Author's Profile Photo

Kaung Hein Soe - Strategic

25/06/2025

ဘဝမှာ ချမ်းသာကြွယ်ဝမယ့်အခွင့်အလမ်းကို ပိတ်ဆို့နေတဲ့Limitation တွေ အကြောင်း

6 mins read
Business
Career & Job Market
Self Improvement
ဘဝမှာ ချမ်းသာကြွယ်ဝမယ့်အခွင့်အလမ်းကို ပိတ်ဆို့နေတဲ့Limitation တွေ အကြောင်း
's photo

အားလုံးပဲ မင်္ဂလာပါ။
ဒီနေ့မှာတော့ ကျွန်တော်ကငွေကြေးနဲ့ဆိုင်တဲ့ Personal Financeဆိုင်ရာ အကြောင်းအရာလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

ဒီနေ့ ကျွန်တော် ပြောချင်တဲ့ Personal Finance ဆိုင်ရာအကြောင်းအရာကတော့ ကျွန်တော်တို့ ဘဝမှာ ကျွန်တော်တို့ရဲ့ ချမ်းသာကြွယ်ဝမယ့် အခြေအနေတွေ၊ အခွင့်အလမ်းတွေကို ပိတ်ဆို့နေတဲ့ ကန့်သတ်ချက်ဆိုတဲ့ Limitations တွေ အကြောင်း ဖြစ်ပါတယ်။ Limitation ဆိုတာ ဘာလဲ။ Limitation ဆိုတာ ကျွန်တော်တို့ ဘဝတစ်လျှောက် ငယ်ရာကနေ ကြီးပြင်းလာတဲ့ တစ်လျှောက်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေက ကျွန်တော်တို့ရဲ့ ခေါင်းထဲကို ရိုက်သွင်းပေးလိုက်တဲ့ကန့်သတ်ချက်တွေ ဖြစ်ပါတယ်။ ဒီကန့်သတ်ချက်တွေက ကျွန်တော်တို့ကိုဘာလုပ်နိုင်မယ်၊ ဘာတော့ မလုပ်နိုင်ဘူး။ ဘာတော့ ဖြစ်လာစေတယ်၊ဘာတော့ဖြစ်မလာစေဘူးဆိုတာတွေကို သူတို့က ဆုံးဖြတ်ပေးပါတယ်။

အဲဒီတော့ တချို့လူတွေကိုမေးကြည့်လိုက်ပါ။ မင်းချမ်းသာမယ်ထင်လား၊ သူတို့ မချမ်းသာဘူးလို့ ဖြေလိမ့်မယ်။ တချို့က ချမ်းသာမယ်လို့စွဲစွဲမြဲမြဲ ယုံကြည်ကြတယ်။ အဲဒီတော့ ခင်ဗျားတို့သည် ဘာကိုပဲ ယုံကြည်ယုံကြည် ကိုယ်ယုံကြည်တဲ့ အရာသည် အမှန်တကယ် ဖြစ်လာလေ့ရှိတယ်ဆိုတာကို သဘောထားဖို့လိုပါတယ်။
အဲဒီတော့ Limitation ဆိုတာ ဘာလဲ။ တချို့အရာတွေမှာ ကန့်သတ်ချက်တွေ ကိုယ့်မှာ ရှိနေလို့ ရှိနေမှန်း သတိထားမိလေ့ မရှိကြဘူး။

ဥပမာ ပုံပြင်လေးတစ်ပုဒ် ရှိတယ်ပေါ့ဗျာ။ ဆင်လေးသေးသေးလေးတစ်ကောင်ရှိတယ်။ ဆင်ပေါက်စလေး သေးသေး လေးပေါ့။ အဲဒီတော့ဆင်လေးငယ်ရွယ်စဉ်ကာလတုန်းက သူ့ကို တိုင်လေးတစ်တိုင်မှာ သံကြိုးလေးသေးသေးလေးနဲ့ ချည်ထားလိုက်မယ်။ အဲဒီတော့ ဆင်လေးက သူ့ကိုချည်ထားတော့ ရုန်းတယ်ပေါ့ဗျာ။ တစ်ခါ ရုန်းတယ်၊ နှစ်ခါ ရုန်းတယ်။

