Author's Profile Photo

Kaung Hein Soe - Strategic

8/07/2025

ကိုယ့်ထက်အင်အားကြီးတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို ဘယ်လိုယှဉ်ပြိုင်မလဲ

5 mins read
Business
Career & Job Market
Self Improvement
ကိုယ့်ထက်အင်အားကြီးတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို ဘယ်လိုယှဉ်ပြိုင်မလဲ's photo

အားလုံးပဲ မင်္ဂလာပါ။
ကျွန်တော့်ကိုမေးကြတဲ့ မေးခွန်းလေးတစ်ခုရှိပါတယ်။ ဒါဘာလဲဆိုတော့ ကိုယ့်ထက် အဆမတန် အင်အား ကြီးမားတဲ့ပြိုင်ဘက်ကို ဘယ်လိုနည်းလမ်းတွေနဲ့ ယှဉ်ပြိုင်နိုင်မလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ဒီမေးခွန်းအတွက် အဖြေလေးကို ကျွန်တော် ဒီနေ့ တင်ဆက်ပေးချင်ပါတယ်။ ဆက်ပြီး ကြည့်ပေးပါဦးဗျ။

စီးပွားရေးလုပ်ငန်းလုပ်ကြတဲ့သူတွေက ကိုယ့်ထက်ကြီးမားတဲ့ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းကြီးတွေ ဒါကြီးတွေကို Product အတူတူ၊ Service အတူတူ ယှဉ်ပြိုင်မိတဲ့အခါမှာ ရှုံးနိမ့်သွားမယ်၊ မယှဉ်ပြိုင်နိုင်လောက်တော့ဘူးလို့ယူဆပြီးတော့ လက်လျှော့တတ်လေ့ရှိပါတယ်။ ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်တို့သည် Product, Service တွေ တူနေပေမဲ့ ကျွန်တော် တို့ထက် ပိုပြီးတော့ အင်အားကြီးမားတဲ့ ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်မယ့်နည်းလမ်းတွေ ရှိပါတယ်။

ပထမဦးဆုံးနည်းလမ်းတစ်ခုက ကုမ္ပဏီကြီးတွေ၊ အင်အားကြီးလုပ်ငန်းကြီးတွေသည် သူတို့မှာ အားနည်းချက်၊ လစ်ဟင်း ချက်တွေရှိပါတယ်။ ဒီအားနည်းချက်တွေကို ကျွန်တော်တို့က ရှာဖွေပြီးတော့ လုပ်ဆောင်ဖို့ လိုတယ်။
နံပါတ်တစ်အချက်က သူတို့သည် လူအများကြီးကို စီမံအုပ်ချုပ်နေရတယ်။ Organization Structure အကြီးကြီး ဖြစ်နေတယ်။အရောင်းဝန်ထမ်းတွေ အများကြီးရှိမယ်။ အဲဒီတော့ အရောင်းဝန်ထမ်းတွေအများကြီးကို Customer Service အကောင်းဆုံးဖြစ်အောင်၊ တစ်သမတ်တည်းဖြစ်အောင် လေ့ကျင့်ပေးထားနိုင်ဖို့ဆိုတာသည် ခက်ခဲပါတယ်။ ဒီလိုမျိုးပေါ့။

အဲဒီတော့ လုပ်ငန်းကြီးတွေမှာ လစ်ဟာနေတဲ့အားနည်းချက်ဆိုတာသည် အမြဲတမ်းရှိနေပါတယ်။ ဒီအားနည်းချက်ကို ရှာဖွေပြီးတော့ ကျွန်တော်တို့က ကောင်းအောင် ကိုယ့်လုပ်ငန်းမှာအသုံးချနိုင်မယ်ဆိုရင် လုပ်ငန်းကြီးတွေကို ယှဉ်ပြိုင်နိုင်မယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

ဒုတိယမြောက် နည်းလမ်းတစ်ခုကို ထပ်ပြောချင်ပါတယ်။ ဒါဘာလဲဆိုတော့ ကျွန်တော်တို့ထက် အင်အားအဆမတန် ကြီးမားတဲ့ ပြိုင်ဘက်တွေကို ကျွန်တော်တို့သည် ဘယ်လိုယှဉ်ပြိုင်မလဲ။ ကုမ္ပဏီကြီးတွေကြီးလာတဲ့အခါမှာ၊ ဝန်ထမ်း အင်အားတွေ များလာတဲ့အခါမှာ ကုန်ကျစရိတ်တွေများလာလေ့ရှိပါတယ်။ Over Head Cost လို့ခေါ်တဲ့ ဘုံကျခံရတဲ့ဌာနတိုင်း ဘုံကျခံရတဲ့ Expense တွေသည် များလာလေ့ရှိတယ်။

