SarPhat Author
Branding ဆိုတာက ကိုယ့်ရဲ့ လုပ်ငန်းကို အခြားသူတွေဆီကနေ ကွဲထွက်နေအောင် ပြုလုပ်ပေးတဲ့ အရာပါ။ Branding လုပ်တဲ့အခါ အချိန်ပေးပြီး စနစ်တကျ တည်ဆောက်ဖို့ လိုကို လိုအပ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ လုပ်ငန်းကို အလွယ်ကူဆုံးနည်းလမ်း (7) ချက်နဲ့ ဘယ်လို အကျိုးရှိရှိ Branding လုပ်ကြမလဲဆိုတာကို ဟန်နာနဲ့အတူ ဖတ်ရှုပေးကြပါဦးနော်။
1. မိမိ Brand ကို အမည်ပေးပါ။
ကိုယ့် Brand ရဲ့ ပုံစံရယ် ကိုယ်ပေးမယ့် Service/ Product ရယ် ကို လုံးဝထင်ဟပ်စေမယ့် နာမည်တစ်ခုကို ဆုံးဖြတ်ရပါမယ်။ နာမည်ပေးတဲ့အခါ Professional ဆန်ဆန်နဲ့ မှတ်မိလွယ်၊ ပေါင်းရလွယ်ပြီး အသံလွယ်လွယ်ထွက်နိုင်တာ ဖြစ်ရင် ပိုကောင်းပါတယ်။
2. မိမိ Brand အတွက် Logo ဖန်တီးပါ။
ကိုယ့် Brand ကို ကိုယ်စားပြုမယ့် Logo တစ်ခုဖန်တီးဖို့ လိုအပ်ပါတယ်။ Logo ဖန်တီးတဲ့ အခါမှာလည်း Professional ဆန်ဆန်နဲ့ ရှင်းလင်းပြီး မှတ်မိရလွယ်တာမျိုး ဖြစ်သင့်ပါတယ်။
3. မိမိ Brand ရဲ့ အရောင်ကိုရွေးချယ်ပါ။
ကိုယ့် Brand နဲ့ ချိန်ညှိပြီး Marketing ပိုင်းမှာလည်း အမြဲအသုံးပြုလို့ရမယ့် အရောင်ကို ရွေးချယ်ရပါမယ်။ Website ပိုင်းမှာရော Social Media နဲ့ Product ပိုင်းမှာရော အဓိကအနေနဲ့ အသုံးပြုရမယ့် အရောင်တစ်ရောင် ရွေးချယ်ရပါမယ်။
4. မိမိ Brand ရဲ့ အသံနေအသံထား ကို ဆုံးဖြတ်ပါ။
ကိုယ့် Brands ရဲ့ Contents တွေမှာ ထည့်အသုံးပြုမယ့် လေသံကို ဆုံးဖြတ်ထားရပါမယ်။ Professional လည်းဆန်၊ ဗဟုသုတပေးပြီး ရင်းနှီးဖော်ရွေတဲ့ ပုံစံမျိုးထည့်သုံးတာ အကောင်းဆုံးပါပဲ။
5. မိမိ Brand အတွက် Website ထောင်ပါ။
ကိုယ့် Brandရဲ့ Website ဆိုတာက ကိုယ့်ရဲ့ ဝယ်သူ ဖြစ်လာမယ့် သူတွေက ကိုယ့် Product/ Service အကြောင်း အရင်ဆုံး သွားရောက်လေ့လာကြမယ့် နေရာပါ။ ကြည့်ရတာလည်းလွယ်ကူ၊ Information လည်း ရှင်းရှင်းလင်းလင်းပေးနိုင်မယ့် Website ထောင်ရပါမယ်။
6. Social Media အသုံးပြုပါ။
ကိုယ့် Brand ရဲ့ Contents တွေအတွက် Social Media က မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကို အသုံးပြုပြီး ကိုယ့် Products ကို ပြသတာတွေ Potential Clients တွေနဲ့ ဆက်ဆံရေးတည်ဆောက်တာတွေလုပ်ရပါမယ်။
7. Marketing ဆင်းပါ။
Marketing လုပ်ဖို့အတွက် လိုအပ်တဲ့ Business Card တွေ၊ လက်ကမ်းစာစောင်တွေ စသည်ဖြင့် ပြုလုပ်ပြီး Marketing ဆင်းရပါမယ်။
အခုခေတ်မှာ ဘယ်လို နယ်ပယ်မျိုးပဲ ဖြစ်ဖြစ် အပြိုင်အဆိုင်များနေတာဖြစ်ပါတယ်။ ဟန်နာ ပြောပြပေးခဲ့တဲ့ Branding (7) ချက်အတိုင်း တည်ဆောက်မယ်ဆိုရင်တော့ ပြိုင်ရဆိုင်ရများတဲ့ Field တစ်ခုမှာ နေရာယူလာနိုင်မှာပါ။
Keep Reading