Tapathi (တပသီ)

ငှက်ကလေးတစ်ကောင်နဲ့အတူ ဘာသာစကားတွေလေ့လာရမယ်ဆိုရင် ဘယ်လိုလဲ။
ဒါတွေပဲ မဟုတ်သေးပါဘူး။ ဒီငှက်ကလေးက စာလေ့လာရာမှာလည်း ကူညီပေးပါလိမ့်မယ်နော်။
အပြောင်းအလဲမြန်တဲ့ ခေတ်ကြီးထဲမှာ အမှီလိုက်နိုင်ဖို့အတွက် အင်္ဂလိပ်စာကို လူတိုင်းလိုလို လေ့လာနေကြတာ မဆန်းပါဘူး။
အခုအချိန်မှာေတာ့ အင်္ဂလိပ်စာအပြင် အခြားဘာသာစကားတွေကိုလည်း အပြိုင်အဆိုင် လေ့လာနေကြပါပြီ။
စာဖတ်သူက ဘာမှမလေ့လာရသေးဘဲ အချိန်တွေ ကုန်ဆံုးနေပြီဆိုရင်တော့ ခေတ်နောက်ကျကျန်ခဲ့မယ်ဆို သတိထားသင့်ပါတယ်။
ဘာသာစကားတွေ လေ့လာခြင်းက မှတ်ဉာဏ်ကိုတိုးပွားစေသလို အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပညာရေးမှာလည်း တကယ်ကို အထောက်အကူပြုပါတယ်။
စာအုပ်စာပေဖတ်ရှုသူဟာ စာမဖတ်သူထက် ဦးခေါင်းတစ်လုံးပိုသာသလို ဘာသာစကားတစ်ခုကို ကျွမ်းကျင်သူနဲ့ မလေ့လာထားသူတို့ကလည်း အရည်အချင်းတွေ ကွဲပြားသွားနိုင်ပါတယ်။
လေ့လာတာတော့ ဟုတ်ပါပြီ။ နေ့စဉ်နေ့တိုင်း သင်တန်းတွေ၊ သင်ခန်းစာဗွီဒီယိုတွေ၊ စာအုပ်တွေ စတာတွေနဲ့ပဲ စာသင်ကြားနေတုန်းလား။
စာတွေလုပ်နေရတာကို မငြီးငွေ့အောင် ဒီငှက်လေး ရှိနေပါပြီနော်။
ဒါဆိုရင် ငှက်လေးက ဘယ်လိုတွေ ကူညီပေးမလဲ။
နေ့စဉ် စာလုပ်ဖို့ မမေ့အောင် သတိပေးတယ်။
စာမလေ့လာတဲ့ရက်တွေ ကြာလာရင်လည်း လှုံ့ဆော်ပေးတယ်။
လေ့လာနေချိန်မှာလည်း လေ့လာသူလေးနဲ့အတူ ရှိနေမှာနော်။
ချစ်ဖို့ကောင်းတဲ့ အမူလေးတွေ အမျိုးမျိုးလုပ်ပြပြီးတော့ သူနဲ့အတူ စာလေ့လာမယ်ဆိုရင် ပျော်ရွှင်ခုံပေါက်တဲ့ ငှက်အစိမ်းရောင်လေးတစ်ကောင်ကို ရရှိပါမယ်။
မအားလို့ဖြစ်စေ မလေ့လာဖြစ်ဘူးဆိုရင်တော့ သူလေးက ဒေါသထွက်ပြတာတို့ စိတ်ကောက်တာတို့ ဒီလိုအမူအရာလေးတွေလည်း ပြတတ်ပါသေးတယ်နော်။
ဒါကြောင့် စာလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် အထူးသတိပေးနေစရာမလိုဘဲ သူလေးရှိနေရုံနဲ့ ရပြီနော်။
ဒါဆိုရင် ဒီငှက်လေးက ဘယ်မှာလဲ။
ဒီငှက်လေးက စာဖတ်သူရဲ့ ဖုန်းထဲမှာပါနော်။