အဲဒီတော့ ကုမ္ပကြီးတွေအတွက် လုပ်ငန်းသေးစဉ်တုန်းက Profitကောင်းကောင်းရခဲ့တဲ့ အလုပ်တွေသည် လုပ်ငန်းကြီးတဲ့ အချိန်မှာ မကိုက်တော့ဘူးဆိုတဲ့အနေအထားမျိုး ကြုံရလေ့ရှိတယ်။ ဆိုလိုတဲ့ သဘောက လုပ်ငန်းကြီးတွေမှာ မကိုက် တော့လို့ လွှတ်ထားရတဲ့အခြေအနေလေးတွေရှိတယ်။ လွှတ်ထားရတဲ့ Product ကလေးတွေရှိတယ်၊ လွှတ်ထားရတဲ့ Service ကလေးတွေရှိပါတယ်။ အဲဒီတော့ ဒီ Service ကလေးတွေကိုရှာဖွေပြီးတော့ ကျွန်တော်တို့က လုပ်ဆောင်နိုင်မယ် ဆိုရင်လည်း လုပ်ငန်းကြီးတွေ ကိုယ့်ထက်အင်အားကြီးတဲ့ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဂျပန်ကားတွေက အမေရိကန်ကားလောကထဲကို ဝင်တော့မယ့် အချိန်မှာ ဘယ်လိုဝင်မလဲဆိုတော့ အမေရိကန်ကားတွေသည် အင်ဂျင်ပါဝါ ကြီးတယ်၊ အားကြီးတယ်၊ဓာတ်ဆီစားများတယ်။ အကောင်ကြီးကြီးတွေ ထုတ်လုပ်ထားတယ်။ ဒီလိုအနေအထားမျိုးပေါ့။

အဲဒီတော့ ဒီကုမ္ပဏီကြီးတွေက ဘာတွေကိုထုတ်လုပ်မထားဘူးလဲဆိုတော့ ကားသေးသေးလေးတွေ၊ အင်ဂျင်ပါဝါ နည်းတဲ့ကားလေးတွေ။ဒါ ကျွန်တော်တို့ ဘတ်ဂျက်ကားလေးတွေ ထုတ်လုပ်ထားတာမရှိဘူး။ကားဆိုတာသည် ကြီးရမယ်၊ မြန်ရမယ်၊ အင်ဂျင်ပါဝါ Horse Powerကောင်းရမယ်လို့ ယူဆ ထားပြီးတော့ လွှတ်ထားတာရှိသလို မကိုက်ဘူး၊ထုတ်လုပ်ရင် ရောင်းရမှာမဟုတ်ဘူးဆိုပြီးတော့ လွှတ်ထားတဲ့ Product အမျိုးအစားလည်းဖြစ်ပါတယ်။

အဲဒီတော့ ဂျပန်ကုမ္ပဏီတွေက အမေရိကန်စီးပွားရေးကျတဲ့အချိန်မှာ ကားကုမ္ပဏီကြီးတွေလွှတ်ထားတဲ့ကားလေးတွေကို ထုတ်လုပ် ရောင်းချပြီးတော့ ဆီစားသက်သာတဲ့ကားလေးတွေကို ဖြန့်ချိလိုက်တာ လုံးဝ အမေရိကန်ကားလောကမှာ ဂျပန်ကားတွေ ကြီးစိုးသွားတဲ့ဖြစ်မျိုးကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

အဲဒီတော့ ဆိုလိုချင်တဲ့သဘောက လုပ်ငန်းငယ်တုန်းက Profit Margin ကိုက်တယ်ဆိုတဲ့အလုပ်မျိုးတွေသည် လုပ်ငန်း ကြီးသွားတဲ့အချိန်မှာ မကိုက်တော့ဘူးဆိုတာမျိုးတွေ အများကြီးရှိပါတယ်။ ဒီလိုလုပ်ငန်းမျိုးတွေကို ကျွန်တော်တို့က ကိုယ့်လုပ်ငန်းအသေးအနေနဲ့ ရှာဖွေလုပ်ဆောင်နိုင်မယ်ဆိုရင် လုပ်ငန်းကြီးတွေကို ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

