Loke Ngan - လုပ်ငန်း

Byline: ဉာဏ်သစ် | စီးပွားရေးသုံးသပ်မှုနှင့် စျေးကွက်လေ့လာသူ
Published on: Oct 17, 2025
Start-up တစ်ခုကို စတင်တည်ထောင်တဲ့အခါ Founder ဒါမှမဟုတ် CEO ဆိုတာ လုပ်ငန်းရဲ့ အလုပ်အများဆုံးသူ ဖြစ်လေ့ရှိပါတယ်။
အစည်းအဝေးတွေ၊ အီးမေးလ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေ၊ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာမီးခိုးကြွက်လျှောက်တွေကို ဖြေရှင်းနေရတာနဲ့ပဲ တစ်နေ့တာကုန်ဆုံးသွားတတ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီလို "အလုပ်များခြင်း" ထဲမှာ နစ်မြောသွားရင်း သင့်လုပ်ငန်းရဲ့ အရေးကြီးဆုံး အရာတွေကို သင်ကိုယ်တိုင် လျစ်လျူရှုမိနေပြီလားဆိုတာကိုတော့ ပြန်သုံးသပ်ဖို့ လိုအပ်လာပါပြီ။
"ဒီနေ့ အချိန်လုံးဝမအားဘူး"၊ "ဒီကိစ္စတွေက အသေးအဖွဲ့တွေပါ၊ နောက်မှလုပ်လည်းရတယ်" ဆိုတဲ့ အတွေးတွေဟာ သင့်လုပ်ငန်းရဲ့ အကြီးမားဆုံး ဖွံ့ဖြိုးတိုးတက်မှုကို တိတ်တဆိတ်ဖျက်ဆီးနေတဲ့ ရန်သူတွေပါပဲ။
Founder's Trap: အလုပ်များခြင်းနှင့် ထိရောက်ခြင်းကို မခွဲခြားနိုင်တော့ခြင်း
လုပ်ငန်းရှင်အများစုဟာ လုပ်ငန်းရဲ့ အစစအရာရာကို ကိုယ်တိုင်ဝင်လုပ်မှ စိတ်ကျေနပ်မှုရတတ်ကြပါတယ်။ ဒါဟာ ကောင်းတဲ့ အရည်အသွေးတစ်ခုဖြစ်ပေမယ့်၊ အတိုင်းအတာတစ်ခုအထိပဲ ဖြစ်သင့်ပါတယ်။
သင်ဟာ လုပ်ငန်းရဲ့ နေ့စဉ်လည်ပတ်မှု (Operations) တွေထဲမှာပဲ အချိန်ကုန်နေမယ်ဆိုရင်၊ လုပ်ငန်းတစ်ခုလုံးကို ဦးဆောင်လမ်းပြပေးရမယ့် သင့်ရဲ့ အဓိကတာဝန်ကို ပျက်ကွက်နေပြီဆိုတာ သင်သတိထားမိမှာ မဟုတ်ပါဘူး။
သင့်ရဲ့ အဓိကအလုပ်ဟာ စက်ယန္တရားထဲက ဘီးတစ်ခုအနေနဲ့ လည်ပတ်ဖို့မဟုတ်ဘဲ၊ အဲ့ဒီစက်ယန္တရားတစ်ခုလုံး ဘယ်ကိုဦးတည်မောင်းနှင်မလဲဆိုတာကို လမ်းညွှန်ပေးဖို့ဖြစ်ပါတယ်။ ဒါပေမယ့် မအားလို့ဆိုပြီး လုပ်ငန်းမှာခန့်ထားတဲ့ Manager တွေ၊ Supervisor တွေကိုပဲ လုပ်ချင်တာလုပ် ပစ်ထားလို့လည်း မဖြစ်ပါဘူး။
၁။ Vision ကို ရှင်သန်အောင်လုပ်ခြင်း - ဝန်ထမ်းတွေနဲ့ အချိန်ပေးဆွေးနွေးပါ
သင့်လုပ်ငန်းရဲ့ Vision (အနာဂတ်အမြင်)၊ Mission (လုပ်ငန်းတာဝန်) နဲ့ Branding (တံဆိပ်) တွေဟာ စာရွက်ပေါ်မှာ ချရေးထားဖို့သက်သက် မဟုတ်ပါဘူး။ ဒါတွေဟာ သင့်လုပ်ငန်းရဲ့ "မြောက်ဘက်ကိုပြတဲ့ သံလိုက်အိမ်မြှောင်" ပါပဲ။ ဒီအိမ်မြှောင်ရဲ့ လမ်းညွှန်မှုကို ဝန်ထမ်းတိုင်းက နားလည်ပြီး တစ်သားတည်းကျနေဖို့က အလွန်အရေးကြီးပါတယ်။
ဒါကို ဘယ်လိုလုပ်မလဲ? အချိန်ပေးပြီး ဆွေးနွေးရပါမယ်။
Founder/CEO ဖြစ်တဲ့ သင်က အစည်းအဝေးခေါ်ပြီး ...
ဆိုတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရပါမယ်။
ဒီလိုဆွေးနွေးခြင်းအားဖြင့် ဝန်ထမ်းတွေဟာ သူတို့ရဲ့ နေ့စဉ်အလုပ်တွေက ကုမ္ပဏီရဲ့ ရည်မှန်းချက်အကြီးကြီးနဲ့ ဘယ်လိုဆက်စပ်နေလဲဆိုတာကို နားလည်လာပြီး ပိုင်ဆိုင်စိတ် (Ownership) နဲ့ စိတ်အားထက်သန်မှု (Motivation) တွေ ပိုတိုးလာစေပါတယ်။
၂။ Vision ကို လက်တွေ့ဖြစ်လာစေမယ့် Goal များ ချမှတ်ခြင်း
Vision ဆိုတာ ခရီးဆုံးပန်းတိုင်ဖြစ်ပြီး၊ Goal (ရည်မှန်းချက်) တွေကတော့ အဲ့ဒီပန်းတိုင်ကိုရောက်ဖို့ ဖြတ်ကျော်ရမယ့် မှတ်တိုင်တွေပါပဲ။ "တစ်နေ့ကျရင်တော့ အောင်မြင်မှာပါ" ဆိုတဲ့ ကျယ်ကျယ် မျှော်လင့်ချက်နဲ့ ရှေ့ဆက်လို့မရပါဘူး။
သင်ဟာ သင့် Team နဲ့အတူထိုင်ပြီး အချိန်ကာလအလိုက် တိုင်းတာလို့ရတဲ့ Goal တွေကို တိတိကျကျ သတ်မှတ်ရပါမယ်။
ဒီလို Goal တွေ သတ်မှတ်ခြင်းက လူတိုင်းကို ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိစေပြီး၊ လုပ်ငန်းရဲ့ တိုးတက်မှုကိုလည်း လက်တွေ့ကျကျ တိုင်းတာနိုင်စေပါတယ်။
နိဂုံးချုပ်
သင်ဟာ သင့် Startup ရဲ့ သင်္ဘောကပ္ပတိန် ပါ။ သင်္ဘောပေါ်က အလုပ်အများဆုံး သင်္ဘောသားတစ်ယောက် မဖြစ်ပါစေနဲ့။
ဒါပေမယ့် Captain ကောင်းတစ်ယောက်လို လမ်းကြောင်းပြပေးနိုင်ဖို့၊ ဆုံးဖြတ်ချက်တွေ ချပေးနိုင်ဖို့၊ ခေါင်းဆောင်တတ်ဖို့တော့ အချိန်၊ ခွန်အား၊ ဉာဏ်အား လိုအပ်ပါတယ်။
သင့်ရဲ့တာဝန်က လှော်တက်ကို အားကုန်လှော်ဖို့မဟုတ်ဘဲ၊ ပဲ့ကိုကိုင်ပြီး သင်္ဘောတစ်ခုလုံး လမ်းကြောင်းမှန်ပေါ်ကနေ ပန်းတိုင်ကို ဘေးမစောင်းဘဲ ရောက်ရှိအောင် ဦးဆောင်လမ်းပြဖို့ ဖြစ်ပါတယ်။
ဒါကြောင့် "အချိန်မရှိဘူး" ဆိုတဲ့ အကြောင်းပြချက်ကို ဘေးဖယ်ထားပြီး၊ သင့်လုပ်ငန်းရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ဦးဆောင်လမ်းပြမှုအပိုင်းကို အချိန်ပေးပြီး လုပ်ဆောင်လိုက်ပါ။
သင့်ရဲ့ အချိန်ဟာ သင့်လုပ်ငန်းရဲ့ အဖိုးတန်ဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ။
Keep Reading