Author's Profile Photo

မောင်ဘုန်းမြင့်(သဘာဝ)

3/08/2025

ကောင်းကွက်ကိုသာရှာပါ

1 min read
Personal Development
Creative
Self Improvement
ကောင်းကွက်ကိုသာရှာပါ's photo

လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာပဲဖြစ်ဖြစ်၊ အသက်ရှင်နေတဲ့အချိန်မှာဖြစ်ဖြစ် စိတ်ချမ်းမြေ့ချင်ရင် အဆိုးကိုဖယ်ထားပြီးတော့ ကောင်းကွက်ကိုရှာတတ်ရမယ်။ အရာရာတိုင်းမှာ ကောင်းကွက်လဲရှိသလို ဆိုးကွက်လဲရှိတယ်။ အဲ့ဒီထဲကမှ ကောင်းကွက်ကိုကြည့်ပြီးနေရင် စိတ်ချမ်းမြေ့ရမှာဖြစ်သလို ဆိုးကွက်ကိုပဲကြည့်ပြီးနေရင်တော့ စိတ်ဆင်းရဲရမှာဖြစ်ပြီး ဒေါသဖြစ်ရမှာဖြစ်တယ်။
ဥပမာ - ခရီးသွားရင်း ရေအလွန်ငတ်နေတဲ့ခရီးသွားက တောထဲတစ်နေရာမှာ ရေချိုအိုင်တစ်အိုင်ကိုတွေ့တယ်၊ ဒါပေမဲ့ အဲ့ဒီရေအိုင်ထဲမှာ သစ်ရွက်ခြောက်တွေလိုအမှုန်အမွှားတွေက အပေါ်မှာဖုံးနေတယ်၊ ရေကလဲငတ်တာကြာတော့ ရေကိုခပ်သောက်မှရမယ်၊ အဲ့ဒါကြောင့် ရေထဲမှာရှိတဲ့ အမှုန်အမွှားတွေကိုဖယ်ပြီး ရေငတ်ပြေဖို့ ရေကိုခပ်သောက်ရမှာဖြစ်တယ်။
အဲ့ဒီလိုပဲ ကိုယ်ကတကယ်ပဲ စိတ်ချမ်းမြေ့မှုကိုလိုချင်ရင် ရေထဲမှာရှိတဲ့အမှုန်တွေကို မသောက်ခင်ဖယ်သလိုမျိုး အရာရာတိုင်းမှာရှိတဲ့ ဆိုးကွက်ကိုဖယ်ပြီး ကောင်းကွက်ကိုပဲကြည့်ရမှာဖြစ်တယ်။ စိတ်ချမ်းမြေ့ချင်ရင် ဆိုးကွက်ကိုမေ့ပြီး ကောင်းကွက်ကို နှလုံးသွင်းဆင်ခြင်နိုင်အောင်ကြိုးစားပါ။
ငြိမ်းအေးလိုသူတိုင်း ငြိမ်းအေးနိုင်ကြပါစေကုန်။

Ref: ပါချုပ်ဆရာတော်ဘုရားကြီး။

မောင်ဘုန်းမြင့်(သဘာဝ)
#မောင်ဘုန်းမြင့်_သဘာဝ #တွေးမိသောအတွေးစာစု

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်မရိုးတရိုးအဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းတစ်