Author's Profile Photo

Aung Thu Ya Kyaw

19/11/2025

အရောင်းကြာနေလျင်

1 min read
Business
Finance
အရောင်းကြာနေလျင်'s photo

အရောင်းတင်ထားတာ ကြာနေပြီ လာမေးတဲ့သူ မရှိတော့တာ၊ မေးပေမယ့် တကယ်မဝယ် အမေးတစ်ခုပဲ ဖြစ်နေတာ ကြုံဖူးမှာပါ။ ဒါတွေက ဈေးခေါ်တာ မှားနေသလားဆိုတဲ့ သံသယ အရောင်းတိုင်းမှာ ရှိကြတယ်။

ဈေးတန်းဆိုတာက ဒေတာအချက်အလက်တွေကို မှီခိုရသလို လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေလဲ သိနေဖို့လိုတယ်။

1) Economic Forces
2) Personal Forces ဆိုတာရှိတယ်။

တစ်ခါတစ်လေ ဈေးခေါ်တာ မှားနေတာရှိသလို တစ်ခါတစ်လေ "Right Audience" စီကိုရော ရောက်မိနေသလား မေးစရာဖြစ်တယ်။

Lead Generation ဆိုတာ ရှိတယ်။ နားလည်အောင် ပြောရရင် အဝယ်၊ အရောင်း တွေကို ရှာတဲ့ ဖြစ်စဉ်တစ်ခုလို့ မှတ်ထားနိုင်တယ်။
-

ဘယ်လိုရှာရမလဲ?

တစ်ချို့က အိမ်ရှေ့ ဆိုင်းဘုတ်ကပ်တာရှိတယ်။ လိုင်းပေါ်တင်ရောင်းတာ ရှိတယ်။ အေးဂျင့် ကို အပ်တာ ရှိတယ်။ အမျိုးမျိုး လူတွေမြင်နိုင်ဖို့ ကြိုးစားရတယ်။

ဒီမှာ တစ်ခုပြောလိုတာက အရောင်းတစ်ခုက အရမ်း "Hot" သွားတိုင်းမကောင်းဘူးဆိုတာ သိဖို့လိုတယ်။ လူတွေရဲ့ Psychology ကိုက "ရှားပါး" ဆိုလျင် သူတို့ပိုသဘောကျကျတယ်။ ဒီတော့ Over မဖြစ်အောင်လဲ ကြော်ငြာဖို့လိုတယ်။

ဆိုင်းဘုတ်ကပ်ထားတယ်။ နွမ်းဖတ်နေအောင် ထားတာတွေရှောင်သင့်တယ်။ သစ်လွင်ပြီး အရောင်တောင့်တာမျိုး ဖြစ်ရမယ်။ ဒါတွေက အခြေခံဖြစ်တယ်။
-

Lead Generation Methods တွေက ဒီထက်ပိုရှိပါတယ်။ ဒါတွေက Professional သမားတိုင်းက သုံးကြပါတယ်။

ဒီမှာ သာမန်ရောင်းသူနဲ့ Professional ဘာကွာသလဲဆိုလျင် နယ်ပယ်တစ်ခုမှာ အချိန်ကြာမြင့်စွာ တည်ရှိနေသူနဲ့ အခုမှ ဝင်ရောက်သူ ကွာကွာပါတယ်။

နားလည်အောင်ပြောရရင် ငှားမြှားတယ်ဆိုလျင် ငါးမြှားတံကို ရေထဲချလိုက်တာနဲ့ တန်း ငါးဟပ်ဖို့ဆိုတာ ကံ လိုပါတယ်။ ကံကောင်းတဲ့သူတွေကတော့ ချက်ချင်း ဟပ်သွားနိုင်တယ်။ ဆိုးတာက ကံကလဲ အမြဲကောင်းနေလို့မရဘူး။ Consistency ရှိဖို့လိုတယ်။

ဒီလိုပါပဲ အချို့ရောင်းသူတွေ ကံကောင်းစွာနဲ့ မြန်မြန်ရောင်းထွက်သွားတယ် ဆိုပေမယ့် ရောင်းမထွက်ဘဲ နှစ်ရှည်နေတဲ့ သူအချို့လဲ ရှိတယ်။

သိန်း ၃၀၀၀ ခေါ်တဲ့ အချိန် ပေါက်ဈေးက သိန်း ၂၀၀၀ ပဲ ရှိလို့ ရောင်းမထွက်တဲ့သူက ပေါက်ဈေး ၃၀၀၀ ရောက်တဲ့ အချိန်မှ ရောင်းထွက်တာမျိုးရှိတယ်။

Professional သမားတွေကတော့ Consistency သမားတွေဖြစ်တယ်။ သူတို့မှာ အမြဲ အဝယ်၊ အရောင်း မေးသူတွေ ရှိတယ်။ ဒါကြောင့် သူတို့အနေနဲ့ ကံပေါ် မှီခိုစရာမလိုလဲ အရောင်းအဝယ်က အမြဲ ဖြစ်နေတာ ဖြစ်တယ်။
-

ဒါကြောင့် အရောင်းတိုင်းက ပေါက်ဈေးတန်းအတိုင်း ခေါ်ပေမယ့် ရောင်းမထွက်ရခြင်းဟာ "Right Audience" စီကိုရော ရောက်နေသလား ဆိုတာ ထည့်သွင်းစဉ်းစားရမယ်။ "Lead Generation" လုပ်တတ်ရမယ်။





Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်Product တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုအလုပ်ထွက်ဖို့ စဉ်းစားနေပြီလားရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုPersonal Finance အရ စတင် တည်ဆောက်ချိန်