲ ဒါကသင်္ကြန် ထွက်ပြေးလို့မရတဲ့ လွတ်မြောက်ခြင်းတစ်ခု။ကြည်စားမှုလေးတစ်ခု။
မိနစ် ၁၅မိနစ်လောက်အကြာတွင် လူပျော်လေးများဆီသို့ရောက်ပါပြီ။ မူကြိုထဲက သူငယ်ချင်း ထက်ရှိုင်းသည် အုန်းလတ်မဏ္ဍပ်ထဲမှ ထွက်လာပါသည်။
မင်္ဂလာရှိသော အကြို နေ့ နံနက်ခင်းမှာ စကားတစ်ခွန်းဆိုလိုက်ပါသည် ။ "ခွေးကောင် အချိန်ကိုကြည့်အုံး မနက်ကစတုတီတာကျွေးတော့လည်း မလာ၊ လာတော့လည်း ၁၀နာရီထိုးတော့မယ် "ဟု ထက်ရှိုင်းကဆိုပါသည် ။ ဟုတ်တယ်ကျနော်က အိပ်ယာထနောက်ကြသွားတာ။ စတုတီတာက မနက် ၇နာရီလောက်ထဲကစ ကျွေးနေတာ။ဒါနဲ့ သူက ဘယ်သူလဲ ။ "အော် ဒါက မင်းခန့် ငါ့ သူငယ်ချင်း "။ "မင်းခန့် ဒါက ငါ့သူငယ်ချင်းထက်ရှိူင်း နုမပေး ယောက်ဖ ငါညီမနဲ့ကြိုက်နေတာ ဒီကောင်က"။ "မတန်ပါဘူး သူမျက်နာကြီးနဲ့" ဟုဆိုလ်ိုက်သောအခါ မင်းခန့်လည်း ရယ်ထက်ရှိုင်းရော ကျနော်ရော ရယ်ကျသည်။ အုန်းလတ်မဏ္ဍပ် ထဲတွင်
ကော် စည်ပိုင်း အပြာကြီး ၂လုံး၊ ဖက်ကြမ်းဆေးလိပ်တွေထည့်တဲ့ ဖတ်တောင်း ထဲကျွတ်ကျွတ် အိတ် စွပ်ထားတဲ့ရေတိုင်ကီက ၁လုံး ရေများအပြည့်ဖြည့်၊
လမ်းသွားတဲ့ လူတွေကို ရေများပတ်ကြသည်။
ဖတ်တောင်းများမှာ အပေါက်များပါသည် ကျွတ်ကျွတ် အိပ်ကြီး စွပ်လိုက်တော့ ဟန်ကျသွားတာပေါ့။ အုန်လတ် မဏ္ဍပ်ရဲ့ ရှေ့ထိပ်တွင် စကော ၅ချပ်ဖြင့် တစ်ချပ်ကို တစ်လုံးစာရေးထားသည်။ဒါကတော့ လူ ပျော် လေး များ။ အစကတော့ ရန်ကင်းလေးများ လို့ ပေးမို့ပါပဲ။ မနှစ်က ဒီနာမည်သူငယ်ချင်း တွေ ပေးဖြစ်သွားတာ။ အဲ့မနက်ခင်းမှာ သူငယ်ချင်းများစုံသည်။ စတုဒီတာကျွေးတာဆိုတော့ ကောင်လေးတွေ ရော ကောင်မလေးတွေပါ စုံတယ် လမ်းမတွေမှာတော့ လူတွေက ဖျတ်သွားဖျတ်လာရယ် စက်ဘီးနဲ့ ရေပတ်ခံတဲ့ ချစ်သူ ရည်စားအတွဲတွေ ၊ ကလေးတွေ ပဲရှိတယ်။
"ရင်ခုန်အောင်စိုစမ်းပါ အုံး
လောင်းလိုက်တော့ ချမ်း ချမ်း
ရင်မှာတုံတုံ တီးပါ ဗုံဗုံ ......."၃ခေါက် ကြားစေ
သီချင်းကို နောက်ဖက်တွင်ဖွင့်ထားပြီး အရှေ့မှာ ဦးလေးကြီးတစ်ယောက်နဲ့ ကျနော်တို့ အတူပွဲကနေသည်။ ဦးလေးကြီးမှာ မူးနေပြီ လူပျိုပေါက်ကျနော်တို့မှာလဲ အရက်ကို အနည်းငယ်သောက်သူကသောက်ထားသည်။
