လုလင်ငယ်
မြင်းကို စီးလို့ ခြေကျင်လျှောက်
တပ်ငါးဆယ် ခြံရံလျက်
သင့်ခဲ့ရတဲ့ နယ်နှင်ဒယ်
သွားရမဲ့ စုံတောမြိုင်
မြင်းတစ်ကောင်နှင့် ထမင်းထုပ်
လျှောက်ရတော့မဲ့ ခရီးစုတ်
လသာသာ မှောင်မိုက်ထဲ
ငါကိုယ်တော် တစ်ယောက်ထဲ။
ဒီဟာလေးက အမှန်တော့ အဖွားစီက ကြားခဲ့ရတဲ့ ကဗျာ လေးတစ်ပုဒ်ပေါ့။ စစကြားချင်းက ယခုကဲ့သို့ မဟုတ်ပါ။ "မြင်းကို စီးလိုခြေကျင်လျှောက် တပ်ငါးဆယ် ခြံရံလျက် လသာသာ မှောင်မိုက်ထဲငါကိုယ်တော် တစ်ယောက်ထဲ" ဟူသည့် နှစ်ကြောင်းထဲရယ်။ ကျွန်တော် တစ်ညမှာ စဉ်းစားမိသည်။ ဤကဗျာ သည် အဘယ်နည်းနှင့်မျှ နှစ်ကြောင်းတည်း မဖြစ်နိုင်ရာ အဖွားပြောခဲ့ဖူးသည်။ ဤကဗျာ သည် နန်းကျဘုရင် ၏ တောတွင်းသို့ နယ်နှင်ဒဏ်ပေးခံရသည့် အချိန်က ဆိုခဲ့သည့် စာ ဟု ကြားဖူးသည်။ ကဗျာလေး အစစ်အမှန်ကို တော့ ထိုအချိန်က ရေးသူနှင့် ဖတ်မိသူတို့သာ သိပေလိမ့်မည်။ ကျွန်တော်ကတော့ မှန်းဆ ၍ ထိုဘုရင် နေရာမှ ခံစားရေးခဲ့ခြင်းဖြစ်ပါသည်။ ထိုဘုရင်သည် အရာအားလုံးကို စွန့်လွှတ်ရင်း တစ်စုံတစ်ရာ များစွာတို့ကိုလည်း ကျွန်ုပ်တို့ ကဲ့သို့ သတိရပေလိမ့်မည်။သတိရမည် ဟု ထင်သည်။
သတိရခြင်းများစွာဖြင့်
လုလင်ငယ်။ ၂၅.၆.၂၀၂၅.
Keep Reading