Default Profile Photo

SarPhat User

8/04/2024

ဖတ်ခဲ့ဖူးသော ဝတ္ထုရှည်စာအုပ်တစ်အုပ်

2 mins read
Book Review
Art


၀တ္ထုစာအုပ်ခေါင်းစဥ်။ “အောက်မေ့ဖွယ်... သူ”
စာရေးသူ။ “၀င်း၀င်းလတ်”

(၁) ဇာတ်လမ်းအကျဥ်းမှာ
အဓိကဇာတ်ဆောင်များ ဖြစ်ကြသည့် တင်ဆောင်းဟန်နှင့် မိုးကြည် ဝေတို့ နှစ်ဦး၏ တစ်ဦးနှင့်တစ်ဦး မေတ္ထာထားရှိခဲ့ကြခြင်းကို တင်ဆက်ရေးသားပြသွားခြင်းဖြစ်သည်။
ဆရာ၀န်ဖြစ်သော မိုးကြည်ဝေ သည် ဆရာ၀န်မိတ်ဆွေများဖြစ်ကြသည့် ခင်ကောင်းပန်နှင့် လွင်သောင်းဒန်တို့ ၏ မောင်၊ညီ ဖြစ်သော တင်ဆောင်းဟန်အား လူနာကြည့်ပေးရန် ဆုံရပုံနှင့် အစပြုထားသည်။ စစ်ဆေးမူဖြင့် တင်ဆောင်းဟန်တွင် အသဲကင်ဆာရောဂါရှိနှင့်နေပြီး ဂရုစိုက်ပေးရာမှ စတင်ကာ နှစ်ဦးသား မေတ္တာသက်၀င်သွားကြသည်။ တင်ဆောင်းဟန်မှာ” သစ်ဆင်း”ဆိုသော စာပေတိုက်ရှိပြီး “မင်းလွင်ဟန်” ဆိုပြီး စာရေးဆရာလည်းဖြစ်သည်။ မိုးကြည်ဝေ မှာ ဆရာ၀န်ဖြစ်ပြီး အပြင်ဆေးခန်းထိုင်သော်လည်း ထိုခေတ်တွင် တခြားလုပ်ငန်းဖြစ်သော ဆေးကုမ္မဏီနှင့် အစိုးရမဟုတ်သော လူမူဖွံ့ဖြိုးရေး အဖွဲ့အစည်းတွင် အလုပ်ရှာဖွေလုပ်ကိုင်သည်။
“ ကင်ဆာ”ဖြစ်သည်မို့ နောက်ဆုံးအချိန်ကို စောင့်ရင်း ယခုလက်ရှိတွင် ကြံ့ခိုင်စွာ နေပြီး လုပ်စရာရှိသည်များကို လုပ်ဆောင်နေခဲ့သည့် တင်ဆောင်းဟန်၊ မေတ္တာရှိရသည့် မိုးကြည်၀ေ၏ ရှေ့ဆက် နေထိုင်သွားရအုံးမည့် ဘ၀အတွက် အလုပ်များကို ရှာဖွေစီမံပေးသည့် တင်ဆောင်းဟန်။
မိုးကြည်၀ေမှာမူ တင်ဆောင်းဟန် အနီးနေထိုင် အဖော်ပြုပေးချင်ပါသော်လည်း မိမိဘ၀၏ စေစားရာကိုလည်း ဦးတည်ရမည်မို့ တင်ဆောင်းဟန် အကူအညီနှင့်ပင် အစိုးရမဟုတ်သော လူမူဖွံ့ဖြိုးရေး အဖွဲ့အစည်းတွင် အလုပ်လုပ်ရင်း တင်ဆောင်းဟန်နှင့် အ၀ေးတစ်နေရာတွင် နေထိုင်ရင်း တမ်းတနေရသော အခြေအနေမျိုးနှင့်ပင်။
နှစ်ဦးသားမှာ ကိုယ်စီ ဘ၀အတွက်် အလုပ်ကို တိုက်ပွဲ၀င်ရင်း အ၀ေးမှာ နေကြရင်းက စာရေးသားခြင်းဖြင့် အဆက်အသွယ်ပြုခြင်း၊ တစ်ခါတရံ တယ်လီဖုန်းများဖြင့် ဆက်သွယ်ကြခြင်းများဖြင့် ကိုယ်စီ ခံစားချက်များကို မသိမသာပြသခြင်းမျိုးသာ ရှိလျက်နှင့်။
တင်ဆောင်းဟန်မှာ မိမိရောဂါအတွက် တရားစခန်းများတွင် ၀ေဒနာ ခံစားဖြေလျက် ရှိချိန် မိုးကြည်၀ေမှာကား ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ကျေးလက်များတွင် လူမူဖွံ့ဖြိုးရေးအလုပ်များကို မနားမနေလုပ်ကိုင်လျက် တင်ဆောင်းဟန်ကို တမ်းတလျက်နှင့်ပင်။
တင်ဆောင်းဟန်၏ နောက်ဆုံးအချိန်တွင် မိုးကြည်၀ေအား တမ်းတချိန်တွင် မိုးကြည်၀ေမှာကား ရခိုင်ကျေးလက် မြစ်ချောင်းများကို ဖြတ်လျက် ရေလှိုင်းများထန်၍ လှေမော်တော် မှောက်၍ ရေထဲကနေ ကယ်ဆယ်ခံရသူ ဖြစ်နေချိန်။ နှစ်ဦးသား မေတ္တာများ အပြန်အလှန်ကို ရင်တသသ ဖတ်ရသည်။
တင်ဆောင်းဟန်သည် ငြိမ်းချမ်းစွာထွက်ခွာသွားခဲ့သည်ဆိုသည့် သတင်းကို မိုးကြည်၀ေက အ၀ေးတွင်ရှိနေချိန် ကြားသိခဲ့ရသည်။
အောက်မေ့ဖွယ်ပါပဲ။

