Author's Profile Photo

လွမ်းဝေးအိမ်

15/03/2026

ကဗျာ

1 min read
Book Review
Entertainment
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ

ကဗျာဆိုတာ
နှလုံသားထဲက လာတာ
ဦးနှောက်ကထွက်လာတာ မဟုတ်ဘူး
လွယ်တယ်ထင်လား
မင်းစမ်းကြည့်လေ
ခေါင်းငြိမ့် ခေါင်းခါလာမလုပ်နဲ့
နှလုံးသွေးနဲ့ ဖြစ်တည်
စကားလုံးအဖြစ် အသက်သွင်း
မင်းနဲ့ နည်းနည်းမှမထိုက်တန်ဘူး
တောက် တချက်ခေါက်တယ်
သက်ပြင်း တချက်ချတယ်
ဒီလိုနဲ့ဘဲ အသက်တွေကြီး
ငါ့ ရတက်မီးကလဲမငြိမ်းသေးဘူး
ဘာဘဲဖြစ်ဖြစ်
ဘေးထွက်ရပ်ကြည့်နေရတဲ့ ဘ၀မှာ
ဆန္ဒပြကြည့်မိတာ မှားလား
ငါ့ရင်ခွင့်က မင်းထွက်ပြေး
ဝေးဝေးနေတာ(မင်းမှန်ပါတယ်)
ဒီကောင့် နှလုံးသားက
ဂုဏ်ရွှေငွေ ပကာသနထက်
စကားလုံးလှလှလေးတွေက
ပိုပိုထွက်တက်သကိုး


လွမ်းဝေးအိမ်

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