သူပြောတာက... သဒ္ဒါဆိုတာ မှားယွင်းမှု လုံးဝမရှိအောင် ရေးဖို့ မဟုတ်ဘူးတဲ့။ အဓိကက စာဖတ်သူ ကိုယ့်စာကို ရှင်းရှင်းလင်းလင်း နားလည်စေဖို့၊ ဖတ်လို့ ကောင်းအောင် စည်းချက်ညီဖို့နဲ့ ကိုယ့်ကို ယုံကြည်လာအောင် တည်ဆောက်ဖို့ ပဲတဲ့။
"ငါတော်တယ်" လို့ ထင်အောင် ရေးတာထက် "သူတို့ နားလည်ပြီ" လို့ ဖြစ်အောင် ရေးဖို့က ပိုအရေးကြီးတယ်လို့ သူက ဆိုတယ်။ ဒီအပိုင်းက စက်ရုပ်လိုမျိုး၊ ဒါမှမဟုတ် တင်းကျပ်တဲ့ ဆရာ/ဆရာမ လိုမျိုး မဖြစ်ဘဲ၊ လူသားဆန်တဲ့၊ ယုံကြည်မှုရှိတဲ့ စာသား ဖြစ်အောင် ရေးနည်းတွေကို ပြောသွားမှာပါ။
ဒီအပိုင်းမှာ ကျွန်တော်တို့အတွက် အလွယ်ကူဆုံး မှတ်ထားရမယ့် အချက် (၉) ချက်ရှိတယ်။
- ၁။ လူတွေပြောတဲ့စကားပဲ သုံး:
- Leverage (အကျိုးယူသည်)၊ utilize (အသုံးပြုသည်) စတဲ့ စကားလုံး ကြီးကြီးကျယ်ကျယ်တွေ၊ ရှုပ်ထွေးတဲ့ ကုမ္ပဏီသုံး စကားလုံးတွေကို စွန့်ပစ်လိုက်ပါတော့။
- သူငယ်ချင်းနဲ့ စကားပြောရင် မပြောမယ့် စကားလုံးကို စာထဲလည်း မထည့်နဲ့။
- လုပ်: "ဒီကိစ္စကို ဖြေရှင်းဖို့ အတူလုပ်ကြမယ်။"
- ရှောင်: "မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို အကျိုးယူကြပါစို့။"
- ၂။ စကားလုံးပွကြီးတွေနဲ့ Frankenwords တွေ ဝေးဝေးရှောင်:
- စကားလုံးပွကြီး (Obese Words) ဆိုတာ use အစား utilize လိုမျိုး မလိုအပ်ဘဲ ရှည်အောင် ရေးတာ။
- Frankenwords (ဥပမာ- ideate - အကြံထုတ်သည်) တွေကလည်း သဘာဝမကျဘူး။ စာသားကို ပိန်ပြီး သန့်ရှင်းအောင်ထားရင် ပိုပြီးတော့ ယုံကြည်မှုရှိတယ်။
- ၃။ လျှာရှည်တာ ရပ်လိုက်ပါ:
- ဟက်ရှ်တက်ဂ်တွေ အများကြီးသုံးတာ၊ အီမိုဂျီတွေ အများကြီးထည့်တာ၊ ဖေ့စ်ဘွတ်ခ်ပေါ်မှာ သုံးတဲ့ စကားလုံး အတုအယောင်တွေနဲ့ လိုက်ပြီး Trendy ဖြစ်အောင် မလုပ်နဲ့။ ကိုယ့်ရဲ့ မူရင်းပုံစံအတိုင်းပဲ ရိုးသားပါ။
- ၄။ Active Voice (ကတ္တားပဓာန) ကို သုံးပါ:
- "ပြဿနာကို ငါတို့အဖွဲ့က ရှင်းလိုက်ပြီ" (Active) လိုမျိုး ဘယ်သူလုပ်တယ်ဆိုတာ တိုက်ရိုက်ပြောပါ။