(https://play.google.com/store/apps/details?id=com.duolingo )စိတ်ဝင်စားတယ်ဆိုရင်တော့ link လေးကနေ တစ်ဆင့် ငှက်လေးကို ရယူပြီး အတူတူစာလေ့လာလိုက်တော့နော်။
အချိန်နည်းနည်းပေးပြီး လေ့လာရင် လေ့လာသလောက် ပညာတွေ ရရှိနိုင်တဲ့ AI ခေတ်ကြီးမှာ ဘာလို့ အချိန်တွေ ဆွဲနေမှာလဲ စာဖတ်သူလေးတို့ရေ။
ဘာသာစကားတစ်ခုကို အခုမှ စလေ့လာမယ့်သူတွေအတွက် အဆင်ပြေသလို လေ့လာနေဆဲသူတွေအတွက်လည်း စာကြေညက်ဖို့ အထောက်အကူပြုပါလိမ့်မယ်။
ဘာတွေလေ့လာလို့ ရနိုင်လဲ။
Duolingo မှာ မတူညီတဲ့ ဘာသာစကားပေါင်း 40ကျော်ကို အခမဲ့ သင်ကြားနိုင်မှာ ဖြစ်ပါတယ်။
အဓိက ဘာသာစကားတွေကတော့
- အင်္ဂလိပ် (English)
- စပိန် (Spanish)
- ပြင်သစ် (French)
- ဂျာမန် (German)
- ဂျပန် (Japanese)
- ကိုရီးယား (Korean)
- တရုတ် (Chinese)
- ရုရှား (Russian)
Duolingo နဲ့ စာလေ့လာရတာ ဘာလို့ ပျော်စရာကောင်းတာလဲ။
စာအုပ်တွေထဲကလို စာတွေ အပြည့်နဲ့ လေ့လာနေရတာမျိုးမဟုတ်ဘဲ Unit တစ်ခုချင်းစီကို ဂိမ်းလေးဆော့နေရသလို တစ်ဆင့်ပြီး တစ်ဆင့် ဆွဲခေါ်ပေးသွားတာကြောင့် စာလုပ်ရတာ ပျင်းစရာမကောင်းတော့ဘူးနော်။
နေ့စဉ်နေ့တိုင်း အချိန် ၁၅မိနစ်လောက် ပေးရုံနဲ့ မိမိလေ့လာနေတဲ့ ဘာသာစကားရဲ့ စွမ်းရည်တွေကို တစ်ဆင့်ပြီးတစ်ဆင့် တိုင်းမြှင့်ပေးတာဖြစ်လို့ ဖိအားလည်း မရှိစေဘူးနော်။
အသံထွက်နဲ့ စာလုံးပေါင်းသတ်ပုံကအစ ဂရုတစိုက်နဲ့ လေ့ကျင့်သင်ကြားပေးတာကြောင့် စာလုံးပေါင်းမှားတာတို့ အသံထွက်မှားတာတို့ကိုလည်း ရှောင်ရှားနိုင်ပါမယ်။
စာတွေကို မမှတ်မိတာမျိုးမဖြစ်ရအောင် ပြန်နွေးပေးတာမျိုးလည်းရှိတော့ ချစ်စရာကောင်းတဲ့ငှက်ကလေးက ဘာတွေများ လိုအပ်သေးလဲနော်။
ငှက်လေးကို ပျော်အောင်ထားနိုင်ဖို့အတွက် စာလုပ်ဖို့လည်း မမေ့တော့ပါဘူး။
ဒါကြောင့် ငှက်လေးနဲ့အတူ ပျော်ရွှင်စရာအချိန်တွေကို ဖန်တီးရင်း စာတွေလည်းရအောင် အခုပဲ လေ့လာလိုက်တော့နော်။
#tapathi
Keep Reading