သုံးခါ ရုန်းတယ်။ လေးငါး ဆယ်ကြိမ် ကြိုက်သလောက်ရုန်းတယ်။ ဒါပေမဲ့အသားတွေသာပွန်းလာမယ်။ သူ့ရဲ့ ရုန်းတဲ့ကြိုးနဲ့ ဒီတိုင်လေးထဲကနေသူသည် လွတ်မြောက်သွားခြင်းမရှိဘူးဆိုပါတော့။
ဟုတ်ပြီနော်။

အဲဒီတော့ ငယ်ရွယ်စဉ်ဘဝမှာ အဲဒီအတွေ့အကြုံကိုကြုံလိုက်တဲ့ဆင်လေးဟာ သူ့ရဲ့ခေါင်းထဲမှာ Limitation တစ်ခု စပြီးဖြစ်ပေါ်သွားတယ်။ဘာ Limitation လဲ။ ဒီငုတ်တိုင်လေးမှာ ဒီသံကြိုးလေးနဲ့ သူ့ကိုချည်လိုက်ရင် သူဘယ်လောက်ရုန်းရုန်း မလွတ်ဘူးဆိုတဲ့ ကန့်သတ်ချက်ဖြစ်ပါတယ်။

ကဲ... ဟုတ်ပြီ။ အချိန်တွေကြာသွားတယ်။ ဆင်လေးဟာ တဖြည်းဖြည်းချင်း ကြီးထွားသွားတယ်။ သူ့ရဲ့ ခွန်အားတွေ တိုးလာတယ်။ ဆင်ပြောင်ကြီးဖြစ်လာတယ်။ အစွယ်တွေနဲ့ အရမ်းသန်မာလာတယ်။ ဒါပေမဲ့ အဲဒီလောက်သန်မာလာတဲ့ ဆင်ကြီး အကြီးကြီးကို သူငယ်ငယ်ကချည်ခဲ့တဲ့ငုတ်တိုင်ကလေးမှာ အဲဒီသံကြိုးလေးနဲ့ပဲ ချည်ထားရင် ဆင်ဟာ လုံးဝငြိမ်ငြိမ်ကလေးပဲ ဘယ်မှမရွေ့ဘဲ ရပ်နေပါတယ်တဲ့။

ဘာကြောင့်လဲ။ ဆင်ရဲ့စိတ်ထဲမှာ ဒီတိုင်မှာ ဒီကြိုးသေးသေးလေးနဲ့ချည်ထားရင် မလွတ်တော့ဘူးဆိုတဲ့ ကန့်သတ်ချက်က စွဲဝင်သွားလို့ဖြစ်တယ်။

အဲဒီတော့ သူကြိုးစားကြည့်သေးလား။ မကြိုးစားကြည့်တော့ဘူး။တကယ်တမ်းကျတော့ သူ့ရဲ့ခွန်အားသည် အရမ်းများ လာပြီဖြစ်တဲ့အတွက်တစ်ချက်တည်း ဆောင့်ရုန်းလိုက်တာနဲ့ ဒီသံကြိုးနဲ့ တိုင်လေးထဲကနေလွတ်မြောက်သွားနိုင်တယ်။

ဒါပေမဲ့ သူကြိုးစားသေးလား။ မကြိုးစားတော့ဘူး။
ဒါကို ကျွန်တော်တို့က Limitation လို့ ခေါ်ပါတယ်။
ငွေကြေးဆိုင်ရာအယူအဆတွေမှာလည်း ခင်ဗျားတို့ရဲ့ခေါင်းထဲမှာLimit ဖြစ်နေတဲ့အနေအထားတွေ အများကြီးရှိတယ်။

ဥပမာ ထားပါတော့...။ ချမ်းသာတဲ့ လုပ်ငန်းရှင်တွေရဲ့ ကလေးတွေက ငွေဘယ်လို ရှာရမလဲ၊ ငွေကို ဘယ်လိုမြင်ရမလဲ၊ ငွေကို ဘယ်လိုယူဆရမလဲဆိုတာကို သူတို့က မှန်ကန်စွာ သိမြင်ထားကြတယ်။ ဒါပေမဲ့လူလတ်တန်းစားနဲ့ အခြေခံလူ တန်းစားတွေမှာတော့ အဲဒီငွေကြေးဆိုင်ရာအသိတွေဟာ မှားယွင်းနေလေ့ရှိတယ်။ တစ်နည်းအားဖြင့် Limitationဆိုတဲ့ ကန့်သတ်ချက်တွေ အရမ်းများများ ကြီးရှိတတ်ကြပါတယ်။

