Tapathi (တပသီ)
OSSD ဆိုတာကတော့ Ontario Secondary School Diploma ပဲ ဖြစ်ပါတယ်။ကနေဒါနိုင်ငံရဲ့ Grade 12 အဆင့်နဲ့ ညီမျှတဲ့ စာမေးပွဲတစ်ခုဖြစ်ပြီး အခြားနိုင်ငံတွေရဲ့ အသိအမှတ်ပြုခံလက်မှတ်တစ်ခု ဖြစ်ပါတယ်။
နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ကြားချင်တဲ့သူတွေနဲ့ Scholarship လျှောက်ချင်သူတွေအတွက် OSSD ကို မဖြစ်မနေ သိထားဖို့ လိုမယ်နော်။
မြန်မာပညာရေး စနစ်သစ် Grade 12 (သို့) စနစ်ဟောင်းဆယ်တန်းပြီးထားသူတွေ၊ GED ပြီးထားသူတွေ၊ မိမိတက်ရောက်မယ့် တက္ကသိုလ်က OSSD လိုအပ်တဲ့သူတွေ၊ IGCSE O level ပြီးထားပြီး A level မတက်ချင်သူတွေ တက်ရောက်သင့်ပါတယ်။
နိုင်ငံတကာရဲ့အသိအမှတ်ပြုခံထားရတဲ့ University Foundation Program တစ်ခုလည်း ဖြစ်ပါတယ်။
Scholarship လျှောက်မယ့်သူတွေနဲ့ နိုင်ငံခြားပညာရေးကို လေ့လာချင်သူတွေအတွက်လည်း tryကြည့်ဖို့ သင့်လျှော်ပါတယ်။
တက်ရောက်ရမယ့်အချိန်ကာလက ၉လ-၁၀လပဲ ဖြစ်တာကြောင့် အသက်အရွယ်အရ အချိန်သိပ်မပေးနိုင်တဲ့သူတွေနဲ့ တက္ကသိုလ်ဝင်ခွင့်အတွက် မြန်ဆန်ချင်သူတွေနဲ့ အချိန်ကာလအတိုအတွင်းမှာ Study board သွားချင်သူတွေအတွက် အဆင်ပြေစေပါတယ်။
OSSD ရဲ့ Formatက Assignments based 70% နဲ့ Final Exam 30% ဖြစ်ပါတယ်။
Assignments based 70% အတွက် Group works, Presentation, Project, Forum Discussion,Quizzes တို့ပါဝင်ပါမယ်။
ဒါကြောင့် မိမိက စာကြည့်ပဲ လုပ်ရတာစိတ်မပါဘူး။ စာမကျက်ချင်ဘူး။ Group တွေနဲ့ Team work တွေလုပ်တာ နှစ်သက်တယ် ဆိုရင်တော့ အသင့်
ေလျာ်ဆုံးပဲနော်။
Final Exam 30%အတွက်ကတော့ 15% final project+ 15% examination ပဲဖြစ်ပါတယ်။
OSSD သင်ယူဖို့ English Level B1-B2/IELTS 5.5- 6.0/ ရှိဖို့ လိုအပ်ပါမယ်။
ဘာသာရပ် ၆ခု ဒါမှမဟုတ် ၇ခု သင်ကြားရန်လိုအပ်ပြီး အသေးစိတ်သိရှိလလိုပါက https://www.ontario.ca/page/earning-your-high-school-diploma မှာ စုံစမ်းဖတ်ရှုနိုင်ပါတယ်ရှင်။
OSSD ကို UK, US, Canada, Australia, Japan, Singapore, Hong Kong နှင့် အနောက်ဥရောပနိုင်ငံမှာရှိတဲ့ နိုင်ငံတကာတက္ကသိုလ်တွေက လက်ခံကြပါတယ်။
အားသာချက်တစ်ခုအနေနဲ့ OSSD လက်မှတ်ရှိထားမယ်ဆိုရင် နိုင်ငံတကာ Public University တွေမှာ
Foundation တက်စရာမလိုတဲ့အပြင်
ပထမနှစ်ကစပြီး ကုန်ကျစရိတ်သက်သာစွာ တက်နိုင်မှာဖြစ်ပါတယ်။
ရွေးချယ်မှုမှန်ကန်စွာနဲ့ ဝါသနာနဲ့ရည်မှန်းချက်တို့ တစ်ထပ်တည်းကျနိုင်ကြပါစေရှင်။
Thanks for reading.
#Tapathi
Keep Reading