Author's Profile Photo

Reviews by Benevolent

5/10/2025

အနုပညာနည်းလမ်းနှစ်သွယ်

2 mins read
Book Review
General Knowledge
Art
အနုပညာနည်းလမ်းနှစ်သွယ်'s photo

စာအုပ်ဖတ်ပြီးမှ ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ပြီးမှ စာအုပ်ပြန်ဖတ်တာဖြစ်ဖြစ် နှစ်မျိုးလုံးက ကွဲပြားတဲ့ အတွေ့အကြုံကောင်းတွေကို ပေးစွမ်းနိုင်မှာပါ။ရုပ်ရှင်စွမ်းအားကြောင့် စာအုပ်ကိုလူပိုသိသွားတာလည်းရှိတယ်။စာအုပ်ကောင်းတစ်အုပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေဟာ စာဖတ်သူနဲ့ ရုပ်ရှင်ကြည့်သူကြားက အကွာအဝေးကို ချက်ချင်းလက်ငင်း အချိတ်အဆက်မိသွားစေနိုင်ပါတယ်။ စာအုပ်နဲ့ ရုပ်ရှင် ထပ်တူညီမှုရှိပြီး နာမည်ကြီး ကောင်းမွန်တဲ့ ဇာတ်ကားများစွာရှိပါတယ်။ကမ္ဘာကျော် စာအုပ်များနှင့် ရုပ်ရှင်များထပ်တူကျမှု၊ ညီမျှမှုတွေရှိပါတယ်။

စာအုပ်ကောင်းတစ်အုပ်ကို ရုပ်ရှင်ကောင်းတစ်ကားအဖြစ် ပြောင်းလဲတဲ့နေရာမှာ ဒါရိုက်တာရဲ့ အနုပညာမြင်ကွင်းနဲ့ စာနာနားလည်မှု၊ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ထဲကို စိမ့်ဝင်နိုင်စွမ်းနဲ့ စာအုပ်ရဲ့ အနှစ်သာရကို မပျက်စီးစေဘဲ ရုပ်ရှင်ဆန်ဆန် ပြန်လည်တင်ဆက်နိုင်မှု တို့က အရေးအကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။စာအုပ်က ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်ခံစားချက်တွေ၊ ဇာတ်လမ်းရဲ့ နက်နဲတဲ့အချက်တွေကို ပိုမိုနားလည်နိုင်စေပါတယ်။ရုပ်ရှင်ကတော့ စာအုပ်ထဲက စိတ်ကူးယဉ်ကမ္ဘာကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီး ဇာတ်လမ်းကို မြင်ကွင်းကျယ်ကျယ်နဲ့ ခံစားနိုင်စေပါတယ်။ဒါကြောင့် စာအုပ်ဖတ်ပြီးရင် ရုပ်ရှင်ပြန်ကြည့်တာ၊ ရုပ်ရှင်ကြိုက်ရင် စာအုပ်ပြန်ဖတ်တာမျိုးက ပိုမိုပြည့်စုံတဲ့ အနုပညာခံစားမှုကို ရရှိစေမှာပါ။

၁၉၈၄ မှာ Stephen King ရေးသားထုတ်ဝေခဲ့တဲ့ (နိုဗယ်လာအတိုများထဲမှတစ်ပုဒ်) "Rita Hayworth and Shawshank Redemption" ကို ၁၉၉၄မှာ ဒါရိုက်တာ ဖရန့်(ခ်) ဒါရာဘွန့်(ခ်)(Frank Darabont)က ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ဇာတ်ကား က စာအုပ်ထက် ရုပ်ရှင်ကို လူသိပိုများလာပါတယ်။The Shawshank Redemption ရုပ်ရှင်ကားကစာအုပ်ထဲက ဇာတ်လမ်းအနှစ်သာရ၊ ခံစားချက်တွေကို ရုပ်ရှင်က အတိအကျ ဖမ်းစားနိုင်ခဲ့ပါတယ်။ဒီရုပ်ရှင်ရဲ့ထူးခြားချက်က ယနေ့ချိန်ထိ IMDb ကဲ့သို့ ဝက်ဘ်ဆိုက်များတွင် သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သတ်မှတ်ခံရတဲ့ ဇာတ်ကားဖြစ်နေဆဲပါ။

အမေရိကန်စာရေးဆရာ Winston Groom က ၁၉၈၆ မှာစာအုပ်တစ်အုပ်ရေးသားထားခဲ့တယ်။အဲ့စာအုပ်က Forrest Gump ပါ။ ၁၉၉၄ အရောက်မှာတော့ရုပ်ရှင်အဖြစ်အသက်သွင်းခြင်းခံရတယ်။ ဒါရိုက်တာ ရော်ဘတ် ဇီမက်ကစ်(Robert Zemeckis )ရိုက်ကူးလိုက်တဲ့ဒီဇာတ်ကား က ရုပ်ရှင်က စာအုပ်ထက် ပိုမိုကျော်ကြားသွားခဲ့တယ်။ ရှားပါးရုပ်ရှင်အသွင်တစ်ခုဖြစ်လာတယ်။မင်းသားကြီး Tom Hanks ရဲ့ သရုပ်ဆောင်မှုကို ခဏမေ့ပြီး ငေးကြည့်ခဲ့ရဖူးကြမှာပါ။ရုပ်ရှင်က စာအုပ်ထဲက ဇာတ်လမ်းအခြေခံကို ယူထားပေမယ့် ပိုမိုခံစားလို့ကောင်းပြီး စိတ်လှုပ်ရှားဖ

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 100 points.