Chitsu
" ရန်ကုန် တဲ့''
ကျမ မွေးရာမြေ မဟုတ်ပေမဲ့
ရန်ကုန်ဆိုတဲ့ မြို့မှာ
တစ်လကြာတောင် မနေဖူးပေမဲ့
ကျမ အခုတလော အဲ့ဒီမြို့ကို သိပ်လွမ်းနေမိတယ် ။
ကျမ မှတ်မိနေသေးတယ် ။ ၂၀၂၄ အောက်တိုဘာ ၂ ရက်။ မျက်ရည်တွေလည်း ဝဲကောင်းဝဲနေလိမ့်မယ်။ ရင်ထဲမှာလည်း တစ်ခုခုလိုနေသလို ဟာတာတာကြီးနဲ့လေ ။
အယောက် ၃၀လောက်ပါတဲ့ Express ပေါ်မှာ ကျမ တစ်ယောက်တည်း ဖြစ်နေသလို ခံစားချက်ကြီး။ကားဘေးမှန် အပြင်က ရှူခင်းကို ငေးပြီး နားထောင်နေမိတဲ့ သီချင်းကြောင့် ကျမကပဲ မျက်ရည်ဝဲ လာတာလား ။ ဒါမှမဟုတ်....?
message တွေပဲ တရစပ် ပို့နေမိတာလား မသိဘူး ။ အခုချိန်မှာ လိုအပ်ဆုံးက သူပဲလို့ ရင်ထဲရော၊ အတွေးထဲမှာပါ ထပ်ခါတလဲလဲ ပြောနေမိတာ ။
နောက်ကျသွားပြီ ထင်ပါတယ်....
မိုးက ရွာလာတော့မယ်နော် ။ အုံ့မှိုင်းမှိုင်းနဲ့ တကယ်က နေပဲ ပူချင်နေမိတယ် ။ ထပ်မလွမ်းချင်ဘူးလေ....
" အကို လာခေါ်မယ်နော် ''
ကျမက ချက်ချင်းပဲ ပြုံးသွားပြန်တယ် ။ ဘယ်တုန်းကများ အယုံလွယ် သွားရတာလဲ... ?
" ရန်ကုန် '' တဲ့ ။ ကျမ မှတ်တိုင်မဟုတ်ဘူးလေ ။ ဘာလို့များ ရန်ကုန်ကိုလဲ ။ မစဥ်းစားနိုင်တော့တဲ့ ကိုယ့်အဖြစ်ကိုယ် ပြန်တွေးရင်း နောင်တ ရတာထက် ပိုလွမ်းလာတာပဲ အဖက်တင်မယ် ။
လက်ထဲက ခရမ်းရောင် ထီးလေးကို ဖွင့်လိုက် ၊ ပိတ်လိုက်နဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ ကျမကို အဝေးပြေးဂိတ်က လူတွေ ထူးဆန်းသလို ကြည့်နေပြန်တယ် ။
ကျမ ကြောက်နေတာတော့ အမှန်ပဲ ဒါပေမဲ့ ဘယ်ကနေ သတ္တိတွေရလာတာလဲ မသိဘူးရယ် ။
ကားအဖြူပေါ်က ဆင်းလာတဲ့ သူ့ကို ကျမ အဝေးကနေ ပြုံးပြမိပေမဲ့... ကျမလို မဟုတ်ခဲ့ဘူး။ ( အဆင်ပြေသားပဲ)
* * * * * * *
ကျမပဲ မှားတာနေမှာပါ ။ ပိုမိသူက ကျမပဲလေ ။ မိုးတွေက ထပ်ရွာလာဦးမယ် ထင်ပါတယ်။ ရည်ရွယ်ချက် ရှိရှိ ရောက်လာတာပဲ ။
အားနာတဲ့စိတ်လည်း မရှ်ိသလို ၊ ကိုယ်ချင်းစာတရားပါ မရှိတာလား မသိတော့ပါဘူး ။ ချက်ချင်းခေါ် ချက်ချင်း ပြန်ရပြန်တယ် ။ ခိုင်းသမျှ အကုန်လုံး တစ်ခုမကျန် လိုက်လုပ်ပေးမိတဲ့ ကိုယ့်ကိုယ်ကိုယ် အမုန်းဆုံးပဲ ။
" ပြန်မပို့လိုက်ပါနဲ့
ကျမ ထပ်ရှ်ိနေချင်သေးတယ်လေ ''
ဒီစကားတွေကို နှုတ်က ထုတ်ပြောရလောက်တဲ့အထိ ကျမမှာ သတ္တိရှ်ိမနေခဲ့ပြန်ဘူး
ရန်ကုန် ကအပြန် မိုးကလည်း သည်းလွန်းပါရဲ့နော်။
Keep Reading