SarPhat Author
ဒီအကြောင်းကိုကျွန်တော့်သူငယ်ချင်းကပြောပြတာပါ။
ကျွန်တော့်သူငယ်ချင်းဆိုတာထက်ကျွန်တော်ဖွင့်ပြောခဲ့ဖူးတဲ့အရမ်းချစ်နေရသောသူပေါ့
သူကသူနာပြုဆရာမလေးလေ
အခုမှသင်တန်းတက်တုန်းပါ
သူကြောင့်ပဲကျွန်တော် "ငွေသော်တာရောင်ခြည်" သီချင်းကိုအရမ်းကြိုက်ခဲ့တာပေါ့
ပြီးခဲ့တဲ့တခေါက်သူငယ်ချင်းတွေဆုံတုန်းကသူ ေပြာပြတဲ့အကြောင်းပါ
သူကသင်တန်းသူဆိုတော့ဆေးရုံမှာလက်တွေ့ဆင်းရတယ်လေ။
သူက ကလေးဆောင်မှာတာဝန်ကျတာဗျ။ကျွန်တော်မြင်ရောင်သေးတယ်။ ကလေးဆန်တဲ့သူက ကလေးတွေကိုဘယ်လိုပြောမလဲဆိုတာ
သူကအဲ့မှာ မိဘတွေကသားသမီးတွေကိုဘယ်လိုဂရုစိုက်တယ်ဆိုတာကိုပြောပြတယ်
ဘယ်မိဘမဆိုကိုယ့်သားသမီးကိုအရမ်းချစ်တာပါ။
ကိုယ့်သားသမီးကချို့ယွင်းချက်တခုခုရှိနေရင်တောင်မိဘတွေက အဲ့ချို့ယွင်းချက်ကိုစိတ်မပျက်ဘဲပိုပြီးတောင်ချစ်ပေးပါတယ်
သေချာစဉ်းစားကြည့်ရင်ဘယ်သူမှကိုယ့်ကိုသူတို့လောက်အကြာကြီးချစ်မပေးနိုင်ဘူး၊သည်းခံမပေးနိုင်ဘူး၊စိတ်မရှည်နိုင်ဘူး၊လက်ခံမပေးနိုင်ကြပါဘူး။
ကိုယ့်စီကဘာမျှော်လင့်ချက်မှလည်းမရှိ(ကြီးလာရင်အားကိုးမယ်ပေါ့)
ကိုယ့်ရဲ့ထက်မြက်မှု၊ချောမောမှု၊ဖော်ရွေမှုစသည့်အချက်တွေကိုကြည့်ပြီးမှချစ်တတ်တဲ့သူမျိုးတွေလည်းမဟုတ်ပါဘူး
ဆေးရုံမှာလည်း
ဝမ်းလျှောလို့ဆေးရုံတက်ေနသောကလေးမှာပုံမှန်ထက်ရက်အနည်းငယ်ကြာနေ၍ဆရာဝန်ကဆေးများပြောင်းလဲပြီးကုသပေးရာတွင်မိဘက
သူ့သားအား အေခြနေဆိုးသည်ဟုယူဆပြီးတငိုင်ငိုင်ဖြစ်လိုက်ငိုလိုက်ဖြစ်နေပါတယ်။ပုံမှန်ဝမ်းလျှောတဲ့ကိစ္စကိုပင်မန္တလေးသို့သွားရန်ပင်ဆုံးဖြတ်ထားသည်။ဤအချက်ကိုကြည့်ခြင်းအားဖြစ်မိခင်သည်ပိုက်ဆံကိုလည်းဂရုမစိုက်နိုင်၊မိမိကလေးနေကောင်းရေးသာလျှင်ပဓာနဖြစ်နေတတ်ပါတယ်
ညဂျူတီကျသည့်အခါမှာလည်းတနာရီခြားတခါလောက်သူ့တိုကလေးအားကြည့်စေချင်၍ဖခင်များကဂျူတီခန်းနှင့်သူတို့နေရာကိုအိမ်ဦးနှင့်ကြမ်းပြင်ကဲ့သို့ကူးနေကြသည်။
ကျွန်တော်တို့အတွက်သာမန်ကိစ္စလေးတွေဖြစ်နေရင်သူတို့အတွက်ကမ္ဘာပျက်မတတ်ခံစားနေကြရပါတယ်( ဉပမာ ကလေအား
ဆေးသွင်းထား၍မျက်နှာမှာဆေးအရှိန်ဖြင့်အနည်းငယ်ရောင်နေလျှင်ဆရာမ ကလေးမျက်နှာကအမ်းနေတယ်တခုခုဖြစ်လို့လား စိုးရိမ်ရလား ဘာညာပေါ့ ဘေးတွင်ပေါက်ပေါက်ဖောက်သကဲ့သို့ တောက်လျှောက်မေးနေတတ်တယ်။
ကိုယ်ဝန်ဆောင်စဉ်တွင်လည်း သူတို့အရမ်းကြိုက်သောချိုချဉ်ငံစပ်ကိုပင်ရှောင်၍မိမိကလေးအတွက်သာကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုသာစားကြရပါတယ်
မိခင်က ကိုယ်ဝန်ဆောင်ကာလမှာပဲဖြစ်ဖြစ်၊ မီးနေကာလမှာပဲဖြစ်ဖြစ် သေချာဂရုတစိုက်ဆင်ခြင်မှုမရှိဘူးဆိုရင်မိခင်ရောကလေးရော အသက်အန္တရာယ်စိုးရိမ်ရပါတယ်
မိမိအသက်ကိုတောင်မငဲ့ကွပ်ပဲကျွန်ေတာ်တို့ကိုမွေးဖွားပေးသောမေမေနဲ့ ကိုယ်သာလျှင်အပင်ပန်းခံမယ်ကိုယ့်သားသမီးကိုမျက်နှာမငယ်စေ၊ မပင်ပန်းစေချင်သောဖေဖေ တိုနှစ်ယောက်ကိုအမြဲထာဝရကျေးဇူးတင်နေမှာပါ
ကျွန်တော်ဒီကိစ္စတွေသိပြီးနောက်တွင်
မိဘအပေါ်ဆိုးခဲ့မိတာတွေအတွက်နောင်တရမိပါတယ်။
သူ
Keep Reading