Reviews by Benevolent
အော်စကာရတဲ့အထိ ဖြစ်နိုင်ချေရှိနေတဲ့လီယိုနာဒို ဒီကက်ပရီယို( Leonardo DiCaprio )ရဲ့ ရုပ်ရှင်သစ်အကြောင်းလေးပြောပါရစေ။One Battle After Another ရုပ်ရှင်က Leonardo ရဲ့ ဒုတိယမြောက်အော်စကာဆုလို့လည်း ပြောကြတယ်။Killers of the Flower Moon မှာ အော်စကာနဲ့လွဲခဲ့ပေမယ့် One Battle After Another နဲ့ လီယိုနာဒို ဒီကက်ပရီယို (Leonardo DiCaprio) တစ်ယောက် အော်စကာဆုကိုရရှိနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ လီယိုနာဒို ဒီကက်ပရီယို(Leonardo DiCaprio)က အော်စကာဆုကို ပထမဆုံးအကြိမ်အဖြစ် "The Revenant" (2015) ရုပ်ရှင်ဖြင့် ရရှိခဲ့ဖူးတယ်။အခြား ဆုတံဆိပ်များစွာကိုလည်း ရရှိခဲ့တယ် ။ အခုထွက်လာတဲ့ One Battle After Another ရုပ်ရှင်နဲ့ သူရဲ့ ဒုတိယမြောက် အော်စကာဆုကို ရရှိဖို့ အလားအလာရှိ နေတယ်လို့နာမည်ကျော် ဝေဖန်ရေးသမားများရဲ့ အသိအမှတ်ပြုမှုကိုရထားတယ်။The Revenantနောက်ပိုင်း ပြန်ရိုက်တဲ့ Revenge Action ကားပါပဲ။
၂၀၂၅ ဇွန်လလောက်က ဒီရုပ်ရှင် One Battle After Another ကို စမ်းသပ်ပြသမှုပြုလုပ်ခဲ့တယ်။ရလဒ်ကောင်းတွေရခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ကလည်း One Battle After Another ကို စာနယ်ဇင်းတွေအတွက် လော့စ်အိန်ဂျလစ်စ်မြို့နဲ့ နယူးယောက်ခ်မြို့တွေမှာ သီးသန့်ကန့်သတ်ပြသခဲ့ပါသေးတယ်။ အဆိုပါပြသမှုကို ဟောလိဝုဒ်က စာနယ်ဇင်းတွေသာမက ဝေဖန်ရေးသမားတွေနဲ့ သုံးသပ်လေ့လာသူတွေလည်း ကြည့်ရှုခဲ့ကြတယ်။ ရလဒ်ကောင်းတွေကိုထပ်မံရရှိနေတယ်လို့ဆိုပါတယ်။ရုပ်ရှင် trailer ကလည်း Golden Trailer Award ဆုကို ရရှိခဲ့တယ်။ရုပ်ရှင် ထုတ်လုပ်မှုစရိတ်က $130-175 သန်းကြားရှိတယ်လို့ဆိုတယ်။
ဒါပေမယ့် Warner Bros. ကတော့ $130 သန်းလို့ ဖော်ပြထားတယ်။ ရုပ်ရှင်ကို IMAX ဖြင့် ပြသမှာဖြစ်ပြီး ဒါရိုက်တာ Paul Thomas Anderson ၏ ပထမဆုံး IMAX ရုပ်ရှင်ဖြစ်လာပါတယ်။