- "ပြဿနာကို ဖြေရှင်းပြီးသွားပါပြီ" (Passive) လိုမျိုး ဘယ်သူလုပ်တယ်ဆိုတာ ဖုံးကွယ်ထားတာမျိုးကို ရှောင်ပါ။ တိုက်ရိုက်ပြောလေ၊ ယုံကြည်မှု ပိုရှိလေ။
- ၅။ အားနည်းတဲ့ ကြိယာနဲ့ Adverbs (ကြိယာဝိသေသန) တွေကို လျှော့သုံး:
- She ran quickly ( သူ မြန်မြန် ပြေးသည်) အစား She sprinted ( သူ အားကုန်ပြေးသည်) လိုမျိုး အားကောင်းတဲ့ ကြိယာကိုပဲ သုံးပါ။ Adverbs တွေက မလိုဘဲ စာကို ပိုရှည်စေတယ်။
- ၆။ Clichés တွေနဲ့ "Zombie Words" တွေ မသုံးပါနဲ့:
- Think outside the box (ဘောင်အပြင်ထွက်၍ တွေးပါ) လိုမျိုး ခဏခဏ သုံးနေကျ စကားစုတွေက စာရေးသူ ပျင်းရိကြောင်း ပြတယ်။
- အဲဒီအစား စစ်မှန်တဲ့ ဥပမာတွေ ဒါမှမဟုတ် စိတ်ကူးသစ်တစ်ခုကို ထည့်ပေးပါ။
- ၇။ သဒ္ဒါစည်းကမ်း ချိုးဖောက်ဖို့ မကြောက်ပါနဲ့:
- and (နှင့်) ဒါမှမဟုတ် but (သို့သော်) နဲ့ ဝါကျစတာ အဆင်ပြေတယ်။ စာကြောင်းအပိုင်းအစလေးတွေ (Fragments) ကိုလည်း စတိုင်လ်ကျအောင် သုံးလို့ရတယ်။ အဓိကက ရည်ရွယ်ချက်ရှိရှိ ဆက်သွယ်ဖို့ပဲ။
- ၈။ အသုံးများတဲ့ မှားယွင်းမှုတွေကို သတိထား:
- Affect နဲ့ Effect၊ Who နဲ့ Whom စတဲ့ အနီးစပ်ဆုံး စကားလုံးတွေကို မရောထွေးဖို့ သတိထားပါ။ ဒါတွေက ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို တည်ဆောက်ပေးတာ။
- ၉။ ရိုးသားပြီး မျှတပါ:
- စာရေးတဲ့အခါ သမာသမတ်ရှိပါ။ ကိုယ်မှန်တယ် ထင်အောင် အချက်အလက်တွေကို မလှည့်ဖျားပါနဲ့။ သဒ္ဒါကောင်းတာနဲ့ ရိုးသားတာဟာ စာဖတ်သူရဲ့ ယုံကြည်မှုကို တပြိုင်တည်း တည်ဆောက်ပေးတယ်။
သင်ခန်းစာ
စာရေးတဲ့အခါ ကျွန်တော်တို့အားလုံး လူသားတစ်ယောက်လိုပဲ ရေးရမယ်။ သဒ္ဒါကောင်းရင် စာဖတ်သူက ဘာအာရုံနောက်စရာမှ မရှိဘဲ ကိုယ့်ရဲ့ ဆိုလိုရင်းကို တန်းပြီး သိသွားလိမ့်မယ်။
လက်တွေ့ လေ့ကျင့်ခန်း (၃) ခု
ဒီစည်းမျဉ်းတွေနဲ့ ရေးတတ်ဖို့အတွက် လက်တွေ့လေ့ကျင့်ခန်း (၃) ခု လုပ်ကြည့်ရအောင်။
လေ့ကျင့်ခန်း ၁- လူစကားနဲ့ ပြန်ရေးနည်း
- လုပ်နည်း: ခင်ဗျား ရေးထားဖူးတဲ့ အီးမေးလ်၊ စာ သို့မဟုတ် post အဟောင်းတစ်ခုကို ယူလိုက်ပါ။ ရှည်လျားပြီး corporate ဆန်တဲ့ စကားလုံးတွေကို ဖျက်ပြီး ခင်ဗျား သူငယ်ချင်းကို တကယ်ပြောမယ့် စကား နဲ့ ပြန်ရေးကြည့်လိုက်ပါ။
