Author's Profile Photo

SarPhat Author

22/09/2025

ဘဝခရီးသည် ဤလူငယ်

1 min read
Poetry
Art
ဘဝခရီးသည် ဤလူငယ်'s photo



ဒဏ်ရာများအား ပြောခွင့်မရှိ
ကဗျာဟုသာ တင်စားမိတော့
အတွေးလွန်တဲ့ လူငယ်တစ်ယောက်
ခက်ခဲမှုများ သိပ်သည်းလှ၏
ပျော်ရွှင်ဖို့ရယ် မတွေးနိုင်ဘူး
စီးကရက်လေး တဖွာဖွာနှင့်
တိမ်တွေကိုငေး အနာဂတ်ရေး
လေပြေများအေး တိတ်ဆိတ်ခြင်းနှင့်
စိတ်ကူးလှလှ ရှိခဲ့ဖူးသည်
သန့်သန့်ပြန့်ပြန့် မဝတ်တတ်တော့
တီရှပ်အဖြူ ဘောင်းဘီတိုဖြင့်
ဝတ်မြဲဝတ်ဆဲ ငါ့ပုံစံပဲ
ဘောပင်သွယ်သွယ် စာရွက်ဖြူကား
ငါ၏မိတ်ဆွေ အမှန်ပေလော
အိပ်မက်အကြောင်း ကဗျာရေးလို့
ကာရံမညီ ခရီလမ်းကို
စို့တက်လာတဲ့ မျက်ရည်များနှင့်
လမ်းဆုံးနိုင်အောင် လျှောက်လှမ်းတော့မည်။
ငါ၏ခရီး ခက်ခဲလှ၏။

သစ်ခင်မင်း

Keep Reading

ဘဝခရီးသည် ဤလူငယ်လူ​ကောင်းနဲ့ ​တွေ့လည်းရန်ကုန်မိုးစိတ်ဝိညဉ်မိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်လေနှင်ရာနန်းကျဘုရင်အကြည်ဓာတ်