နောက်ထပ်နည်းလမ်းတစ်ခုကို ပြောချင်ပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုက ဒါဘာလဲဆိုတော့ လုပ်ငန်းအသေးဖြစ်တဲ့အတွက် ကိုယ့်ရဲ့လုပ်ငန်းမှာ ပိုင်ရှင်ကိုယ်တိုင်၊ သူဌေးကိုယ်တိုင်လုပ်ငန်းကို ကြီးကြပ်ပြီးတော့ ဆောင်ရွက်နေတဲ့ အချိန်မှာ Customer Relationship ကို ပိုပြီးတော့ ကောင်းကောင်းတည် ဆောက်နိုင်တယ်ဆိုတဲ့အနေအထားမျိုး ရှိတတ်ပါတယ်။

ဥပမာအနေနဲ့ဆိုရင် ကျွန်တော်က လုပ်ငန်းအကြီးကြီးတစ်ခုမှာ Consultant အနေနဲ့ စပြီးတော့ အကြံပေးဖြစ်တယ်။ ပြိုင်ဘက်လုပ်ငန်းတစ်ခုရှိတယ်။ အဲဒီပြိုင်ဘက်လုပ်ငန်းက အားသာချက်ကို ကျွန်တော်တို့ရှာဖွေတွေ့ရှိတဲ့အခါမှာ ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ပြိုင်ဘက်သည်ဆိုင်ကတစ်ဆိုင်ပဲရှိတယ်။ ဒါပေမဲ့ အဲဒီတစ်ဆိုင်မှာ သူက ပိုင်ရှင်သူဌေးကိုယ်တိုင်ထိုင်တယ်။ ပိုင်ရှင်သူဌေးကိုယ်တိုင် ထိုင်တဲ့အတွက် ဘယ် Product ကို ဘယ်လောက်လျှော့ပေးလိုက်မယ်ဆိုတာမျိုးကို ချက်ချင်း Decisionချပြီးတော့ Customer Relationship ကို တည်ဆောက်တာ ဖြစ်တယ်။

အဲဒီတော့ ကျွန်တော်တို့သည် ဆိုင်ပေါင်း လေးငါးခြောက်ဆိုင်ရှိတဲ့ကုမ္ပဏီအကြီးကြီးတစ်ခုဖြစ်ပေမဲ့ ကျွန်တော်တို့ကျတော့ စည်းမျဉ်းစည်းကမ်းတွေ Procedures တွေနဲ့သွားရတဲ့အချိန်မှာ ဈေးလျှော့ပေးတာ၊ဘယ် Product ကို ဘယ်လိုလျှော့ ပေးမယ်ဆိုတာမျိုးကို ပိုင်ရှင်ကိုယ်တိုင်က ဆုံးဖြတ်တာ မဟုတ်တဲ့အတွက် လုပ်ပေးနိုင်ခြင်းမရှိဘူး။ ဒါပေမဲ့ တစ်ဘက်ဆိုင်ကတော့ အဲဒီနည်းလမ်းကိုသုံးပြီးတော့ ပိုင်ရှင်ကိုယ်တိုင်ကဖော်ဖော်ရွေရွေဆက်ဆံတယ်၊ ပိုင်ရှင်ကိုယ်တိုင်က ထွက်ပြီးတော့ ရောင်းပေးတယ်၊ ပိုင်ရှင်ကိုယ်တိုင်က ရှင်းပြပေးတယ်။ နောက်တစ်ခါ ပိုင်ရှင်ကိုယ်တိုင်က Profit Margin တစ်ခုကို ကိုယ်တိုင် ချက်ချင်း Decision ချဆုံးဖြတ်ပြီးတော့ လျှော့ပေးတယ်။ ဒီလိုနည်းလမ်းနဲ့ သူက Customer Relationship ကို တည်ထောင်ပြီးတော့ လုပ်ငန်းအောင်မြင်နေတာကို တွေ့ခဲ့ရပါတယ်။

အဲဒီတော့ ဆိုလိုတာက သူတို့သဘောက ကျွန်တော်တို့သည်လုပ်ငန်းကြီးတွေမှာ မလုပ်နိုင်တဲ့ ပိုင်ရှင်ကိုယ်တိုင်က ဂရုစိုက်တယ်ဆိုတဲ့Customer Care မျိုးကို ပေးပြီးတော့လည်း လုပ်ငန်းကြီးတွေကို အနိုင်ယူနိုင်တဲ့နည်းလမ်းရှိပါတယ်။