ဟောလိဝုဒ်က ထိပ်သီးမင်းသားကြီးတွေဖြစ်ကြတဲ့ လီယိုနာဒို ဒီကက်ပရီယို(Leonardo DiCaprio), Sean Penn နဲ့ ဘင်နီဆီယို ဒဲလ် တိုရို(Benicio del Toro) တို့ရဲ့ revenge action ရုပ်ရှင်ဖြစ်တဲ့ One Battle After Another ကတော့ စက်တင်ဘာလ အတွင်းမှာပဲ ရုံတင်ပြသကြမှာဖြစ်ပါတယ်။ The Guardian မှ Peter Bradshaw က Leonardo DiCaprio ရဲ့ သရုပ်ဆောင်မှုက"အံ့သြဖွယ်ကောင်းတယ်" လို့ ဆိုတယ်။သူရဲ့ အကောင်းဆုံး အသက်အရွယ်ကာလက အော်စကာဆု သုံးကြိမ်ရထားတဲ့မင်းသားကြီး ဂျက်နီကော်ဆင် (Jack Nicholson) ကို သတိရစေတယ်လို့ ဆိုတယ်။Sean Penn ရဲ့ သရုပ်ဆောင်မှုကို "နှစ်ပေါင်းများစွာအတွင်း သူရဲ့အကောင်းဆုံး သရုပ်ဆောင်မှု" လို့ The Guardian က ဖော်ပြခဲ့ထားသေးတယ် ။ ထူးချွန်တဲ့ သရုပ်ဆောင်များရဲ့ပါဝင်မှုက ဒီရုပ်ရှင်ရဲ့ အောင်မြင်မှုကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ဆိုတယ်။လက်ရှိအချိန် critic 95 ယောက် review တွေအရ 97% Certified Fresh ဖြစ်နေတယ်။ ဒါဟာ လူ ၁၀၀ မှာ ၉၇ ယောက်က ကြိုက်တယ်လို့ ပြောနေတာပါပဲ။
အနုပညာသတင်းမဂ္ဂဇင်းတွေနဲ့ သတင်းစာတိုက်တွေဖြစ်ကြတဲ့ The Playlist, IndieWire နဲ့ New York Times တို့က သုံးသပ်ဝေဖန်သူတွေကတော့ One Battle After Another ဟာ လာမယ့်အော်စကာမှာ ဆန်ခါတင်အဆင့်တင်မဟုတ်ပဲ ဆုရတဲ့အဆင့်အထိပါရောက်တဲ့အထိ လက်ရာမြောက်ကြောင်းကို သုံးသပ်ပြထားတာတွေ့ရှိရပါတယ်။ရုပ်ရှင်ကို ဝေဖန်ရေးသမားများက အလွန်အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုများ ပေးခဲ့ကြတယ်။ Rotten Tomatoes တွင် 97% သော ဝေဖန်ရေးသမားများရဲ့ သုံးသပ်ချက်များက အပြုသဘောဆောင်နေတယ်။ ဒါရိုက်တာ Paul Thomas Anderson ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ရုပ်ရှင်တစ်ကားအဖြစ် ဖော်ပြခဲ့ကြတယ်။
ဇာတ်လမ်းက ရုတ်တရက်ဆို ဘာမှထူးခြားတာမျိုး မမြင်ရပေမယ့် ဟောလိဝုဒ်က ဆရာ့ဆရာတွေကြီး ပေါင်းပြီး တင်ဆက်လိုက်တဲ့အခါမှာ အရမ်းကိုလက်ရာမြောက်တဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါလိမ့်မယ်။ Leonardo DiCaprioက Bob Ferguson ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတယ်။ဇာတ်လမ်းကတော့ Bob Ferguson လို့ခေါ်တဲ့ revolutionary အဖွဲ့ဝင်ဟောင်းတစ်ယောက်က ၁၆ နှစ်ကြာမှ ပြန်ပေါ်လာခဲ့တဲ့ ရန်သူဟောင်းကြီးလက်က ထွက်ပြေးရင်း သူ့သမီးကို လိုက်ကယ်ရတယ်ဆိုတဲ့အကြောင်းပါ။AK-47 သေနတ်တစ်လက်နဲ့ ပစ်ခတ်တဲ့ပြကွက် တွေပ
Unlock to read this premium article with 100 points.