Author's Profile Photo

Chaw Thwin

26/11/2025

အပြေးလွန်တဲ့ငါ့‌ခြေထောက်တွေထဲကခပ်‌ဖျော့ဖျော့အယ်လ်ဂိုရစ်သန်

1 min read
Poetry
အပြေးလွန်တဲ့ငါ့‌ခြေထောက်တွေထဲကခပ်‌ဖျော့ဖျော့အယ်လ်ဂိုရစ်သန်'s photo

မိုင်ထောင်ချီဝေးတဲ့အရပ်ကနေ
နေ့စဉ်ကြားနေရတဲ့ခေါ်သံတွေ။
ငါပြောချင်တဲ့အကြောင်းအရာဆိုတာ
ဘီလူးစီးတဲ့ဖြစ်စဉ်ထဲက
သောင်းပြောင်းထွေလာမရေရာခြင်းတွေအကြောင်း။
တစ်မိုးအောက်တည်းမှာနေပြီး
မည်သူတစ်ဦး‌တစ်ယောက်ကိုမှမသိ။
ဪ----ငါ့နှယ်။

ငါက လန့်နိုးလာတဲ့ဥက္ကာခဲတွေကြားမှာ
ရုန်းရင်းဆန်ခတ်ပြေးလွှားနေတဲ့
အက်တမ်တစ်ကောင်
ပုဒ်မတစ်ချောင်း
သက်ပြင်းတစ်ချက်။

ရုပ်ဝတ္ထုဆိုင်ရာနိယာမ‌များရဲ့အလွန်
သော့ခတ်ထားတဲ့စိတ်ပြတင်းတံခါးကိုဖွင့်ဖို့
‌အသင့်မာန်ဖီနေကြတဲ့ Devil Dog တွေကိုသတ်ပြီးရင်
အရင်နေရာဟောင်းကိုပဲပြန်လာမယ်လို့
ကံကြမ္မာကိုသေချာချိန်းဆိုခဲ့ပြီးသား။
ခင်နှင်းဆီကိုဖြောင်းဖျပြောဆိုခဲ့ပြီးသား။
သေခြင်းတရားကိုကတိကဝတ်ပြုခဲ့ပြီးသား။

သောက်လက်စ Rum တစ်ခွက်ထဲမှာ
ကူးခပ်စရာပင်လယ်ဘယ်နှစင်းများရှိပါသလဲ။
အဘိဓမ္မာဟာ ငါ့ခေါင်းထဲရထားတစ်စင်းလိုခပ်ပြင်းပြင်းဝင်လာတဲ့နေ့က
ဘဝဟာသုဿန်တစပြင်လိုခြောက်ကပ်မှုမျိုးနဲ့
စကော့ဝီစကီကိုတောင့်တတယ်။
ပြင်းရှရှသီချင်းတစ်ပုဒ်တောင့်တတယ်။
နက္ခတ်စုံမယ့်ညကိုတောင့်တတယ်။
မာယာကော့စကီးကိုတောင့်တတယ်။

ဝိရောဓိဖြစ်စရာတည်ရှိမှုကိုစစ်တမ်းကောက်ကြည့်တော့
ငါဟာ ဒေါသကြီးတယ်
မာနထောင်လွှားတယ်
ယုံလွယ်တယ်
ခေါင်းမာတယ်
ဒါ‌တွေကြောင့်ပဲ သေခြင်းတရားနဲ့ပိုမိုနီးစပ်ခဲ့သူ။

ဒါဟာ
တစ်ထောင့်တစ်ညပုံပြင်တွေထဲ
စောက်အဓိပ္ပါယ်မဲ့စွာနစ်မြုပ်ပြီးသွားရင်
ပျောက်ခြင်းမလှပျောက်ဆုံးသွားမယ့်
ဂျပ်ပစီတစ်ကောင်ရဲ့ခပ်အအလူနေမှုပုံစံတစ်ခု။
မီးပြတိုက်ကိုထမ်းပိုးထားတဲ့ကျောက်ဆောင်လို
ကို

နှစ် ၈၀ ကျော်က‌ဗျာတစ်ပုဒ်အပြေးလွန်တဲ့ငါ့‌ခြေထောက်တွေထဲကခပ်‌ဖျော့ဖျော့အယ်လ်ဂိုရစ်သန်လူ​ကောင်းနဲ့ ​တွေ့လည်းရန်ကုန်မိုးစိတ်ဝိညဉ်Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသား

Unlock to read this premium article with 10 points.