Ye Yint Win
မဂ္ဂဇင်းတွေ ပျောက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အနုပညာမြင်ကွင်းက မျဥ်းပြိုင်နှစ်ကြောင်းဖြစ်သွားခဲ့တယ်။ အနောက်တိုင်းရဲ့ နည်းစနစ်တွေနဲ့ ဥပဒေသ၊ ဝါဒတွေကနေတစ်ဆင့် ဆင့်ပွားလာတဲ့ အနုပညာမြင်ကွင်း တစ်နည်း မော်ဒမ်အနုပညာနဲ့ ခေတ်ပြိုင်အနုပညာကို ဆက်လက်ရှာဖွေနေကြသူတွေရယ်၊ အရှေ့တိုင်း ဂျပန်နိုင်ငံကနေတစ်ဆင့် ကျယ်ပြန့်လာတဲ့ Anime (Manga, Animation) ဟန်ကို ရေးဆွဲလာကြတဲ့ အနုပညာမြင်ကွင်းရယ် ဆိုပြီး ဖြစ်တယ်။ ၂၀၀၀ ဝန်းကျင်နောက်ပိုင်းကနေစပြီး မြန်မာနိုင်ငံမှာ ဂျပန်အနုပညာများ ခေတ်စားလာခဲ့ပြီး ၂၀၁၀နဲ့ ၂၀၂၀ကြားမှာ ဂျပန်စတိုင် ရုပ်ပြစာအုပ်များ၊ ပြပွဲများ စသည်ဖြင့် မြင်တွေ့လာခဲ့ရတယ်။ ၂၀၂၁အထိ ဂျပန်ဟန် အနုပညာမြင်ကွင်းမှာ လှပလျက်ရှိခဲ့တယ်။ ၂၀၂၁ နောက်ပိုင်းတွင် အနုပညာမြင်ကွင်းနှစ်ခုလုံးမှာ တိုးတက်မှုလျော့နည်းလာကြတယ်။ သံရုံးများမှ အနုပညာထောက်ပံ့ကြေးမပေးရင် အနုပညာတစ်ခု ထုတ်လုပ်ရန် ခက်ခဲသော အခြေအနေသို့ ရောက်ရှိလာခဲ့တယ်။ ရန်ကုန်မှာ သံရုံးများနဲ့ မပတ်သက်သော အနုပညာရှင်များ ရှားသထက် ရှားလာခဲ့တယ်။ မန္တလေးမှ အနုပညာရှင်အဟောင်းများကတော့ သူ့နည်းသူ့ဟန် ရှင်သန်ဆဲဖြစ်ပေမဲ့ သံရုံးများပေါများတဲ့ ရန်ကုန်လောက် လူငယ်အနုပညာရှင်အသစ်များ ပေါ်ထွက်မလာပေ။
၁၉ သြဂုတ် ၂၀၂၅
Keep Reading