Author's Profile Photo

Aung Thu Ya Kyaw

11/11/2025

Risk နည်းချင်လား

1 min read
Business
Finance
Risk နည်းချင်လား's photo

အိမ်ခြံမြေ နဲ့ပက်သက်ပြီး Risk နည်းစေဖို့ ဆိုလျင် Principles တွေ Models တွေ သိဖို့လိုတယ်။

လေ့လာရသလောက်

1925 ခုနစ်မှာ "စိုက်ပျိုးလို့ရတဲ့ မြေတွေကိုဝယ်ထား၊ ပြီးလျင် မြို့အနေနဲ့ တိုးတက်မှုထိကိုစောင့်" ဆိုတာဖြစ်တယ်။

ဒါက "နေရာအရ အရေးပါမှု နှင့် အဓိက လိုအပ်ချက်" ဖြစ်နေခြင်း ဖြစ်တယ်။
-

1975 ခုနစ်မှာတော့ "တိုက်ခန်းတွေ များများဆောက်" တာကောင်းတယ်။ ဘာကြောင့်လဲ ဆိုတော့ "ဒီကမှ တစ်ဆင့် ဝင်ငွေ စီးကြောင်းတွေ ဖန်တီးမယ်။ ကြွယ်ဝချမ်းသာမှုကို ဖန်တီးမယ်"​ဖြစ်တယ်။
-

လက်ရှိ 2025 ခုနစ်မှာတော့ "အတူတကွ ပူပေါင်း ရင်းနှီးမြှုပ်နှံမယ် (သို့) REITs နည်းနဲ့ ရင်းနှီးမြှုပ်နှံမယ်" ဖြစ်တယ်။ ဒါကအဓိကအားဖြင့် "သူများပိုက်ဆံဖြင့် (Leverage) ယူပြီး ကြွယ်ဝချမ်းမှုကို ဖန်တီးခြင်း" ဖြစ်တယ်။
-

အခုပြောခဲ့တာတွေက Models ဖြစ်တယ်။ ဘာလုပ်ရင် ဘာကောင်းတယ်ဆိုတာ ပြောတာဖြစ်ပြီး အချိန်နဲ့ အမျှ ပြောင်းလဲ နိုင်တယ်။
-

- ပေါက်ဈေးတန်းထက် လျော့ဝယ်ခြင်း
- အိမ်ပြန်ငှားစရိတ်က ဝယ်ဈေးနဲ့ ကာမိအောင်ဝယ်ခြင်း
- နေရာကောင်းဖို့လိုခြင်း
- မဝယ်ခင် ဘယ်လိုထွက်မလဲ စဉ်းစားထားခြင်း
- အိမ်ခြံမြေဟာ တန်ဖိုးတက်ခြင်း

စတာတွေက အိမ်ခြံမြေရဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ Principles ဖြစ်တယ်။

ကိုယ့်အနေနဲ့ ဒီလိုမျိုး Risk တွေကို သိနေမယ်။ အသုံးချနိုင်မယ် ဆိုလျင်တော့ ရင်းနှီးမြှုပ်နှံခြင်းဟာ Risk မဟုတ်ဘူးဆိုတာ သိနေလိမ့်မယ်။
-
ဖတ်နေတဲ့ စာအုပ်မှ ခေါင်းထဲသို့ ဝင်လာသော အတွေး

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်Product တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုPersonal Finance အရ စတင် တည်ဆောက်ချိန်မြေပြင် ပေါက်ဈေး နှင့် အနီးစပ်ဆုံး တန်ဖိုးဖြတ် စံနှုန်း သတ်မှတ်ခဲ့လျင်