Alien's Diary

"လူတွေအကြောင်း ပိုသိချင်ရင် စီးပွားရေးလုပ်ပါ..."
ကျနော် အရင်ကုမ္ပဏီမှာ ဝန်ထမ်းလုပ်ခဲ့တုန်းက Working Environment အရမ်းကောင်းခဲ့လွန်းတာကြောင့် လူတွေအကြောင်းကို လိုတာထက်ပိုပြီး သိပ်မသိခဲ့ပါဘူး။
ဒါပေမယ့် အခုလိုမျိုး စီးပွားရေးစလုပ်ချိန်ကစပြီး ပတ်ဝန်းကျင်မှလူတချို့ရဲ့ စိတ်ရင်းသဘောအမှန်ရယ်၊ လူတွေရဲ့ Dark Sides မျိုးစုံကိုပါ သိခွင့်၊ လေ့လာခွင့် ရခဲ့ပါတယ်။
ပတ်ဝန်းကျင်မှာ လူ(၅)ယောက်ရှိရင် (၄)ယောက်သောလူတွေက မင်း ကြီးပွားသွားမှာ၊ ချမ်းသာသွားမှာကို မမြင်ချင်ပါဘူး။
တကယ်လို့ မင်းကိုယ်တိုင်ကသာ သူတို့ဆီသွားပြီး လုပ်ငန်းစဖို့ အကြံဉာဏ်တောင်းမယ်ဆိုရင် "သေချာတာက မဖြစ်နိုင်ဘူးဆိုတာအပြင် အရင်းပြုတ်သွားမယ်"ဆိုတဲ့စကားမျိုးကိုသာ ကြားရမှာ ဖြစ်ပါတယ်။
လူအကြောင်းနားမလည်ရင် စီးပွားရေးလုပ်ဖို့ အဆင်မပြေဘူးဆိုပေမယ့် လူတွေအကြောင်းနားလည်ဖို့ လူကြောနပ်ဖို့အတွက်က သေချာပေါက်
ကျနော်တို့ကိုယ်တိုင် စီးပွားရေးလုပ်ကြည့်မှ
ဖြစ်မှာပါ။
စီးပွာရေးစလုပ်ဖို့အတွက်
✅ အရင်းနှီးပမာဏ အများကြီးမလိုပါဘူး၊ သေးသေးလေးက စတင်ကြည့်လည်း အဆင်ပြေပါတယ်။
✅ အဓိကက လုပ်ချင်စိတ်၊ ကြိုးစားချင်စိတ်ပဲ ရှိဖို့ပဲ လိုတာပါ။
✅ ကျန်တဲ့အရာတွေက လုပ်ကိုင်ရင်း အလုပ်ကနေ သင်သွားပါလိမ့်မယ်။
✅ စာများများဖတ်ပါ၊ နည်းပညာနဲ့ပတ်သက်ပြီး အမြဲမပြတ်လေ့လာသင်ယူပါ။
✅ လူတွေအကြောင်းကို စီးပွားရေးလုပ်ရင်း သင်ယူပါ။
အချိန်တစ်ခုရောက်လာပြီဆိုရင်တော့ လူရည်လည်ပြီး ခေတ်မီတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ် ပုံပေါ်လာမှာ အသေအချာပါပဲ။
ကိုယ့်ကိုယ်ကို ယုံကြည်ပါ၊ သင့်ရည်မှန်းချက်တွေ အမှန်တကယ် ဖြစ်လာနိုင်ပါတယ်။
.
"𝗝𝘂𝘀𝘁 𝗮 𝗦𝗶𝗺𝗽𝗹𝗲 𝗡𝗼𝘁𝗲 𝗳𝗼𝗿 𝗬𝗼𝘂"
.
#AliensDiary #Diary #Note #myanmar
Keep Reading