နောက်ထပ်နည်းလမ်းတစ်ခု ပြောပေးချင်ပါတယ်။ဒါဘာလဲဆိုတော့ လုပ်ငန်းကြီးတွေသည် လူအများကြီးနဲ့ဖွဲ့စည်းထားတယ်။ ဝန်ထမ်းအင်အား အများအပြားရှိတယ်။ အဲဒီတော့ ဝန်ထမ်းအင်အားအများအပြားကိုထိန်းချုပ်ဖို့အတွက် Rule တွေ၊ Standard တွေ၊ Standard Operation Procedures တွေ ဒါတွေနဲ့ ကျွန်တော်တို့ ချည်နှောင်ထားရသလို အထူးသဖြင့် အဆင့်ဆင့်ထိန်းချုပ်ကွပ်ကဲရတဲ့ ပုံစံမျိုးကိုသုံးရလေ့ရှိတယ်။ ဥပမာ Staff Level ရှိမယ်။ အပေါ်မှာ Seniorရှိမယ်၊ လက်ထောက် မန်နေဂျာရှိမယ်၊ မန်နေဂျာရှိမယ်။ ဒါမျိုးပေါ့။

အဲဒီတော့ ကိစ္စရပ်တွေသည် ဘယ်လိုမျိုးလဲဆိုတော့ ကြာနေတတ်တယ်။ မလိုအပ်ဘဲနဲ့ လုပ်ငန်းကြီးတွေမှာ ရှိတတ်တယ်။ တချို့ Process တွေ အရမ်းကြာတတ်တာမျိုးရှိတယ်။ ဒါဘာလဲဆိုတော့ လုပ်ငန်းကြီးဖြစ်နေတဲ့အတွက် Rules, Regulation, Administration Standard တွေ ချထားရတဲ့အတွက် ဖြစ်ပါတယ်။

အဲဒီတော့ ကိုယ်ကလုပ်ငန်းငယ်လေးဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့စစ်ပွဲတွေ သဘောအရပြောရမယ်ဆိုရင် ပြောက်ကျားစစ်လိုပေါ့နော်။ လူနည်းနည်း ကျစ်ကျစ်လျစ်လျစ်နဲ့ လျင်လျင်မြန်မြန် ရွေ့လျားနိုင်မယ်၊
လျင်မြန်မှုကိုအသုံးချပြီးတော့ လုပ်ငန်းကြီးတွေကို အနိုင်ယူလို့ရတယ်။ဆိုလိုတဲ့သဘောက လုပ်ငန်းကြီးတွေမှာ ကြန့်ကြာနေတဲ့ Process တွေကို ကိုယ့်လုပ်ငန်းမှာ မြန်မြန် ကျွန်တော်တို့က ဆောင်ရွက်ပေးနိုင်မယ် ဆိုရင်လည်း အောင်မြင်မှုကို ရနိုင်လေ့ရှိတယ်။

ဥပမာဆိုပါစို့... ကျွန်တော်တို့ လုပ်ငန်းကြီးတစ်ခုမှာ စက်အရောင်းအဝယ်တစ်ခုလုပ်တယ်။ သိန်း ရာနဲ့ချီတဲ့စက်ပေါ့။ ဒီစက်ကြီးကို အရောင်းအဝယ်လုပ်ဖို့ စာချုပ်ပြင်တယ်။ COC တွေ Customer Confirmation Order တွေလုပ်တယ်။ ဒါတွေ အများကြီးလုပ်ပြီးတော့ Process ကြာတဲ့အချိန်မှာ တစ်နာရီ နှစ်နာရီနီးပါးလောက် Customerက စောင့်ရ လေ့ရှိတယ်။

ဒါကိုစပြီးတော့ ယှဉ်ပြိုင်ရတဲ့ လုပ်ငန်းလေးကကျတော့ Process ကို အတိုဆုံးဖြစ်အောင်လုပ်ပြီးတော့ လုပ်ငန်းကြီးကို ယှဉ်ပြိုင်သွားတယ်ဆိုတဲ့သာဓကတွေ ကျွန်တော်တို့ တွေ့ခဲ့ဖူးပါတယ်။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကျွန်တော်တို့သည် လုပ်ငန်းအသေးတွေမှာ လုပ်ငန်းအကြီးတွေလောက် Customer တွေ မများသေးဘူး။ Customer အရမ်းကို နည်းသေးတယ်။ ဒီလို Customer နည်းသေးတဲ့အတွက် Customer တစ်ဦးချင်းစီကို ကျွန်တော်တို့ကကောင်းကောင်း Care လုပ်လို့ရတယ်။ ဂရုစိုက်ပေးလို့ရတယ်။ နောက်တစ်ခါ ဒီ Customer တွေသည် အဓိက ဘာကိုကြိုက်သလဲဆိုတဲ့အသေးစိတ်အချက် အလက် Customer Behavior ကို ကျွန်တော်တို့ကအလွယ်တကူသိရှိ အောင်လုပ်လို့ရတယ်။ ဆိုလိုတာက Relationship ကောင်းကောင်းတစ်ခုကို တည်ထောင်လို့ရတယ်။ Customer Careတစ်ခု ကောင်းကောင်း လုပ်ပေးလို့ရတယ်။ ဒါသည် လုပ်ငန်းသေးတွေရဲ့အားသာချက်ဖြစ်တယ်။

