Author's Profile Photo

Aung Thu Ya Kyaw

1/09/2025

မမှားစေနဲ့ ဒါမျိုးက —

1 min read
Business
General Knowledge
Entrepreneurship
မမှားစေနဲ့ ဒါမျိုးက 
—'s photo


ဝယ်တဲ့သူတွေ ဝယ်ဖို့
လာမေးခဲ့ရင် ကျွန်တော် မေးတာက
နေဖို့လား? Invest ဖို့လား?

နေဖို့ဆိုတာ
ကိုယ့်အကြိုက်..
Invest ဖို့ဆိုတာ
အများ အကြိုက်။

ဆိုလိုသည်မှာ…
ကိုယ်က အနောက်လှည့်
ကြိုက်ချင် ကြိုက်လိမ့်မယ်။
သို့သော်…
အများစုက အရှေ့လှည့်ကို
ကြိုက်လိမ့်မယ်။

နေဖို့ အတွက်
ကိုယ့်အကြိုက်ဆိုပေမယ့်
နေရာရွေးချယ်မှု အပိုင်း နားလည်ဖို့လိုတယ်။

Location ကောင်းတာကိုရွေးလို့
လွယ်လွယ်လေး ပြောလို့ရတယ်။

Location ဆိုတာ ဘာကိုလဲ ဆိုတာ
သိဖို့ လိုအပ်လိမ့်မယ်။

အဓိကက ကိုယ့်ရဲ့ Lifestyle ကိုသိဖို့လိုတယ်။

အလုပ်နဲ့နီးရာ၊ ကျောင်းနဲ့နီးရာ၊
ဈေးနဲ့နီးရာ၊ ကိုယ့်အလုပ်နဲ့ နီးရာ
ဆေးခန်းနဲ့ နီးရာ၊ GYM နဲ့နီးရာ
အချစ်နဲ့ နီးရာ (ဒါက စတာ..)
စသဖြင့် ကိုယ်သိဖို့လိုတယ်။

ဘယ်လိုနီးနီး လူတစ်ယောက်အတွက်
အရေးကြီးတဲ့ အချက်ဟာ..
ကိုယ့်ရဲ့ ကျန်းမာရေး၊ လုံခြုံရေး
ပညာရေး၊ ကိုယ့်ရဲ့ အလုပ်၊ ဈေး
ဒါတွေကို ထည့်သွင်းစဉ်းစားပါ။

ကျန်းမာရေး မကောင်းရင်
အမြန်သွားနိုင်ဖို့လိုတယ်။
မဟုတ်ရင် ပိုဆိုးသွားနိုင်တာမျိုးရှိတယ်။

လုံခြုံမှု မရှိပြန်ရင်လည်း
ကိုယ်ရှာသမျှစီးစည်၊ ကိုယ့်အသက်
ဒါတွေက အမြဲ ခြိမ်းခြောက်စရာ ဖြစ်နေလိမ့်မယ်။

ပညာရေး၊ ဒါက ကလေးတွေ အတွက်ရော
မိဘတွေ အတွက်ရော အရမ်းအရေးကြီးပါတယ်။

ကိုယ့်ရဲ့ အလုပ်..
တစ်ချို့က Work From Home
တစ်ချို့ ရုံးတက်ရုံးဆင်း…
နေရာနီးဖို့လိုတယ်။

ဈေးနဲ့ နီးဖို့လိုတယ်..
ဈေးဆိုတာကတော့
တော်တော်ထည့်သွင်းစဉ်းစားရမှာပါ။
တစ်ချို့ အိမ်ရာတွေမှာနေတယ်
ကွန်ဒိုတွေမှာ နေတယ်။
ရပ်ကွက်ဈေး ရှိသလို
Shopping Mart တို့ကလဲ ဝယ်တာရှိမယ်။
ဘာပဲဖြစ်ဖြစ်
လတ်ဆတ်မှုနဲ့ သန့်ရှင်းမှု ဖြစ်ရမယ်။

ဒါတွေကတော့ ကိုယ့်အကြိုက်ကို
ရွေးချယ်တဲ့ အခါ
ထည့်သွင်းစဉ်းစားဖို့ မေ့နေမှာ ဆိုးလို့ပါ။

ထည့်ပြောစရာတွေကျန်ပါသေးတယ်။

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်Product တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုအလုပ်ထွက်ဖို့ စဉ်းစားနေပြီလားရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုPersonal Finance အရ စတင် တည်ဆောက်ချိန်