Author's Profile Photo

Moe Kyoe

11/07/2025

လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ အာကာသတွင်းနက်ကြီး (Black hole) များ‌

2 mins read
General Knowledge
Science
Travel
လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ အာကာသတွင်းနက်ကြီး (Black hole) များ‌'s photo


တွင်းနက် (Black Hole) တွေဆိုတာကတော့ အာကာသထဲက စွမ်းအားကြီးမားပြီး လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ အရာတွေလို့ လူသားတွေအနေနဲ့သိထားကြပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့လည်း တွင်းနက်တွေနဲ့ ပက်သတ်လို့ ရှိတယ်ဆိုတာသာသိထားကြပြီး လက်ဆုပ်လက်ကိုင်ပြနိုင်ဖို့ကိုတော့ ဆက်လက်ကြိုးစားလေ့လာ နေကြဆဲပဲဖြစ်ပါတယ်။အခုတစ်ခေါက်မှာတော့ တွင်းနက်တွေနဲ့ပတ်သက်လို့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်အလက်တစ်ချို့ကို ဗဟုသုတအဖြစ် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

၁။ တွင်းနက် (Blackhole) တွေကို မမြင်တွေ့နိုင်ပါဘူး

တွင်းနက်တွေဟာအလွန်အမင်းဆွဲအားကြီးလွန်းတာကြောင့် အလင်းတောင်မှသူ့ရဲ့ ဆွဲအားကနေလွတ်မြောက်နိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် တွင်းနက် (Blackhole) တွေကိုသင့်အနေနဲ့မျက်စိနဲ့မြင်တွေ့နိုင်မှာမဟုတ်ပါဘူး။ သူ့ရဲ့အနီးအနားမှာရှိနေတဲ့ အာကာသရုပ်ဝတ္ထု (ကြယ်များ၊ ဂြိုဟ်များ စသဖြင့်) တွေရဲ့လှုပ်ရှားမှုအရသာ တွင်းနက်တွေတည်ရှိတာကို သိရှိနိုင်တာဖြစ်ပါတယ်။

၂။ တွင်းနက်တွေရှိကြောင်း ပထမဆုံးဖော်ထုတ်ခဲ့သူ

စင်္ကြဝဠာထဲမှာ ဆွဲငင်အားပြင်းထန်လွန်းတဲ့အရာတွေရှိကြောင်းကို (၁၈) ရာစုလောက်ကတည်းက ခန့်မှန်းပြောဆိုမှုတွေရှိခဲ့ပေမယ့် ခိုင်မာတဲ့ အချက်အလက်တွေတော့မပြနိုင်ခဲ့ကြပါဘူး။ ၁၉၁၆ ခုနှစ်မှာတော့ ဂျာမန်လူမျိုး ရူပဗေဒနဲ့နက္ခတဗေဒပညာရှင် Karl Schwarzschild ကခေတ်နဲ့လျော်ညီတဲ့ ရှင်းလင်းချက်တွေနဲ့ တွင်းနက်တွေရှိကြောင်း ချပြနိုင်ခဲ့တာဖြစ်ပါတယ်။

၃။ အလွှာ (၃) ခု

တွင်းနက်မှာ အလွှာ (၃) မျိုးရှိပါတယ်။ အဲ့ဒီအလွှာတွေကတော့ Singularity , Outer Event Horizon နဲ့ Inner Event Horizon တို့ဖြစ်ပါတယ်။Singularity ဆိုတာကတော့ တွင်းနက်ရဲ့အလယ်ဗဟိုဖြစ်ပြီး ဒြပ်ထုအားလုံးကို သုညထုထည်ဖြစ်အောင်ချုံ့လိုက်တဲ့နေရာဖြစ်ပါတယ်။ ဒါကြောင့်ဒီနေရာက အဆုံးစမရှိတဲ့သိပ်သည်းဆနဲ့ ပြင်းထန်လွန်းတဲ့ဆွဲအားတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။Outer Event Horizon ကတော့ တွင်းနက်ရဲ့အပြင်ဘက်မိုးကုတ်စက်ဝိုင်းဖြစ်ပါတယ်။ ဒီနေရာကတော့ အလယ်ဗဟိုလောက်ဆွဲအားမပြင်းထန်တာကြောင့် အရာဝတ္ထုတွေအနေနဲ့ ရုန်းထွက်နိုင်စွမ်းရှိနေသေးတဲ့နေရာလို့ သိရပါတယ်။Inner Event Horizon ကတော့ တွင်းနက်ရဲ့ အလယ်ကျတဲ့နေရာဖြစ်ပြီး Singularity နဲ့ Outer Event Horizon တို့ရဲ့ကြားမှာရှိပါတယ်။ ဒီနေရာမှာတော့ ဒြပ်ဝတ္ထုတွေအနေနဲ့ လွတ်မြောက်အောင်ရုန်းထွက်နိုင်စွမ်း မရှိတော့ဘဲ ဗဟိုချက်ဖြစ်တဲ့ Singularity

ဖိုမ ပညာပေး သင်ကြားရေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၆)Victor Hugo ဘဝအမောပြေမီးလောင်မြေအတ္တအမွေအနှစ်လား လံကြုပ်လား အပိုင်းသုံးအမွေအနှစ်လား လံကြုပ်လား အပိုင်းငါးအထက်တန်းစားနှင့်အောက်တန်းစားအတ္တမာန အမွေအနှစ်လား လံကြုပ်လား အပိုင်းလေး

Unlock to read this premium article with 10 points.