Nway Oo Maung
ကောဇာသက္ကရာဇ် ၁၂၇၅လောက်က ပြင်
သစ်ပညာရှင်တချို့ လယ်တီဆရာတော်ဘုရားကြီးအား ဗုဒ္ဓဘာသာနှင့်ပတ်သက်လို့ သူတို့မရှင်းတဲ့အောက်ပါအချက်ငါးခု မေးလျှောက်ကြ
၏။
၁။သားသမီးတို့၏ကံ (ကမ္မ)သည် ၎င်းတို့၏ မိဘများ ကံ (ကမ္မ)နှင့်တူ မတူ။
၂။မိဘက နူသည်ဖြစ်စေ,ရောဂါဆိုးကပ်သည်ဖြစ်စေ,ရူးသည်ဖြစ်စေ၊ထိုသူမှပေါက်ဖွားသောသားသမီးတို့မှာ ဆေးကျမ်းပညာအရ ကူးတတ်သည်၊ရူးတတ်သည် ဆိုကြ
သည် ကံ(ကမ္မ)ချင်းမတူကြလျင် မည်သည့်အတွက်ကြောင့် နူနိုင်, ရူးနိုင်,ကူးနိုင်ကြပါသနည်း။
၃။ဝိညာဉ်သည် အတွယ်ရှိပါမှဖြစ်ပါသလား၊ မတွယ်မီအလျောက်ဖြစ်နေပါသလား၊ အစိမ်းတစ္တေဖြစ်သည်ဆိုကြသော စကားမှန်ပါသလား။
၄။"လူဝင်စား"ဟူ၍လောက၌ ပြောရိုးဆိုရိုးရှိကြ၏။ဝင်စားခြင်းအကြောင်းသည် ဗုဒ္ဓဘာသာတရားတော်တွင် သက်ဝင်ခြင်းရှိပါသလား။
၅။အဘိညာငါးပါး
၁။ဣဒ္ဓိဝိဓ အဘိညာ
၂။ဒိဗ္ဗသောတ အဘိညာ
၃။စေတောပရိယ အဘိညာ
၄။ပုဗ္ဗေနိဝါသ အဘိညာ
၅။ဒိဗ္ဗစက္ခု အဘိညာ
ဤငါးပါးတို့သည့် မြတ်စွာဘုရားမှတစ်ပါး ရဟန္တာ-အစရှိသော အရိယာ သာဝကများနှင့်
ဆက်ဆံပါသေး၏လား။
ထိုငါးချက်ထဲမှာ နံပါတ်သုံးပုစ္ဆာကို ကိုယ်တိုင်
ရှင်းရှင်းလင်းလင်းသိချင်နေတာကြာပြီ၊ဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်ဖတ်ရတော့မှ အမြင်ရှင်းသွားတော့တယ်။နံပါတ်သုံးပုစ္ဆာရဲ့သဘောက "ဝိညာဉ်သည် အတွယ်ရှိမှဖြစ်ပါသလား ၊မတွယ်မီအလျောက်ဖြစ်နေပါသလား ဟူသောအမေးသည် အရပ်စကားနဲ့ပြောရရင် လူသေရင် ထိုလူသည် သူရောက်ရမည့် နောက်ဘဝသို့တမ်းရောက်ပါသလော၊ သို့တည်းမဟုတ် ကြားခံဘဝမှာ ခဏနေပြီးမှ သူရောက်ရမည့်နောက်ဘဝသို့ရောက်ပါသလော"မေးတဲ့သဘောမျိုးဖြစ်၏။
"လယ်တီဆရာတော်ဘုရားကြီးဖြေကြားပုံ"
အကြင်သူသည် လူ့ပြည်မှသေ၍ နတ်ပြည်၌ဖြစ်လေ၏၊ ထိုသူ၌ လူ့ဘဝအဆုံးနှင့်နတ်ဘဝအစသည် ဌာနအားဖြင့်ဝေးကွာသော်လည်း ကာလအားဖြင့်အခြားမရှိ၊တစ်စပ်တည်း,တစ်ဆက်တည်း စပ်ဆက်
