Ophelia
အိုဖီးလီယာ...ငါလေ
ကောင်းကင်ပေါ်က လမင်းကြီးဖြစ်ချင်တယ်။
လူတွေက နေ့ဖက်မှာဆို မငိုကြဘူးတဲ့
ညဖက်ဆို လမင်းကြီးကိုငေးရင်း ရင်ဖွင့်ကြတယ်ဆိုဘဲ
လူတိုင်းကို နှစ်သိမ့်မှုပေးနိုင်တဲ့သူဖြစ်ချင်တယ်။
ငါလေ...ငါနာကျင်ရမှာ ကြောက်သလို
အခြားသူကို နာကျင်အောင်လုပ်မိမှာကိုလည်း
ငါအရမ်းကြောက်တယ်...အိုဖီးလီယာ
ငါ့ခံစားချက်တွေကိုပဲ ရှေ့တန်းတင်ချင်တယ်။
ငါ့ကိုယ်ငါပဲ ဦးစားပေးချင်တယ်။
ကိုယ့်အတွက်ကိုယ် ကြည့်တော့လည်းနာကျင်ရတယ်။
သူများအတွက် ကြည့်ပေးပြန်တော့လည်း
နာကျင်နေရတယ်။
ဒါပေမဲ့ ငါ လမင်းဖြစ်ချင်သေးတယ် အိုဖီးလီယာ...
Keep Reading