အဲဒီတော့ ကျွန်တော်တို့က ငွေကြေးအဆင်ပြေတဲ့ ဘဝတစ်ခုကိုရချင်တယ်၊ ချမ်းသာကြွယ်ဝချင် တယ်ဆိုရင် အရင်ဦးဆုံး ငွေကြေးနဲ့ဆိုင်တဲ့အယူအဆတွေကို ကျွန်တော်တို့ အရင်သိထားဖို့လိုတယ်။ မှားယွင်းနေတဲ့အယူအဆတွေကို ပြင်ထား ဖို့လိုတယ်။ ဒါကို ကျွန်တော်တို့က ဆိုလိုတာဖြစ်ပါတယ်။

အဲဒီတော့ ကျွန်တော့်ရဲ့ Personal Finance သင်တန်းမှာဆိုရင်လည်း အရင်ဦးဆုံး ကျွန်တော်တို့ ဘာကို စသင်ရသလဲ၊ မှားယွင်းတဲ့အယူအဆတွေ ဘာတွေရှိနေသလဲ။ Limitation တွေပေါ့။ ဒီ Limitationတွေကို ကျွန်တော်တို့က အရင်ပယ်ဖျက် နိုင်အောင်ကြိုးစားရတယ်။ ဆိုလိုတာက ကျွန်တော်တို့ ကြီးပြင်းလာတဲ့ဘဝတစ်လျှောက်လုံးမှာ ငွေကြေးနဲ့ဆိုင်တဲ့ အယူအဆ အမှားတွေ Limitation တွေ အများကြီးကို ကျွန်တော်တို့ ခေါင်းထဲကို ထည့်ထားခဲ့လေ့ရှိတယ်။

ဥပမာ ထားပါတော့ဗျာ...။ ငွေဆိုတာ ပေါပေါလောလော ရတာမဟုတ်ဘူး... ဒါမျိုးပေါ့နော်။ ငွေဆိုတာ မတရားမှုတွေလုပ်မှ များများရနိုင်မှာ၊ ဒီလိုအနေအထားပေါ့။ ဆိုလိုတာက မှားယွင်းတဲ့ အယူအဆများစွာကို ကျွန်တော်တို့ ကြားနေခဲ့ရလေ့ရှိ တယ်။ ဒါတွေကို ကျွန်တော်တို့က Limitation တွေလို့ ခေါ်ပါတယ်။ အဲဒီတော့ Limitationတွေကို မချိုးဖောက်နိုင်ရင် ကျွန်တော်တို့သည် ငွေကြေး အဆင်ပြေတဲ့ဘဝတစ်ခုကို ရနိုင်မှာမဟုတ်ဘူး။ဒါကို ဆိုလိုတာဖြစ်ပါတယ်။ဟုတ်ပြီ...။ ဒါဆို ကျွန်တော်တို့ ထပ်ပြီး စဉ်းစားကြည့်ရအောင်။
ပထမဦးဆုံး ကျွန်တော်မေးခဲ့တဲ့ မေးခွန်းရှိတယ်။

“ငွေရဖို့အတွက် အလုပ်လုပ်ဖို့ လိုတယ်ထင်လား၊ မလိုဘူးလား”ဒီမေးခွန်းလေး မေးခဲ့တာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ကျွန်တော်ကသင်တန်းသားပေါင်းများစွာကို သင်တန်းတိုင်းမှာ Personal Financeသင်တန်းတိုင်းမှာ ပထမဦးဆုံး မေးခဲ့လေ့ရှိတယ်။ ခင်ဗျားတို့ ငွေရဖို့အတွက်အလုပ်လုပ်ဖို့ လိုတယ်ထင်လား၊ မလိုဘူးထင်လား။ ကျွန်တော် အမြဲတမ်းမေးလိုက်တိုင်းမှာ ပထမဦးဆုံးအကြိမ် မေးလိုက်တဲ့မေးခွန်းတိုင်းသည်တူနေတဲ့အဖြေကိုပဲ အမြဲတမ်းရလေ့ရှိတယ်။ ဘာတွေ ဖြေကြသလဲ။

“ငွေရဖို့အတွက် အလုပ်လုပ်ဖို့ လိုကိုလိုတယ်၊ မဖြစ်မနေ အလုပ်လုပ်ရမယ်”ဆိုတဲ့ အဖြေပဲ ကျွန်တော် ရလေ့ရှိတယ်။ဒါဆို ကျွန်တော်တို့ ပြန်စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့အလုပ်တွေလုပ်နေတယ်။ ပိုက်ဆံတွေရနေတယ်။ ပိုက်ဆံရဖို့ ကျွန်တော်တို့ အလုပ်လုပ်ကြတယ်။ ဟုတ်ပြီ... ကျွန်တော်တို့အသက်သည် ဘယ်အရွယ်အထိ အလုပ်လုပ်နေနိုင်မလဲ။ ဒါကို ကျွန်တော်တို့ တစ်ချက်တွေးဖို့ရှိတယ်ပေါ့။

