Author's Profile Photo

Reviews by Benevolent

15/12/2025

ဆုလာဘ်

1 min read
Book Review
Novel
Fiction
ဆုလာဘ်'s photo

လူအတော်များများမှာ အကျင့်တစ်ခုရှိကြတယ်။လူတစ်‌ယောက်ကို ပထမဆုံးတွေ့ရင် ထူးဆန်တဲ့မျက်နှာ၊ ရုပ်ဆိုးတာ၊ လှတာ၊ ဝတာ၊ပိန်တာ ဒါကိုပဲအရင်ပြေးမြင်တတ်ကြတယ်။ပိုပြီးသတိထားမိတတ်ကြတယ်လေ။တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာလို့ပြန်တွေ့ရင်တောင် အရင်ဆုံးခန္ဓာကိုယ်က စပြီးမိတ်ဆက်ကြတော့တာ။" နင်အသားတေမဲသွားတယ်နော် မီးသွေးခဲအတိုင်းပဲ၊" "နင် ဝလာတာကလဲ ဝက်ကြီးကျလို့" ဆိုတာမျိုး.....ပေါ့။ပြောတဲ့လူကတော့ စနောက်တဲ့သဘော(တချို့ကတမင်ကိုရည်ရွယ်ပြောချင်တာ)နဲ့ပြောလိုက်တာပါပဲ။အပြောခံရတဲ့သူဘက်က ကြည့်ရင် နာကျင်သွားစေနိုင်တယ်။'' ကြီးမြတ်ခြင်း "ဆိုတာ..... ခွန်အားကြီးခြင်းတစ်ခုတည်းမဟုတ်ဘူး။ ခွန်အားကိုမှန်ကန်စွာ အသုံးချခြင်းသာ ဖြစ်တယ်။ သူတစ်ပါးရဲ့စိတ်နှလုံးကို လှုပ်ခတ်ဖေးမနိုင်တဲ့ သူဟာ အကြီးမြတ်ဆုံးသောသူ ဖြစ်တယ်။

အခုပြောပြချင်တဲ့စာအုပ်လေးက စာမျက်နှာ ၃၉၆ ပါဝင်တယ်။အမေရိကန်စာရေးဆရာမ R.J PALACIO ရဲ့ WONDER ဆိုတဲ့ဝတ္ထုကို ဆရာချမ်းမြေ့ဝင်း ဘာသာပြန်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းကမွေးရာပါရှားပါရောဂါတစ်ခုကြောင့် မျက်နှာတစ်ခုလုံး ခွဲစိတ်ပြုပြင်ထားရပြီး အများနဲ့မတူတဲ့မျက်နှာကိုပိုင်ဆိုင်ထားတဲ့ ၁၀ နှစ်သားအရွယ် အောဂီ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်အကြောင်းပါ။ငယ်ငယ်ကတည်းက ကျောင်းနေဖို့အဆင်မပြေလို့ အိမ်မှာပဲ အော်ဂီရဲ့အမေကစာသင်ပေးခဲ့ရတယ်။ ၁၀ နှစ်သားအရွယ်ရောက်တဲ့အခါ ကျောင်းတက်ဖို့အတွက်မဖြစ်မနေပြင်ဆင်ရတော့တယ်။
ဒီအချိန်မှာ အောဂီ စပြီးရင်ဆိုင်ရတာက သူနဲ့ရွယ်တူသူငယ်ချင်းတွေကြားမှာ ဝင်ဆံ့ဖို့ကြိုးစားရတာပဲ။ လူအများရဲ့ အကြည့်တွေ အပြောတွေဟာ အော်ဂီရဲ့မျက်နှာပေါ်ကိုပဲရောက်နေကြတယ်။ အလွန်ရုပ်ဆိုးတယ်ဆိုပြီး လှောင်ပြောင်မှုတွေကြုံရတယ်။ကျောင်းမှာသူအနားကိုမကပ်ချင်တဲ့သူငယ်ချင်းတွေ၊ တူတူမထိုင်ချင်တဲ့သူတွေနဲ့ သူရင်ဆိုင်ခဲ့ရပြန်တယ်။ ငယ်ဘဝ ကျောင်းတွေရဲ့ထုံစံအတိုင်း နာမည်ပြောင်တွေပေးကြတယ်။အသားမဲရင် ကု/လား ၊ ဝရင် ဝက်ကြီး ၊ ပိန်ရင် ဝါးခြမ်းပါး ၊ အရပ်ပုရင် ဂျပု/လူပုလေး စသဖြင့် bully လုပ်မှုတွေကြုံရတယ်။ အနိုင်ကျင့်တာ (bully) လုပ်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ထိုးမှ ကြိုတ်မှ ပြောတာတစ်ခုတည်းမဟုတ်ပဲ တစ်ယောက်တည်းခွဲခြားဆက်ဆံခံရတာလည်း bully လုပ်ခြင်းတစ်မျိုးပါပဲ။ ဒီစာအုပ်လေးထဲက ၁၀ နှစ်အရွယ် အော်ဂီ ကိုလည်း ဘီလူးလေးလို့အခေါ်ခံရတဲ့ထိအောင် သူခံခဲ့ရတယ်။ဒါက တဖက်လူရဲ့ဖြစ်တည်မှုကို ပြောလို့ရတယ်။လှောင်ပြောင်လို့တော့မရဘူး။ ဒီလူကဝလို့ မလှလို့၊အသားမဲလို့ သူနဲ့မပေါင်းချင်ဘူးလားရသေးတယ်။သူကိုလှောင်ပြောင်ပြီးနှိမ့်ချဆက်ဆံလို့လုံးဝမရဘူးနော်။ အသားမဲလို့ အသားမ

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 100 points.