လျက်ဖြစ်၏။အကြင်သူသည် လူ့ပြည်မှသေ၍ အောက်မဟာအဝိစိငရဲကြီး၌ဖြစ်လေ၏၊ထိုသူ၌လည်း လူ့ဘဝအဆုံးနှင့် ငရဲဘဝအစသည် ဌာနအားဖြင့်ကွာဝေးသော်လည်း ကာလအားဖြင့်အခြားမရှိ၊လောကမျက်မြင်အားဖြင့် မဟာပထဝီ မြေအထု ခုခံကွယ်ခြား၍ နေသော်လည်း ကံဟူသောနာမ်ဓမ္မ၏ အစွမ်းသတ္တိကို ထိုမဟာပထဝီမြေအထု ခုခံကွယ်ခြားနိုင်သည်မဟုတ်၊လူ့ဘဝမှာအဆုံး နာမ်ဓမ္မအဟောင်းချုပ်လျင် မဟာအဝီစိငရဲကြီးမှာအစ,နာမ်ဓမ္မအသစ် ဆက်လက်ဖြစ်ပေါ်လေတော့သည်၊အကြား၌ မျက်တောင်တစ်ခပ် လျှပ်တစ်ပြက် ကြံ့ကြာခြင်းမရှိလေပြီ။
အကြောင်းမူကား-အသီးအသီး သူ့ကံနှင့်သူ့ဘုံ၊သူ့ဘုံနှင့်သူ့ဘဝ သတ်မှတ်ပိုင်းခြားလျက်ရှိလေသောကြောင့်တည်း။
ထိုမှတဖန်"အစိမ်းတစ္ဆေဖြစ်သည် ဆိုကြသောစကား မှန်ပါသလား"ဟူသောအမေးကိုဖြေတော်မူ၏။
"လယ်တီဆရာတော်ဘုရားကြီး ဖြေဆိုပုံ"
"အစိမ်းတစ္ဆေဖြစ်ကြသည်ဆိုကြသောစကား မှန်ပါသလား"မှန်ပါသလားဟူသောစကားဖြင့် အစိမ်းတစ္ဆေဖြစ်သည်ကိုပင် အန္တရာဘဝဖြစ်သည်ဟု အယူရှိကြသည်ကိုထုတ်ဖော်၍ပြပေ၏၊ အစိမ်းတစ္ဆေဟူသည် အခြားတပါးမဟုတ်၊နတ်ဘဝစုတွင် အယုတ်ဆုံးအညံ့ဆုံးဖြစ်သော စာတုမဟာရာဇ်နတ်ဘဝပေတည်း၊လူ့ဘဝ နတ်ဘဝ,ဗြဟ္မာဘဝ,ငရဲဘဝ,တိရစ္ဆာန်ဘဝ,ပြိတ္တာဘဝတို့မှ အလွတ်အလပ်အသီးခြားမဟုတ်ပေ၊ထိုဘဝသို့ရောက်လေသောသူသည် လူနှင့်အလွန်နီးစပ်၏၊ ထိူဘဝ၌ ဆင်းရဲရန် ကံအခွင့်ကုန်လျင် လူ့ဘုံသို့ပြန်လာနိုင်၏၊ အခွင့်သင့်ရာအမိဝမ်းမှာ ပဋိသန္ဓေယူနိုင်၏။
ထိုဘဝကို ချမ်းသာသော နတ်ဘဝမဟုတ်သည့်အတွက်ကြောင့် နတ်ဘဝဟူ၍အယူမရှိကြဘဲ "အန္တရာဘဝ"ဟူ၍ တမျိုးတစ်မည် ထင်မှတ်ကြ၏၊မြန်မာတို့၌ "အစိမ်းတစ္ဆေ"ဟူသော အမည်တစ်မျိုးနှင့်ခေါ်ကြ၏။ဗုဒ္ဓဘာသာကျမ်းဂန်တို့၌"ဝိနိပါတိကအသုရာ"ဟူ၍ခေါ်၏၊နတ်ဘဝစုတွင် အယုတ်ဆုံးအညံ့ဆုံးသော နတ်ဘဝတစ်မျိုးဖြစ်ပေသတည်း၊ လူပြည်မှသေလွန်ကြသူအပေါင်းတို့သည် ထိုဘဝသို့ချည်ရောက်
ကြကုန်သည်မဟုတ်၊အချို့မျှသာရောက်
ကြကုန်၏၊ရုတ်တရက်အခွင့်နှင့် သေဆုံးကြသော သူများသည် ထိုဘဝသို့ရောက်တတ်ကြ၏၊မနုဿဂတိ,ဒေဝဂတိ,နိရယဂတိ,တိရစ္ဆာနဂတိ,ပေတဂတိဟူ၍ ဂတိငါးပါတို့မှ အလွတ်အလပ် အသီးအခြားမဟုတ်ပေ။(လယ်တီဆရာတော်ဘုရားကြီး ဦးဉာဏ၊ နိုင်ငံခြားပုစ္ဆာအဖြေပေါင်းချုပ် နှာ၂၈/၂၉/၃၀)
အစိမ်းတစ္ဆေဆိုတာ သုံးဆယ့်တစ်ဘုံထဲမှာ စာတုမဟာရာဇ်နတ်အမျိုးစားထဲမှ ကံအလွန်ညံ့တဲ့နတ်ကိုဆိုလိုတာဖြစ်ပါတယ်၊ ရုတ်တရက်သေဆုံးသူများ ပိုဖြစ်နိုင်တဲ့သဘောပါ၊
Keep Reading