အဲဒီတော့ ကိုယ် ဘယ်အရွယ်ထိရော အလုပ်လုပ်ချင်သလဲ။ ဒါကိုကျွန်တော်တို့ ထပ်ပြီးတော့ စဉ်းစားဖို့လိုတယ်။ ဆိုလိုတာက ခင်ဗျားအသက်က ခြောက်ဆယ်အထိ အလုပ်လုပ်နိုင်မယ်။ အသက် ခြောက်ဆယ်ပြည့်တဲ့အချိန်မှာ ရောဂါ တစ်ခုခုကြောင့် အလုပ်မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့အသက်က ရှစ်ဆယ်အထိရှည်နေမယ်ဗျာ။ ဟုတ်ပြီနော်။ အလုပ်က ဘယ်အရွယ်ထိ လုပ်နိုင်မလဲ။ ခြောက်ဆယ်အထိ လုပ်နိုင်မယ်။ ခင်ဗျား အသက်က ရှစ်ဆယ်အထိရှည်နေမယ်ဆိုရင် ခြောက်ဆယ်နဲ့ရှစ်ဆယ် နှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ အလုပ်မလုပ်နိုင်တဲ့အတွက် ဘယ်လိုနည်းလမ်းနဲ့ ငွေရအောင်လုပ် မလဲ။ ဒါသည် စဉ်းစားစရာအချက်တစ်ခု ဖြစ်သွားပြီ။

အဲဒီတော့ ကိုယ်က အလုပ်လုပ်နိုင်တာသည် အသက်ခြောက်ဆယ်အထိ အလုပ်လုပ်နိုင်တယ်။ ကိုယ့်အသက်က ရှစ်ဆယ် အထိ ရှည်နေတယ်လေ။ တကယ်လို့ ကိုယ်က ငွေရအောင် အလုပ်မလုပ်ဘဲနဲ့ မလုပ်နိုင်ဘူးဆိုရင် အဲဒီနှစ်ပေါင်းနှစ်ဆယ်သည် ခင်ဗျားအတွက် လောကငရဲဖြစ်သွားမှာ အသေအချာပဲ။
ဒါ့ကြောင့် ကျွန်တော်တို့က ပြန်ပြီးတော့ သုံးသပ်ဖို့လိုတယ်။ဒါကို ကျွန်တော်ပြောချင်တာဖြစ်ပါတယ်။အဲဒီတော့ ခုနက ကျွန်တော်မေးခဲ့တဲ့ မေးခွန်းပေါ့ နော်။

“ငွေရဖို့အတွက် အလုပ်လုပ်ဖို့ လိုမယ်ထင်သလား”။
ကျွန်တော့်ရဲ့သင်တန်းသားတွေအားလုံးက ““လိုပါတယ်””လို့ ဖြေကြတယ်။ ကျွန်တော်က သူတို့ကို မေးခွန်းတစ်ခု ထပ် မေးတယ်။

“ခင်ဗျားတို့ရဲ့ လုပ်ငန်းရဲ့ ပိုင်ရှင်ရှိတယ်။ လုပ်ငန်းရှင်ရှိတယ်။ခင်ဗျားတို့ အလုပ်ဝင်လုပ်နေတယ်။ အဲဒီလုပ်ငန်းရှင်က မနက်ဖြန်ကစပြီးတော့ အလုပ်မလုပ်တော့ဘူးဗျာ။ မြန်မာတစ်ပြည်လုံးပတ်ပြီး ခရီးတွေထွက်နေမယ်။ အနားယူနေမယ်။ ဒါဆို သူငွေဝင်ဦးမယ်ထင်လား”လို့ကျွန်တော်က မေးလိုက်တယ်။
အဲဒီတော့ သူတို့ စဉ်းစားသွားတယ်။ စဉ်းစားပြီး ဘာဖြေလဲဆိုတော့“သူကတော့ ငွေဝင်နေဦးမယ်”တဲ့။ “အလုပ်မလုပ်ဘဲ”တဲ့။
အဲဒီတော့ ဘာကြောင့် သူကတော့ အလုပ်မလုပ်ဘဲ ငွေဝင်နေဦးမှာလဲ။ အဲဒီကျတော့မှ သူတို့ အတွေးဝင်သွားတာက သူ့မှာက စီးပွားရေးလုပ်ငန်းကြီးရှိတယ်။ သူ့မှာ အလုပ်လုပ်ပေးမယ့်သူတွေရှိတယ်။ သူကဘယ်လုပ်ငန်းတွေထဲမှာ ရှယ်ယာထည့်ထား တယ်။ ဒါမျိုးထွက်လာတယ်။

