Author's Profile Photo

Reviews by Benevolent

29/07/2025

အချစ်ဦး

2 mins read
Book Review
Novel
Fiction
အချစ်ဦး's photo

စာဖတ်မိတ်ဆွေတို့ အသက်လေးရွယ်ကျော်အရွယ်ရောက်ချိန် ငယ်သူငယ်ချင်းတွေနဲ့အချစ်ဦး အကြောင်းပြန်ပြောခွင့်ရရင် အတိတ်အိပ်မက်ကမ္ဘာတွင် မိန်းမောတွေဝေကာ လွမ်းသလို ဆွေးသလိုရင်ထဲလှိုက်ဖိုတတ်လာမှာလား ၊ မမြင်ရတော့တဲ့ ညခင်းဆည်းဆာအလှလို စာလင်္ကာတွေနဲ့ ဆွတ်ပျံ့ကြေကွဲပြမှာလား ၊ ဒါမှမဟုတ် အဖြစ်အပျက်‌တွေက နွေဦးအစမြေကိုခွဲပြီးထွက်လာတဲ့မြက်ပင်ရိုးတံသဖွယ် သာယာမှုမရှိ ၊ ဒေါသအတိဖြစ်နေမှာလား။စာမျက်နှာ -၁၉၃နဲ့ ဒီဝတ္ထုမူရင်းက ၁၈၆၀ က ထုတ်ဝေခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ တူရဂေးညက်(Ivan Turgenev)၏ ငယ်စဉ်ဘဝ အတွေ့အကြုံတွေကို အခြေခံပြုခဲ့တယ်လို့ ဆိုကြတယ်။တူရဂေးညက်(Ivan Turgenev) ကိုယ်တိုင်ကပင် မိမိ၏ အတ္တုပ္ပတ္တိဝတ္ထုလို့ ဆိုခဲ့ဖူးတယ်။စာအုပ်ထဲစကားစုများက ရိုးရှင်းပေမယ့် စိတ်နှလုံးကို ထိခိုက်စေတယ် ပြောရမယ်၊လူသား၏ ခံစားချက်များကိုသဘာဝနှင့် ရောစပ်ပြီး ဖော်ပြရာတွင် ကျော်ကြားသူဖြစ်တဲ့တူရဂေးညက်( Turgenev) ၏ အားသာချက်လို့ ပြောရမယ်။ အချစ်ဦး (First Love) တွင် လူငယ်တစ်ဦး၏ အပျော်နှင့် ဝမ်းနည်းမှုများကို စာပေအနုပညာဖြင့် ရိုက်ချိုးပြထားတယ်။အချစ်၊ လူငယ်ဘဝ၏ စိတ်လှုပ်ရှားမှုများ၊ နာကျင်မှုနှင့် အရွယ်ရောက်လာခြင်း၏ အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း ရှာဖွေထားတဲ့ စာအုပ်လည်းဖြစ်တယ်။

ဇာတ်လမ်းကို ငေးကြည့်မယ်ဆို အဓိကဇာတ်လိုက်
ဗလာဒီမာ လူငယ်တစ်ဦး၏ ပထမဆုံးအချစ် အတွေ့အကြုံကို သူ့ကိုယ်သူ ပြန်ပြောင်းပြောပြထားတယ်။၁၆နှစ်အရွယ် ဗလာဒီမာက အိမ်နီးချင်းဖြစ်သူဇီနေဒါ အမည်ရှိ အသက်၂၁န့်ရှိ လှပတဲ့ အမျိုးသမီးကို ချစ်မိသွားတယ်။ ဇီနေဒါအသက်အရွယ်က ဗလာဒီမာရဲ့ အစ်မအရွယ်လို့ပြောရမယ်။ဇီနိုင်ဒါက ဆွဲဆောင်မှုရှိတယ်၊ဒါပေမယ့် စိတ်မမှန်သူတစ်ယောက်လို့ ဆိုရမယ်။ ဗလာဒီမာကချစ်ခြင်းမေတ္တာကို ကစားချင်သူတစ်ယောက်လည်းဖြစ်တယ်။ အချိန်ကြာလာတာနဲ့အမျှ ဗလာဒီမာက ဇီနိုင်ဒါ၏ လှည့်စားမှုများနှင့် သူမ၏ အခြားလူကြီးချစ်သူတို့ကို သိရှိလာရပြီး နာကျင်စွာ ခံစားလာရတယ်။ အခြားလူကြီးဆိုတာ ဗလာဒီမာ၏ အရင်းနှီးဆုံးတစ်ယောက်ဖြစ်နေဟန်မြင်ရမယ်။တူရဂေးညက် ( Turgenev )ဟာ ၁၉ရာစု ရုရှားလူမှုအဖွဲ့အစည်း (ကျေးကျွန်စနစ်၊ လူတန်းစားကွာဟမှု) ကို ဝေဖန်ဖော်ပြရာမှာ ကျော်ကြားသ

စာရေးဆရာနတ်နွယ်ဆိုတာပါရီကျဆုံးခန်းဟာရူကီမူရာကာမိဆိုတာဆရာမောင်ထွန်းသူဆိုတာVictor Hugo ပေးတဲ့သင်ခန်းစာ𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚အဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာညကာရာမာဇော့ညီအစ်ကိုများ

Unlock to read this premium article with 100 points.