Author's Profile Photo

ReadAct

13/11/2025

လူတိုင်း စာရေးကြတယ် - အပိုင်း ၄: ထုတ်ဝေမှု စည်းမျဉ်း

2 mins read
Book Review
Education
Marketing

ကျွန်တော်တို့ 'Post' ခလုတ်လေးကို နှိပ်လိုက်တယ် ဆိုတာဟာ ရိုးရိုးလေး လုပ်လိုက်တာ မဟုတ်ဘူးတဲ့။ Ann Handley က ပြောတာကတော့ "ထုတ်ဝေတယ်ဆိုတာ တာဝန်ယူမှုနဲ့ လေးစားမှုပဲ" တဲ့။

စဉ်းစားကြည့်ပါ။ အွန်လိုင်းပေါ်မှာ Content တွေက ပြည့်လျှံနေတာ။ အဲဒီထဲမှာ တကယ့်အကောင်းဆုံး စာရေးဆရာတွေနဲ့ Marketer တွေက ဘာလုပ်လဲသိလား? သူတို့ဟာ ကလစ်ရဖို့ထက် လူတွေရဲ့ ယုံကြည်မှုကို ရဖို့ ဖြောင့်မတ်မှု၊ တိကျမှုနဲ့ စာနာမှုအပြည့်နဲ့ ထုတ်ဝေကြတာ။

Ann Handley ကတော့ Content ထုတ်ဝေတာကို လူတစ်ယောက်ရဲ့ အာရုံစိုက်ချိန်ကို ရလိုက်တဲ့ အခွင့်အရေးလို့ သဘောထားပြီး၊ ဒီအချိန်ကို တန်ဖိုးထားဖို့ ပြောတယ်။ ဒါကြောင့် စာရေးတဲ့အခါ “မင်းတို့ စာဖတ်သူကို အကျိုးပြုဖို့ အမှန်တရားကို ကောင်းကောင်းပြောပါ” တဲ့။ 


အပိုင်း ၄ ထဲက အဓိက လမ်းညွှန်ချက်တွေ

  • Brand Journalism ဆိုတာ စစ်မှန်တဲ့ သတင်းလိုပဲ!
  • Brand Journalism ဆိုတာ ခင်ဗျားရဲ့ Brand ရှုထောင့်ကနေ တကယ့်ဖြစ်ရပ်မှန်တွေ၊ ယုံကြည်ရတဲ့ ဇာတ်လမ်းတွေကို သတင်းထောက် တစ်ယောက်လို စည်းကမ်းတကျ ပြောပြတာ။ ဒါဟာ အရောင်းမြှင့်တင်တာ မဟုတ်ဘူး၊ ယုံကြည်စိတ်ချရမှု တည်ဆောက်တာ။ ဥပမာ- တကယ့် customer တွေ၊ ဝန်ထမ်းတွေရဲ့ အကြောင်း ပြောပြတာ။ ပြောတဲ့အခါ တိကျတဲ့ ဒေတာတွေကိုပဲ သုံး၊ ချဲ့ကားတာ ရှောင်။


  • အမှန်တရားကိုသာ ပြောပါ:
  • Authenticity (စစ်မှန်မှု) က အမြဲနိုင်တာ။ မမှန်တဲ့၊ ချဲ့ကားတဲ့ စကားတွေ၊ 'Marketing Spin' တွေ မသုံးပါနဲ့။ လူတွေက လိမ်ညာတာကို ချက်ချင်းသိတယ်။ ပွင့်လင်းမြင်သာမှုဟာ ကျင့်ဝတ်နဲ့ ညီရုံသာမက စီးပွားရေးအရလည်း အရေးပါတယ်။


  • Story Moments တွေ နေရာတိုင်းမှာ ရှိတယ်ဆိုတာ မြင်ပါ:
  • ဇာတ်လမ်းတွေက ဘယ်မှာမဆို ရှိနေတာ။ Customer ရဲ့ Feedback လေးတွေ၊ အလုပ်မှာ ရလိုက်တဲ့ အောင်မြင်မှုသေးသေးလေးတွေ၊ သင်ခန်းစာတွေ... ကောင်းတဲ့ Publisher တွေက ဒီလို 'အမှန်တရား သေးသေးလေး' တွေကို မြင်အောင်ကြည့်ပြီး ဖမ်းယူနိုင်ကြတယ်။