အဲဒီတော့ ဒီအားသာချက်ရှိတဲ့အတွက် ကျွန်တော်တို့သည် ဘာဖြစ်လဲဆိုတော့ Customer တွေရဲ့ Behavior တွေ၊ အကြိုက်တွေပြောင်းလဲလာတာကို ကိုယ်က အရင်ဦးဆုံး သိတတ်လေ့ရှိတယ်။ သိနိုင်တဲ့ အချိန်မှာ ကျွန်တော်တို့ ဘာလုပ်လို့ရမလဲ။ ကျွန်တော်တို့ရဲ့ Productတွေ Service တွေကို အလွယ်တကူ Customer ရဲ့ အကြိုက်နဲ့ကျွန်တော်တို့ လိုက်လျောညီထွေဖြစ်အောင် အမြန်ဆုံး ပြောင်းလဲပြီးတော့လုပ်ငန်းကြီးတွေကို အနိုင်ယူလို့ရတယ်။

အဲဒီတော့ လုပ်ငန်းကြီးတွေက Customer တွေ အရမ်းများတယ်၊Customer ရဲ့အကြိုက်ကို ပိုပြီးတော့ ဒါ ကျွန်တော်တို့ ကောင်းကောင်းသိနိုင်အောင်လုပ်ဖို့ ပိုခဲယဉ်းလေးရှိတယ်။ ဟုတ်ပြီ၊ Customer အကြိုက်ကို သူတို့သိသွားပြီဆိုရင်တောင်မှ ဒီ Product အများကြီးကို Structure ကြီးနဲ့ ထုတ်လုပ်နေတာ ဖြစ်တဲ့အတွက် Product ကို လိုက်ပါ ပြောင်းလဲပြီးတော့ အလွယ်တကူ ပြောင်းလဲထုတ်လုပ်နိုင်ဖို့အတွက် ခဲယဉ်းတတ်လေ့ရှိတယ်။

အဲဒီတော့ ဒီအချက်အလက်လည်း ကျွန်တော်တို့က အင်အားကြီးပြိုင်ဘက်တွေကို အနိုင်ယူနိုင်လေ့ရှိတယ်။
အိုကေပါ... ဒီလောက် ဆိုရင်တော့ ကျွန်တော်တို့ လုပ်ငန်းအသေးတွေအနေနဲ့ ကျွန်တော်တို့နဲ့ လုပ်ငန်းတူ အင်အားတူ လုပ်ငန်းကြီးတွေကိုကျွန်တော်တို့ ဘယ်လိုနည်းလမ်းတွေနဲ့ ယှဉ်ပြိုင်ရမလဲဆိုတာကို နားလည်သဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။

ဒါကတော့ ကျွန်တော်က ဖြစ်နိုင်ချေအရှိဆုံး၊ ဈေးကွက်ထဲမှာ ကျွန်တော်တို့ လက်တွေ့ကျင့်သုံးနေတဲ့ ယှဉ်ပြိုင်တဲ့ နည်းလမ်းတွေကို ကျွန်တော်တို့က မျှဝေပေးခဲ့တာဖြစ်ပါတယ်။အားလုံးပဲ စီးပွားတိုးတက်အောင်မြင်ကြပါစေ။
ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော် ကောင်းဟိန်းစိုးပါ ။

Keep Reading

ကိုယ့်ထက်အင်အားကြီးတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို ဘယ်လိုယှဉ်ပြိုင်မလဲစီးပွားရေးလုပ်ငန်းတွေအတွက်မရှိမဖြစ် ရှိသင့်သော StrategyProduct တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုလူလတ်တန်းစားထောင်ချောက်ငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုး"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။ဘဝမှာ ချမ်းသာကြွယ်ဝမယ့်အခွင့်အလမ်းကို ပိတ်ဆို့နေတဲ့Limitation တွေ အကြောင်း အောင်မြင်ဖို့ အဓိက ဘာလိုသလဲ ချမ်းသာဖို့အတွက် ဘာလိုသလဲ3L for Success