Aung Thu Ya Kyaw

အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံဖို့ လက်ရှိမှာ ဖြစ်နေတဲ့ ဈေးကွက် အခြေအနေကို အပြစ်တင်နေလို့မရဘူး။
-
ဈေးကွက်တစ်အား အေးနေတာဘဲ၊ ဈေးကွက်တစ်အား မြင့်နေတာဘဲ ဆိုပြီး စမတ် ကျတဲ့ ရင်းနှီးမြှုပ်နှံသူတွေ က အပြစ်မတင်ကြဘူး။ ဒီဈေးကွက်ပေါ်မှာ အခွင့်အလမ်းတစ်ရပ်ကို ဘယ်လိုယူရမလဲ ဆိုတာပဲ ရှာဖွေကြတယ်။
ရင်းနှီးမြှုပ်နှံခြင်းကို တစ်ချို့က Risk တစ်အားယူရတဲ့ လုပ်ငန်းစဉ်တစ်ခုလိုမြင်ပြီး ဆုံးရှုံးမှု ဖြစ်လာမှာကို အရမ်းကြောက်ကြတယ်။ ဒီလိုတွေးနဲ့သူတွေမှာ အဓိက ပြဿနာက (၂) ချက်ရှိတယ်။
၁။ သေချာ နားလည်အောင် မလေ့လာခြင်း
၂။ ရလာဒ်ရဖို့ သီးခံမှု မရှိခြင်း
.
ဈေးကွက် ဆိုတဲ့ သဘောတရားက အမြဲပြောင်းနေတာ။ ဒီတော့ ကိုယ်ထိန်းချုပ်လို့ရတာနဲ့ ထိန်းချုပ်လို့ မရနိုင်တာကို သိဖို့လိုတယ်။ ဈေးကွက်ကို ထိန်းချုပ်လို့မရဘူး သို့ပေမယ့် ကိုယ့်ရဲ့ ချဉ်းကပ်တဲ့ Strategy ကိုတော့ ထိန်းချုပ်လို့ရတယ်။ ဒါကြောင့် ဈေးကွက် ဘာဖြစ်နေလဲ ဆိုတာထက် ကိုယ့်အနေနဲ့ ဖြစ်နေတဲ့ ဈေးကွက်မှာ ဘယ်လို အကျိုးအမြတ်ယူရမလဲ သိဖို့လိုမယ်။
ဈေးကွက် မှာ အချိန်မှန်၊ နေရာမှန်ဆိုတာ မရှိဘူး။ အမြဲတမ်းစောင့်ကြည့်နေသင့် ပြီးတော့ အချိန်မှန်တစ်ခု၊ နေရာမှန် တစ်ခုကို ရလာမှာဖြစ်တယ်။ Active ဖြစ်ဖို့ နဲ့ Enagement ကို ဘာနဲ့ မှားကြသလဲဆိုတော့ အမြဲတမ်း ဝယ်နေမှ၊ ရောင်းနေမှ လို့ထင်နေကြတယ်။ အမြဲတမ်း ဝယ်နေ ရောင်းနေဖို့မလိုဘူး။ သီးခံမှုရှိစွာ နဲ့ အချိန်တစ်ခုကို စောင့်ဖို့ကြည့်ဖို့ လိုပါမယ်။
.
ရေတို၊ ရေရှည် ရင်းနှီးမြှုပ်နှံမှုဆိုတာ ရှိတယ်။
မိတ်ဆွေတစ်ယောက်က သိန်း ၁,၀၀၀ လောက်နဲ့ ပဲခူးက မြေကွက်ကို ဝယ်လိုက်တယ်။ ၂လ, ၃လ ပဲကြာတယ် သိန်း ၁,၃၀၀ လောက်နဲ့ ပြန်ရောင်းလိုက်တယ်။ သိန်း ၃၀၀ လောက်မြတ်သွားတယ်။ သို့ပေ
Unlock to read this premium article with 10 points.