  • Fact-Check လုပ်၊ အတည်ပြုပါ:
  • ကိုးကားတဲ့ စကားတိုင်း၊ ကိန်းဂဏန်းတိုင်း၊ အခိုင်အမာ ပြောဆိုမှုတိုင်းကို စစ်ဆေးပါ။ ယုံကြည်ရတဲ့ Source တွေကိုပဲ သုံးပြီး Credit အမြဲပေးပါ။ အမှားတစ်ခုလေးဟာ ယုံကြည်မှုကို ပျက်စီးစေပြီး၊ ပျက်သွားရင် ပြန်တည်ဆောက်ဖို့ ခက်တယ်။


  • Curate လုပ်ရင်တောင် ကျင့်ဝတ်နဲ့ညီပါစေ:
  • သူများ Content ကို ပြန် Share ရင်တောင် မူရင်းဖန်တီးသူကို အမြဲတမ်း Credit ပေး၊ ကိုးကားပါ။ Curating ဆိုတာ Link ပြန် Share ပြီး ကိုယ့်အတွေးအမြင်ကို ထပ်ဖြည့်ပေးတာ၊ Copy ဆွဲတာ မဟုတ်ဘူး။


  • မူပိုင်ခွင့်ကို လေးစားပါ:
  • ပုံတွေ၊ စာသားတွေ၊ Logo တွေကို ခွင့်ပြုချက်မရှိဘဲ ခိုးသုံးတာမျိုး မလုပ်ပါနဲ့။ Copyright နဲ့ Fair Use ကို နားလည်ထားတာဟာ ပရော်ဖက်ရှင်နယ် ဆန်တာပဲ။


  • ဒေတာကို လူသားဆန်မှုနဲ့ ပေါင်းပါ:
  • ဒေတာ (Data) က ခင်ဗျားရဲ့ စကားကို အားဖြည့်ပေးတယ်။ ဒါပေမဲ့ ဒေတာတွေချည်းကြီးနဲ့ ဖတ်သူကို မလွှမ်းမိုးပါနဲ့။ ဒေတာကို စိတ်ခံစားမှုနဲ့ တွဲသုံးပါ။ နံပါတ်တွေက 'ဘာလဲ' ဆိုတာကို ပြောပြပြီး၊ ဇာတ်လမ်းတွေက 'ဘာကြောင့်လဲ' ဆိုတာကို ပြောပြတယ်။


  • "ရေကဲ့သို့သော စိတ်" နဲ့ ထုတ်ဝေပါ:
  • အလျင်စလို မလုပ်ဘဲ၊ တည်ငြိမ်ပြီး စဉ်းစားဆင်ခြင် ပြီးမှ ထုတ်ဝေပါ။ စဉ်ဆက်မပြတ် သင်ယူပြီး ပြင်ဆင်နေဖို့ပဲ အာရုံစိုက်၊ Content ​တွေ ကမန်းကတန်း ထုတ်ဖို့ မကြိုးစားနဲ့။


အနှစ်ချုပ်ပြောရရင်- "ထုတ်ဝေတာဟာ Content ကို တွန်းပို့တာ မဟုတ်ဘူး။ ရိုးသားတဲ့ ဇာတ်လမ်းတစ်ပုဒ်ချင်းစီနဲ့ ယုံကြည်မှုကို ရယူတာပဲ" တဲ့။


လက်တွေ့ လေ့ကျင့်ခန်း ၃ ခု

လေ့ကျင့်ခန်း ၁ – အမှန်တရား စစ်ဆေးခြင်း (Truth Audit)

  • လုပ်နည်း: ခင်ဗျား မကြာသေးခင်က ရေးထားတဲ့ Post ဒါမှမဟုတ် Email တစ်ခုကို ကောက်ယူပါ။
  • မေးခွန်းတွေ: "ငါ ပြောထားတဲ့အချက်တိုင်းကို သက်သေပြနိုင်လား?"၊ "ငါ ချဲ့ကားပြောတာတွေ ရှိခဲ့လား?"၊ "အရင်းအမြစ်တွေကို ကိုးကားခဲ့လား?" လို့ ကိုယ့်ကိုယ်ကို မေးပါ။
  • ပြီးရင် အဲဒီထဲက တစ်စိတ်တစ်ပိုင်းကို ပိုပြီး ပွင့်လင်းမြင်သာအောင် ပြန်ရေးကြည့်လိုက်။
  • ရလဒ်: လိမ်လည်လှည့်ဖျားတာထက် အမှန်တရားကပဲ ရေရှည် ယုံကြည်မှုပေးမှာ!


