Author's Profile Photo

Aung Thu Ya Kyaw

5/09/2025

အိမ်ခြံမြေ ဝယ်ချင်လို့ပါ ဘာတွေလုပ်ရမလဲ?

1 min read
Business
Entrepreneurship
အိမ်ခြံမြေ ဝယ်ချင်လို့ပါ ဘာတွေလုပ်ရမလဲ?'s photo

—
အိမ်ခြံမြေကို တော့ ဝယ်ချင်တယ်
သို့သော် …
ဘယ်က ဘယ်လို ဝယ်ရမှန်းလဲမသိ
လက်ထဲမှာ ရှိတဲ့ ငွေပို၊ ငွေလျှံလေးလဲ
အငွေ့မပြန်သွားစေချင်ဘူး။
ဒီလိုလူတွေ လုပ်တတ်တဲ့
အမှားနဲ့…
အိမ်ခြံမြေ ဘယ်လို ဝယ်ရမလဲ
ပြောပြပေးသွားပါ့မယ်။
—
အပွင့်လင်းဆုံး ပြောရရင်
ဘာမှ မသိရင် ဘာမှ မလုပ်စေချင်ဘူး။
ဒါ့အပြင်…
လုံးဝ မလုပ်တာမျိုးကလဲ မဖြစ်စေချင်ဘူး။
ဘာကြောင့်လဲ ဆိုတော့…
ဝါရင်ဘာဖတ်ပြောတယ်
“ကိုသိတာကိုပဲ ကိုယ် ရင်းနှီးမြှုပ်နှံ၊
ဟိုရောင်ရောင် ဒီရောင်ရောင်မျိုး
မဖြစ်စေနဲ့။” 
(လိုသလို နားလည်အောင် ဘာသာပြန်ထား)
-
အခြေခံလေး ပြောပြပေးပါ့မယ်..
အိမ်ခြံမြေ ဝယ်ရင် “တန်ဖိုး (Value)” 
ကို ဦးစားပေးကြည့်ပါ။
“ဈေးတန်း (Price)” ကို နောက်မှကြည့်ပါ။
–
တန်ဖိုး (Value) ဆိုတာကတော့
- ငွေတွေ အငွေ့မပျံသွားဖို့
- အမွေကောင်းတွေ ထားခဲ့ဖို့
- အနာဂတ်မှာ Assets ကောင်း တစ်ခုကျန်ဖို့
- ဝင်ငွေစီးကြောင်း ဖန်တီးဖို့
- ဈေးနှုန်းတက်ခြင်း
- Leverage ယူဖို့
ဈေးတန်း (Price) ဆိုတာ
မြင့်တစ်ခါ၊ နိမ့်တစ်လှည့်
ဖြစ်နေပါလိမ့်မယ်။
ဒါကို ထိန်းနိုင်တဲ့ Emotions 
လိုအပ်ပါတယ်။
ပါးစပ်ပြောက လွယ်သလောက်
လက်တွေ့ကျင့်သုံးဖို့ 
အချိန်တွေ ယူပါလိမ့်မယ်။
စိတ်ရှည်ရပါလိမ့်မယ်။
လေ့လာရပါလိမ့်မယ်။
–
အိမ်ခြံမြေ မှာ ကံကောင်းနိုင်ကြပါစေ။ 

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်Product တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုအလုပ်ထွက်ဖို့ စဉ်းစားနေပြီလားရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုPersonal Finance အရ စတင် တည်ဆောက်ချိန်