SarPhat Author
လူတော်တော်များများကလေ relationship တစ်ခုဖြစ်လာပီး ပြဿနာတွေဖြစ်လို့ပြတ်သွားတဲ့ခါ ငါ့ရဲ့ right person မဟုတ်သေးလို့ပါ တစ်နေ့ကျ ငါ့ right person ရောက်လာတဲ့ခါ ငါခုလိုခံစားရမှာမဟုတ်ပါဘူးလို့ တွေးနေတတ်ကြတယ်
ခုခေတ်ကြီးမှာဆို ဆယ်ကျော်သက်စုံတွဲလေးတွေလဲ များလာတော့ ဒီလိုအတွေးလေးတွေဖြစ်လာတာနဲ့ရေးလိုက်တာပါပဲ
တကယ်တော့ right person ဖြစ်ဖြစ် wrong person ဖြစ်ဖြစ် ဒါတွေကအရေးမကြီးဘူး
တကယ်တမ်းပြောရရင် မှန်ကန်တဲ့ mindset မရှိတဲ့ခါ အဲ့ဒီ relationship ကအမြဲတမ်း စိတ်သောကတွေရောက်နေမှာပဲ
မိန်းကလေး အများစုက ကိုယ့် partner ပေါ်ဆိုးချင်ကြတာ ချွဲချင်ကြတာ ပုံမှန်ပဲဆိုပေမဲ့လို့ တခါတလေကျ အဲ့ဒီဆိုးတာကနေ ပြတ်တဲ့ထိပြဿနာတွေဖြစ်ကြတဲ့အတွဲတွေမှ အများကြီးပဲ
ဥပမာ ဘာမဟုတ်တဲ့ မုန့်မ၀ယ်ကျွေးလို့စိတ်ကောက်ရင်း ရစ်တာ ဒီချိန်မှာဖုန်းပြောရမှာကို ဖုန်းမဆက်လို့စိတ်ဆိုးရာကနေ တခြားသူနဲ့တူတူရှိနေလား လို့သံသယတွေ၀င်ရင်း စိတ်မလုံခြုံမှုတွေ ကိုယ်တိုင်ဖန်တီးယူရင်း အဲ့အတွဲက ကြာလာတော့ တယောက်နဲ့တယောက် ချစ်ရာကနေ မယုံကြည်တာတွေများလာပီး ပြတ်ကြတယ်ပေါ့ ဒါက ပတ်၀န်းကျင်နဲ့ social media မှာဖြစ်ပျက်နေကြ ဇာတ်လမ်းလေးတွေပါပဲ
မြန်မာနိုင်ငံကအတွဲတွေအများစုက ရည်းစားဖြစ်ပီးမှ ဒိတ်လုပ်ကြတယ်
အဲ့တာတခုကတော့လေ ယဉ်ကျေးမှုလိုဖြစ်နေတာလားတော့မသိဘူး
ဒါမဲ့လေ အဲ့လိုမျိုးတွေအားမပေးဘူး
ဒိတ်ပီးမှတွဲတဲ့ခါ အဲ့ဒီလူရဲ့အကြောင်းကိုသေချာလေးသိထားတာပေါ့ သူအကျင့်တွေ ကိုယ်နဲ့ကိုက်ညီလား ကိုယ့်ပုံစံနဲ့သူပုံစံအဆင်ပြေလားတွေးပီးမှ ရည်းစားဖြစ်သင့်တယ်လေနော်
ကဲအဲ့တော့ relationship တခု တည်မြဲဖို့ဆို right person ကိုရှာမနေကြနဲ့တော့ ကိုယ်ပေါ် စိတ်လုံခြုံမှု အတော်သင့်ပေးနိုင်တယ် အနာဂတ်လေးလဲရှိတဲ့ဆိုတဲ့သူဆို ချစ်ကြည့်ပါနော်
ယုံကြည်မှုလေးကိုသေချာလေးတည်ဆောက်ယူပီး ပြဿနာတွေဖြစ်တဲ့ခါ သေချာလေးစကားပြောပိးဖြေရှင်းကြည့်လို့အကြံပေးပါတယ်နော်
Keep Reading