- ဥပမာ: "We endeavor to enhance customer satisfaction" → "ကျွန်ုပ်တို့ ဖောက်သည်တွေကို ပိုပျော်အောင် လုပ်ပေးနေပါတယ်"
- ရလဒ်: စာက ပိုရှင်းလင်းလာပြီး ယုံကြည်မှု တက်လာတာ တွေ့ရလိမ့်မယ်။
လေ့ကျင့်ခန်း ၂- Active Voice နဲ့ အားဖြည့်နည်း
- လုပ်နည်း: Passive Voice (ကံပဓာန) နဲ့ စာကြောင်း ၅ ကြောင်း ရေးကြည့်ပါ (ဥပမာ- "ဖိုင်ကို မှားယွင်းစွာ ဖျက်ပစ်ခဲ့သည်")။ အဲဒါတွေကို Active Voice (ကတ္တားပဓာန) နဲ့ ပြန်ရေးလိုက်ပါ (ဥပမာ- "ငါတို့ ဖိုင်ကို မှားဖျက်မိတာ")။
- ရလဒ်: Active Voice နဲ့ ရေးထားတဲ့ စာကြောင်းတွေက ပိုပြီး အသက်ဝင်ပြီး ယုံကြည်မှုရှိတဲ့ လေသံ ပေါ်လာတာကို ခံစားရလိမ့်မယ်။
လေ့ကျင့်ခန်း ၃- Cliché တွေ ရှင်းထုတ်နည်း
- လုပ်နည်း: ခင်ဗျား မကြာခဏ သုံးနေရတဲ့ ဒါမှမဟုတ် မြင်နေရတဲ့ စီးပွားရေး cliché (၅) ခုလောက် စာရင်း လုပ်ပါ။ (ဥပမာ- win-win၊ game changer)။
- တစ်ခုချင်းစီအတွက် လုံးဝ အသစ်ဖြစ်တဲ့ အစားထိုး စကားလုံး ဒါမှမဟုတ် တိကျတဲ့ ဥပမာတစ်ခုနဲ့ ပြောင်းရေးပါ။
- “ဘောင်အပြင်ထွက်၍ တွေးပါ” → “ဘယ်သူမှ မလုပ်ဖူးသေးတဲ့ ဖြေရှင်းချက်တစ်ခုကို ရှာပါ။”
- ရလဒ်: မူရင်း စကားလုံးတွေကိုပဲ သုံးရင် ကိုယ့်စာဖတ်သူကို ပိုပြီး လေးစားရာရောက်တယ်။
“ကောင်းမွန်တဲ့ သဒ္ဒါဆိုတာ ယဉ်ကျေးမှုကောင်း တစ်ခုနဲ့တူတယ်- ကောင်းကောင်းမွန်မွန် သုံးနေရင် သတိမထားမိပေမယ့်၊ လျစ်လျူရှုလိုက်တာနဲ့ ထင်ရှားသွားတာပဲ။”
အကယ်လို့ ဒီစာက မိတ်ဆွေအတွက် အကျိုးရှိတယ်၊ အသုံးဝင်တယ်ဆို စာရေးတာကို စိတ်ဝင်စားတဲ့ တခြားသူတွေလည်း ဖတ်ရှုလေ့လာနိုင်အောင် ပြန်ညွှန်းပေးပြီး ကူညီပေးဖို့ မေတ္တာရပ်ခံ အပ်ပါတယ်။ အဆုံးထိ အချိန်ပေး ဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ယခု လက်တွေ့ အသုံးချစာအုပ်ကို Ann Handley ရဲ့ Everybody Writes စာအုပ်မှ ကောက်နှုတ်ပြီး ReadAct အဖွဲ့သားများမှ ပြင်ဆင်၊ တည်းဖြတ်ပါတယ်။
ReadAct: တကယ်ပြောင်းလဲဖို့ ဖတ်ပြီးရင် ထလုပ်