Author's Profile Photo

Reviews by Benevolent

25/07/2025

နိဂုံး၏အဓိပ္ပါယ်

2 mins read
Book Review
Novel
Fiction
နိဂုံး၏အဓိပ္ပါယ်'s photo

ကျွန်တော်တို့မှာ အတိတ်အမြင်များရှိတယ်၊ဒါပေမယ့် အမှန်တကယ်ဖြစ်ခဲ့တဲ့အတိုင်း ၁၀၀ ရာခိုင်နှုန်းပြည့်မဟုတ်ဘဲ ကိုယ်ပိုင်အမြင်နှင့်စိတ်ခံစားချက်များဖြင့် ပြန်လည်ပြင်ဆင်ထားတဲ့ အရာများလည်းရှိလိမ့်မယ်။လူသားဘဝဆိုတာ အဖြေမရှိတဲ့ မေးခွန်းများလည်းရှိတယ်၊ မပြေလည်နိုင်တဲ့ အဆုံးသတ်များနှင့်လည်း ပြည့်နှက်နေတယ်။"အမှန်တရားဆိုတာ ဘာလဲ" ဆိုတဲ့ မေးခွန်းကို မေးခွန်းထုတ်ကာ စာဖတ်သူအား ဘဝ၏အဓိပ္ပာယ်ကို ပြန်လည်သုံးသပ်မှုပြ စာအုပ်တစ်အုပ်အကြောင်း ပြောပြချင်ပါတယ်။မူရင်းစာရေးသူကဗြိတိသျှစာရေးဆရာကြီးဂျူလီယန် ဘန်းစ် (Julian Barnes)ဖြစ်တယ်။သူရေးသားထားတဲ့ "The Sense of an Ending" စာအုပ်က Man Booker Prize ဆုရဝတ္ထုတစ်ပုဒ်သာဖြစ်တယ်။၂၁ ရာစု၏ လူ့ဖြစ်တည်မှုဝတ္ထု လို့ မှတ်ချက်ပြုကြတယ်။ အသက်အရွယ်ကြီးရင့်လာခြင်း၊ အမှတ်တရများ၏ ယုံကြည်စိတ်ချရမှု၊ နောင်တနှင့် အချိန်၏ သဘောသဘာဝတို့ကို နက်နက်ရှိုင်းရှိုင်း စူးစမ်းထားတဲ့ စာအုပ်လို့ဆိုနိုင်တယ်။ဆရာကြီးတင်မောင်မြင့်က နိဂုံး၏အဓိပ္ပါယ်အဖြစ်ဘာသာပြန်ထားတယ်။အချိန်၊ အမှတ်တရနှင့် လူသားတို့၏အမြင်အာရုံကိုသာ အခြေခံထားတယ်။

စာအုပ်ထဲကသူငယ်ချင်းဇာတ်ကောင်တွေက အချစ်ဇာတ်လမ်းရှာဖွေပုံကလည်းမတူသလို ၊ဖတ်တဲ့စာအုပ်တွေကလည်း ကွဲလွဲနေတယ်။အဘိဓမ္မာဆန်တဲ့ဒဿနကြိုက်သူလည်းရှိတယ်၊ အဲလက်စ်ဆိုသူက ရပ်ဆယ် နဲ့ ဝစ်ဂျင်းတိန်း ကိုဖတ်တယ်၊ အာဒရီယံက ကမူး နဲ့ နီရှေး သာဖတ်တယ်၊ကောလင်းက ဒေါ်စတာယက်စကီးကိုသာ ခံတွင်းတွေ့တယ်။ ဇာတ်လိုက်ဖြစ်သူ တိုနီဝက်ဘ်စတာ က အိုဝဲလ် နဲ့ ဟတ်စလေ သာဖတ်ဖြစ်တယ်။မင်းမဲ့စရိုက်သဘောကျသူ၊ ပျော်ရွှင်မှုသာ ပဓာနဆိုသူ ၊ ဆိုရှယ်လစ်သဘောကျသူ စဖြင့် နယ်နိမိတ်မတူကြတဲ့ သူငယ်ချင်းတွေ တွေ့ဆုံကြတယ်။ဒီလိုနဲ့ ဘဝအထွေထွေဖြင့်တွေ့ကြုံချိန် ငြင်းကြခုံကြ တိုင်ပင်ဆွေးနွေးကြတဲ့ ပုံစံတွေပါ။

ဝတ္ထု၏ ဇာတ်လိုက်ဖြစ်သူ တိုနီဝက်ဘ်စတာက ငယ်ရွယ်စဉ်က အချစ်နှင့် မိတ်ဆွေများအကြား ဖြတ်သန်းခဲ့တဲ့ အဖြစ်အပျက်များကို အသက်အရွယ်ကြီးလာချိန် အမှတ်ရဖြစ်နေပုံကို ပြန်ပြောင်းရှင်းပြထားတယ်။တိုနီဝက်ဘ်စတာ၏ မှတ်ဉာဏ်က သူ၏ကိုယ်ပိုင်အပြစ်မဲ့မှုကို ထင်ဟပ်စေရန် လှည့်စားထားတယ်။
ငယ်သူငယ်ချင်းဖြစ်သူ အာဒရီယံ ဖင်း(ထက်မြက်တဲ့ လူငယ်) နှင့် သူတို့၏ ဆက်ဆံရေး၊ တိုနီဝက်ဘ်စတာ ၏ ပထမအချစ်ဖြစ်သူတို့နှင့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်များကို ပြန်လည်သုံးသပ်ရင်း ဘဝတွင် မှားယွင်းခဲ့ ၊ အလွဲမှားများစွာကိုအမှတ်ရကာ တဖြည်းဖြည်း ရှာဖွေတွေ့ရှိသွားတဲ့ပုံစံမျိုးတွေ့ရမယ်။

ဒီစာအုပ်ထဲက ဇာတ်ကောင်သူငယ်ချင်းတွေက မေးခွန်းထုတ်ကြ၊ ကျောင်းတော်က မှတ်သားထားသူကပြန်ဖြေ၊ ထပ်လေ့လာထားသူနဲ့ ပြန်သုံးသပ် အဲ့လိုဇာတ်ကြောင်းနဲ့ စာဖတ်သူကို စကားဝိုင်းထဲ ခေါ်ထားတယ်။တစ်ယောက်က "အတိတ်ဆိုတာ ပြန်လည်ပြင်ဆင်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်သာဖြစ်တယ်" လို့ ဖော်ပြလိုဟန

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 100 points.