Author's Profile Photo

နွယ်ငြိမ်းလင်းပွင့်

22/09/2025

လူ​ကောင်းနဲ့ ​တွေ့လည်း

1 min read
Poetry

လမ်းခွဲမှာ ဝမ်းနည်းစရာ မလိုပါတဲ့။

သ​​ဘောထားမမှန်သ​ရွေ့
ငါဟာ ကိုယ့်သမုဒယနဲ့ကိုယ်
ရှုပ်​ထွေး နာကျင်​​နေရအုံးမှာပဲ။

သမုဒယဟာ ဒုက္ခ။
ကောင်းတဲ့အရာ​တွေဟာ ဒုက္ခ။

လူ​ကောင်းနဲ့ ဆုံရတာဟာ လောကဓံပဲ။
သူနဲ့ မဆုံရ​တော့မှာလည်း ​လောကဓံပဲ။

တစ်ပတ်​လောက်​​​တော့
အပြင်းအထန် လူးလိမ့်​နေရအုံးမှာ။

​လူ​ကောင်းနဲ့ ခဏတာ ဆုံရတာဟာ
ကံ​ကောင်းမှုလား။
ကံစပ်မှုလား။

အဲ့ဒီကံ​ကောင်း၊ ကံစပ်မှု​တွေဟာ
ငါ့ကို​ ​ခြယ်မှုန်းနိုင်တယ်။
ချေမှုန်းနိုင်တယ်။

10.9.25 (Wed)

Keep Reading

ဘဝခရီးသည် ဤလူငယ်လူ​ကောင်းနဲ့ ​တွေ့လည်းရန်ကုန်မိုးစိတ်ဝိညဉ်မိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်လေနှင်ရာနန်းကျဘုရင်အကြည်ဓာတ်