လေ့ကျင့်ခန်း ၂ – ကျင့်ဝတ်ရှိရှိ Curating လုပ်ကြည့်ရအောင်

  • လုပ်နည်း: ခင်ဗျား နယ်ပယ်မှာ ခေတ်စားနေတဲ့ ဆောင်းပါးတစ်ခုကို ရွေး။
  • အဲဒီဆောင်းပါးကို ခင်ဗျားရဲ့ ကိုယ်ပိုင်အမြင်နဲ့ Insight တွေထည့်ပြီး စကားလုံး ၁၅၀ လောက်နဲ့ အနှစ်ချုပ် ရေးကြည့်ပါ။
  • မမေ့နဲ့: မူရင်း Link ပြန်ချိတ်ပြီး စာရေးသူကို နာမည်နဲ့ Credit ပေးရမယ်။
  • ရလဒ်: Copy ကူးတာဟာ Curating မဟုတ်ဘူး။ Value (အကျိုးရှိမှု) ကို ထပ်ထည့်ပေးတာဟာ Curating ပဲ။


လေ့ကျင့်ခန်း ၃ – ဒေတာမှာ စိတ်ခံစားမှု ထည့်သွင်းခြင်း (Data with a Soul)

  • လုပ်နည်း: ခင်ဗျားရဲ့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အဓိက Data တစ်ခုကို ယူ (ဥပမာ- "ဖောက်သည် ၇၀% က Email ကို ပိုကြိုက်တယ်")။
  • အဲဒီ Data ကို စိတ်ခံစားမှု ပေါ်လွင်စေမယ့် တကယ့် ဇာတ်လမ်း ဒါမှမဟုတ် ကိုးကားချက် တစ်ခုနဲ့ တွဲဖက်လိုက်။
  • ဥပမာ: "ဘာဖြစ်လို့လဲဆိုတော ​ဖောက်သည့် တစ်ယောက်က 'Email တွေက Personal ဆန်ပေမယ့်၊ Social Post တွေက အော်ဟစ်သံလို ခံစားရတယ်' လို့ ပြောလို့ပါပဲ။"
  • ဒီပေါင်းစပ်ထားတဲ့အချက်ကို အတိုချုပ် Post တစ်ခုအဖြစ် ထုတ်ဝေလိုက်။
  • ရလဒ်: နံပါတ်တွေက 'ဘာဖြစ်လဲ' ပြောပြီး၊ ဇာတ်လမ်းတွေက 'ဘာလို့ဖြစ်လဲ' ဆိုတာကို ရှင်းပြပေးတယ်။


အကယ်လို့ ဒီစာက မိတ်ဆွေအတွက် အကျိုးရှိတယ်၊ အသုံးဝင်တယ်ဆို စာရေးတာကို စိတ်ဝင်စားတဲ့ တခြားသူတွေလည်း ဖတ်ရှုလေ့လာနိုင်အောင် ပြန်ညွှန်းပေးပြီး ကူညီပေးဖို့ မေတ္တာရပ်ခံ အပ်ပါတယ်။ အဆုံးထိ အချိန်ပေး ဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

ယခု လက်တွေ့ အသုံးချစာအုပ်ကို Ann Handley ရဲ့ Everybody Writes စာအုပ်မှ ကောက်နှုတ်ပြီး ReadAct အဖွဲ့သားများမှ ပြင်ဆင်၊ တည်းဖြတ်ပါတယ်။

ReadAct: တကယ်​ပြောင်းလဲဖို့ ဖတ်ပြီးရင် ထလုပ်

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