စာအုပ်ဖတ်အပြီး နှစ်ခြိုက်ခဲ့ရသည်မှာ...

“နှင်းမရှိရာ အရပ်သို့လား၊ နှင်းပိုမိုသိပ်သည်းရာ ဆီသို့လား မသိနိုင်ဘဲ နှင်းမှုန်ပါးပါးအောက်မှာ သူထွက်ခွာ သွားခဲ့ပြီ။”
“ကျွန်မရဲ့ ရွေးချယ်နိုင်စွမ်း ဆုံးဖြတ်နိုင်စွမ်းတွေကို ‘သွေး’ ပေးခဲ့သူမို့ ကျွန်မအတွက်တော့ မင်းဟာ အစဥ် ‘အောက်မေ့ဖွယ်... သူ’ ပါပဲ တင်ဆောင်းဟန်။
“အလုပ်တွေလုပ်ရင်းအောက်မေ့ဖွယ်ထဲမှာ အမြဲရှိနေပါတယ်....... သူ။”


ထိုကဲ့သို့သော စာအရေးအသားများကို နှစ်ခြိုက်မိပါသည်။
အောက်မေ့ဖွယ်... သူ ဆိုသည့်အတိုင်း ပျော်ရွှင်စရာနှင့် အဆုံးသပ်သွားသော ၀တ္ထုတစ်အုပ် မဟုတ်ခဲ့ပါ။
သို့သော်
ချစ်ခြင်းမေတ္တာ ဟူသည်ကို “ချစ်သည်” ဆိုသည့် စကားလုံးမပါပဲ ရေးဖွဲ့ပြနိုင်သည့် အတွက် သဂါရ ရသကို ခံစားရပြီး ချစ်ခြင်းဆိုသည်မှာ ထိုကဲ့သို့ပင်ဖြစ်ပါသည်ကို ရှာဖွေတွေ့ရှိခဲ့ရစေပါသည်။ ထူးခြားသည့် ချစ်ခြင်းမေတ္တာကို တင်ပြထားပါသည်။
တင်ဆောင်းဟန်သည် စာပေတိုက် မဖွင့်ခင် မိဘ၏ လုပ်ငန်းဖြစ်သော ချည်ဆွယ်တာလုပ်ငန်းကိုလည်း လုပ်ကိုင်ခဲ့ပြီး ချည်ထိုးပြီး ရေးခဲ့သော “အစိမ်းရောင်ခံစားမူ” ပန်းချီလက်ရာသည် ၀တ္ထု၏ အနှစ်ထဲမှ တစ်ခုဖြစ်သည်။ စာဖတ်သူအား ထိုကဲ့သို့ အနုပညာလက်ရာတစ်ခု ဖန်တီး၍ ရပါကြောင်း အသိပေးပါသည်။
တင်ဆောင်းဟန်၏ သစ်ဆင်းစာပေတိုက်တွင် အလုပ်လုပ်နေကြသော ၀န်ထမ်းများ၏ စာပေနှင့် ပတ်သက်သော အလုပ်ကို တန်ဖိုးထား မြတ်နိုးကြပုံများကို ရေးဖွဲ့ထားသည့်အတွက် လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်သော စာပေများဆိုသည်ကို နားလည် သဘောပေါက်ရပါသည်။
မိုးကြည်၀ေ၏ လူမူဖွံ့ဖြိုးရေးအလုပ်ဆိုသည်ကို ဆေးပညာဘွဲ့ရဖြစ်လျက် ဆေးကုသခြင်းမဟုတ်သည့် အလုပ်ကိုလည်း ဗဟုသုတရရှိစေပါသည်။

စာအုပ်ဖတ်အပြီး ဘ၀င်မကျ ဖြစ်ရသည်မှာ

မိုးကြည်၀ေ၏ အလုပ်တာ၀န်ကျရာ ရခိုင်ပြည်နယ်တွင် ရှိချိန် မနားမနေ အလုပ်လုပ်ရသည်ကို ဖော်ပြလို၍ အလုပ်အကြောင်းကို ရေးသားပြခြင်းတွင် အနည်းငယ် အနှစ်ချုပ်ရေးသားလျင် ကောင်းမည်ဟု ဖြစ်ခဲ့သည်။ (တချို့စာကြောင်းများကို အပေါ်ယံ ရှပ်၍ ကျော်ဖတ်ခဲ့ကြောင်း ၀န်ခံပါသည်။

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