အဲဒီတော့ ကျွန်တော်တို့ရဲ့ ပထမဦးဆုံး ငွေကြေးဆိုင်ရာ အကြီးမားဆုံး လုံးဝ Block ဖြစ်နေတဲ့ Limitation သည် ငွေရဖို့ အတွက်အလုပ်လုပ်ရမယ်ဆိုတာချည်းပဲ။ ကျွန်တော့်ကိုလည်း ဒီလိုပဲ၊ ကျွန်တော့်မိဘတွေက ငယ်ငယ်လေးကတည်းက သွန်သင်ခဲ့တယ်။ ဘာတွေသွန်သင်ခဲ့သလဲ။ငွေရဖို့ အလုပ်လုပ်ရမယ်။မင်းအလုပ်လုပ်ရမယ်။အလုပ်ကောင်းကောင်း တစ်ခုလုပ်ရမယ်။ လက်ကြောတင်းရမယ်။ အလုပ်ရှိရမယ်။ ဒါမှခင်ဗျားဘာရမလဲ။ ငွေရမယ်။

အဲဒီတော့ ကျွန်တော်တို့က ပြန်မေးတာက ခင်ဗျားအလုပ်မလုပ်နိုင်ရင် ငွေမရတော့ဘူးပေါ့။ ဒါဆို အလုပ်မလုပ်နိုင်တဲ့ အသက်အရွယ်တွေရောက်ရင် ငွေဘယ်လိုရမလဲ။ ဟုတ်ပြီနော်။ကျွန်တော်တို့ ပထမဦးဆုံးပြင်ရမယ့် ငွေကြေးဆိုင်ရာ Limitation က အရမ်းရှင်းပါတယ်။ အလုပ်မလုပ်ဘဲလည်း ငွေရနိုင်တယ်။အလုပ်မလုပ်ဘဲလည်း ငွေရနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိတယ်ဆိုတာကို ခင်ဗျားတို့ အရင်ဦးဆုံး လက်ခံရမယ်။

အဲဒီတော့ ခင်ဗျားတို့က ငွေရဖို့အတွက် အလုပ်လုပ်မှဖြစ်မယ်လို့ယူဆနေရင် တစ်သက်လုံး ငွေရဖို့အလုပ်လုပ်နေရလိမ့်မယ်။ ဒါသည်အရမ်းရိုးရှင်းပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ အားထုတ်မှုမပါဘဲနဲ့ တစ်နည်းအားဖြင့် ကိုယ်အလုပ်လုပ်တာ အရမ်းနည်း နည်းလေးပဲ အားစိုက်ထုတ်ပြီးတော့ပဲ သို့မဟုတ် အလုပ်မလုပ်ဘဲနဲ့ ငွေရမယ့် ဝင်ငွေလမ်းကြောင်းမျိုးကိုကျွန်တော်တို့က Passive Income လို့ခေါ်တယ်။ Passive Incomeကို ကျွန်တော်တို့က နည်းလမ်းမျိုးစုံနဲ့ရအောင်လုပ်လို့ရတယ်။