"ယမ်းနွဲ့ စွာ တီးကွက်နဲ့အတူကစင် နွဲကျမယ် မရိုးတဲ့သင်္ကြန်ပွဲမှာ........."မှာ အော့ တစ်ပုဒ်။
အကြိုနဲ့ အကျနေသည် သိပ့်ပြီး ကျနော်တို့ မြို့လေးတွင် လူမစည်ကားပေ။ အကြတ် နေနဲ့ အတက်နေ့တွင်
တစ်မြို့ရှ်ိ လူများ ဖြင့်စည်ကားသည်။ နယ်မြို့လေးဖြစ်တာ ကြောင့် ကားများ ဖြင့် ရေပတ်ခံသည့် သူများ၊ သုံးဘီး /တုတ်တုတ်/တို့ဖြင့် ရေပတ်ခံသူများရှ်ိသော်လဲ မြို့ပတ်လမ်းမှာ ၁မိုင်ခွဲခံရှိသော စည်ကားသော လမ်းလျှောက်သင်္ကြန်ဖြစ်သည်။မြို၏ ဗဟို ရေပတ် မဏ္ဍပ်မှာလဲ ဒုတိယ အကြိမ်သာရှိသေးသည်။
ရေပတ်တစ်လှည့် လမ်းလျှောက် တလှည့်နဲ့ မြို့ ပတ်လမ်းမကြီးတွင် လူများအထူးစည်ကားသည်။
လူငယ်များသည် ဗဟိုမဏ္ဍပ်ထက် အုန်းလတ် မဏ္ဍပ် ရှ်ိရာတွင် ပို၍ ပျော်ကြသည်။ ရေမွေး ပတ်ဖြန်းသလို ကောင်လေးများက ကောင်မလေးများကို သနပ်ခါး ပါးကွက်ကွက်ပေး ကြသည်။ အပျို လူပျို များ နဲ့ အိမ်ထောင်ရှိသော သူများပါသည်။
စတုတီတာကျွေးမွေးမှုများကြောင့် ခိုက်ခိုက်တုံနေသော လူများသည် သက်သာခွင့်ရခဲ့သည်။ ဒီလိုရေစိုနေချိန်တွင် ဗိုက်ကလဲ ဆာသည်။ ကြက်သားဆန်ပြုတ် တစ်ပန်းကန်သည် ပူပူနွေးနွေးလေးနဲ့ ဆက်ပြီး ရေပတ်ခံဖို့ "တူပို့ .....တူ့ပို...."နဲ့ ဆက်ပြီးကနိုင်ဖို့ အားဖြစ် စေခဲ့သည်။ မုန်လုံး ရေပေါ်သည် ရေပျော်များအတွက် စားမဝ ဖြစ်နေသည်။ လုံးတဲ့သူက လက်မလှည် ပြုတ်တဲ့သူကလက်မအားပေ။ ငှက်ပျော ဖတ်ရွတ်လေးထဲ အုန်းသီးလေး ဖြူး ပူးပူးလေး လွေလိုက်သည်။ လူပျို ပေါက်စ အပျိုဖြန်းလေးများ မျက်နာကလေးများက ပြုံးစိ ပြုံးစိ ဖြင့်စားကြသည် ရေကစားကြသည်။
စာရေးသူ၏ အဖိုးဖြစ်သူ သည် ပိထောက်ခတ်ကို ငွေဖလား ထဲ့မှာ ရေမွေးမွေး ဖြင့် ရှေးရိုးဆန်ဆန် ပတ်သည်။ သူပြောသည့် စကားကား "စိတ်မဆိုးနဲ့နော် အတာ သင်္ကြန်ကို ပိထောက်ခတ်ဖြင့် ပတ်ပါရစေ"။