ဥပမာ ရှင်းရှင်းလေးပဲ။ ကျွန်တော်တို့ ကားတစ်စီးဝယ်ထားမယ်။ဒီကားကိုငှားထားမယ်။ အုံနာကြေးရမယ်။ ကိုယ် မောင်း စရာမလိုဘူး။ပိုက်ဆံရမယ်။ တိုက်ခန်းဝယ်ထားမယ်။ တခြားလူကို ပြန်ငှားစားထားမယ်။ ဒါကို Rent Income လို့ ခေါ်တယ်။ ကျွန်တော်တို့ အလုပ်လုပ်စရာမလိုဘူး ပိုက်ဆံရမယ်။ စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ထားမယ်။ ဝန်ထမ်းတွေနဲ့ စနစ် တစ်ခုနဲ့ထိန်းထားမယ်။ ပိုက်ဆံရနေမယ်။ဒါသည် ကျွန်တော်တို့အတွက် Passive Income ပဲ။ နောက်တစ်ခါကျွန်တော်တို့ တခြား သူများလုပ်နေတဲ့လုပ်ငန်းထဲကို ရှယ်ယာထည့်ထားမယ်။ အမြတ်ရမယ်။ ခွဲဝေမှုရမယ်။ ဒါသည် ကျွန်တော်တို့ Passive Income ပဲ။ မြေကွက်တစ်ကွက်ဝယ်ထားလိုက်မယ်။ နောင်တစ်ချိန်ဈေးတက်တော့ ပြန်ရောင်းလိုက်မယ်။ ပိုက်ဆံတွေ အများကြီးရတယ်။ဒါလည်း Passive Income အမျိုးအစားတစ်ခုပဲ။ Intellectual Property ဆိုတာလည်း ရှိတယ်။။ ခင်ဗျားက သီချင်းတစ်ပုဒ်ရေးထားမယ်။ခင်ဗျားသီချင်းကို ပြန်ဆိုတဲ့သူ ရှိနေတိုင်း ပိုက်ဆံရနေမယ်။ ကျွန်တော်တို
စာအုပ်ထုတ်ထားတယ်။ စာအုပ်ကို ပုံနှိပ်တိုက်က ပြန်လည် ရိုက်နှိပ်တိုင်းမှာပိုက်ဆံရနေမယ်။ အမြဲတမ်း စာရေးနေစရာ မလိုဘူး။ ဒါသည် Passive Incomeပဲ။

အဲဒီတော့ ကျွန်တော်တို့ဘဝမှာ Limitation တွေရှိတယ်။ဒါတွေကို အရင်ပြင်ဖို့ ပြောချင်ပါတယ်။
အိုကေ... နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ချမ်းသာကြွယ်ဝချင်တယ်ဆိုရင် ကိုယ့်မှာရှိနေတဲ့ ငွေကြေး ဆိုင်ရာ Limitation တွေကို အရင်ဦးဆုံးပြင်ပါ။ အဲဒီတော့ ဘယ်လို ငွေကြေး အယူအဆက မှားနေတယ်၊ ဘယ်ငွေကြေး အယူအဆက မှန်တယ်ဆိုတာကိုခင်ဗျားသိချင်ရင် ဘယ်လိုလုပ်ရမလဲ။ လက်ရှိ ချမ်းသာနေတဲ့သူတွေနဲ့ပေါင်း။ သူတို့ရဲ့ အယူအဆတွေ ခေါင်းထဲဝင်အောင်လုပ်။ သို့မဟုတ် ငွေကြေးဆိုင်ရာ တကယ်လက်တွေ့အသုံးချနေတဲ့သူတွေရဲ့ သင်တန်း တွေကိုတက်၊ သို့မဟုတ် ငွေကြေးဆိုင်ရာ ရင်းနှီးမျှဝေထားတဲ့စာအုပ်တွေကိုဖတ်။ ဒါတွေ အရင်ဦးဆုံးလုပ်ဖို့ လိုပါတယ်။ မဟုတ်ဘဲနဲ့ ခင်ဗျားတို့ဘယ်လောက်ပဲ အလုပ်ကြိုးစားကြိုးစား၊ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လောက်ပဲလုပ်မယ်ပြောပြော ခင်ဗျားတို့ရဲ့ ငွေကြေးဆိုင်ရာ Limitation တွေရှိနေရင်အဲဒီ Limit အပေါ်ကိုကျော်မသွားဘဲနဲ့ အောက်ခြေမှာပဲ တဝဲလည်
လည်ဖြစ်နေမှာ ဖြစ်ပါတယ်။

အိုကေ... ဒါလေးကို ကျွန်တော်က မျှဝေပေးချင်တာပါ။ Limitation တွေကို ချိုးဖျက်ပါ။ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော် ကောင်းဟိန်းစိုးပါ ။

Keep Reading

ဘဝမှာ ချမ်းသာကြွယ်ဝမယ့်အခွင့်အလမ်းကို ပိတ်ဆို့နေတဲ့Limitation တွေ အကြောင်း ချမ်းသာဖို့အတွက် ဘာလိုသလဲငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုး"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။အောင်မြင်ဖို့ အဓိက ဘာလိုသလဲ ချွေတာမလား၊ ပိုရှာမလား3L for Successမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