အော် ဒီလိုနဲ့ သင်္ကြန်ဟာ အတက်နေ့ ညနေဘက်မှာ နေညိုဆည်းဆာ နဲ့အတူ ပျော်ပျော်ရွင်ရွင် နှုတ်ဆက်ခဲ့သည်။ ယောဂီ ဥပုပ်သည် တရားစခန်း ဝင်သူတို့ ကလည်း တရားပွဲရေစက်ချ အမျှဝေကာ သာဓု သုံးကြိမ်ခေါ်ကာ အိမ်ပြန်လာခဲ့ကြပြီ။ လမ်မများက ရေတွေရွဲပြီးကျန်ခဲ့ ၊ မြေသား ရှိသောနေရာ များက ရေအိုင် လေးများအဖြစ် ချန်ခဲ့ကြ။
ရေပတ်ခံတဲ့ တစ်မြို့လုံးက သူတွေကလဲ အတာရေစိုစို နဲ့အိမ်ရှိရာသို့ ပြန်လာကြပြီး နောက်တစ်နေ့ နှစ်ဆန်းတစ်ရက်နေ့တွင် ကုလိုလ်ကောင်းမှုလုပ်ကြတော့မည်။
တကယ်တော့ နောက်ဆုံးဆယ်ကျော်သက် အတာသင်္ကြန်ဟာ အသက် ၁၇နှစ်အရွယ် အဲ့နှစ် အတက်နေ့ ညနေထဲကပြီးသွားခဲ့ပါသည်။
နောက်နှစ်အတာ သင်္ကြန်ရောက်တော့ ကမ္ဘာ ကပ်ရောဂါကြီးဖြစ်တယ်လေ အဲ့လိုနဲ့ တစ်နိုင်ငံလုံးသကြန် မကျင်းပရဘူး အဲ့သင်္ကြန်က ၅ရက်တောင်ဗျာ။
အဲ့နောက်နှစ်က နိုင်ငံရေး အ ခြေနေကြောင့် ရေတော့ပတ်ကြတယ် အခါတိုင်းလို မစည်ဘူး။ သက်တူရွယ်တူ ငယ်သူငယ်ချင်းတွေလဲ အခုဆို ခေတ်ကာလရဲ့ အခြေနေတွေကြောင့် ထိုင်း ၊
မလေရှား၊ စင်္ကာပူရ (စင်ကာပူ)၊ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်၊UAE နှင့် အနောက်နိုင်ငံများသို့ရောက်သူက ရောက်နဲ့ ရေကြောင်းသင်္ဘောသား ဖြစ်တဲ့သူများလဲဖြစ်နေကြပါပြီ။
တကယ်တော့ သနပ်ခါး လူးပေးခဲ့တဲ့ လက် ကလေးနဲ့ပါးနုနုလေးဟာ အခုတော့ရေမြေတွေခြားနေ ပါပြီ။
ပိထောက်ဖူးလေးတွေလဲ လွမ်းလှသည့် အရပ်ဆီက ကို မွှေးချင်လှ၏။ တကယ်လို့ စောစောသာသိခဲ့ရရင်
ကိုဟာ အကြိုနေ့မနက် စတုဒီတာကိုလဲမှီ အောင်သွားမယ်။ ထက်ပြောရရင် ပါးပြင်လေးကိုလဲ ဦးအောင်ပါးကွက် ကွက်ပေးချင်တယ်။
အဖိုးပြောသလို စိတ်မဆိုးနဲ့နော် အတာသင်္ကြန်ကို
ပိထောက်ခတ်ဖြင့်သာ ပတ်ပါရစေ။
ပိထောက်ခတ်နဲ့ပဲ ပတ်ပါရစေ၊
မြန်မာတစ်နိုင်ငံလုံး ပိထောက်ခတ်ဖြင့် ညှင်သာစွာ အတာသကြန်တိုင်း ရေစို ဖြန်းနိုင်ပါစေသား။
#အောင်မိုးချမ်း ဧပြီ ၁၃ရက် ၂၀၂၅
ကပ္ပလီ ပင်လယ်ပြင် တစ်နေရာမှ
Arr Man
Htet Shine
ThannHein Kywel
Min Khaing Khant Ti Aung
Kyaw Htoo Lwin Iamthantwin Htoo Aung Lin
Keep Reading